သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းမီဒီယာေတြအေပၚ ဖိႏွိပ္မႈ ကုလထပ္မံသတိေပး


ရဲေတြလိုက္လံဖမ္းဆီးမႈေၾကာင့္ ျမန္မာသတင္းေထာက္နဲ႔ ဆႏၵျပသူတခ်ဳိ႕ ထြက္ေျပးေနတဲ့ျမင္ကြင္း ( ပုံေဟာင္း - February 27, 2021. REUTERS/Stringer )

(Zawgyi/Unicode)


ျမန္မာႏိုင္ငံမွာ အက်ဥ္းက်ေနတဲ့ သတင္းေထာက္ေတြ အပါအဝင္ တရားမဲ့ဖမ္းဆီးထားသူ အားလံုးကို ျပန္ၿပီးလႊတ္ေပးဖို႔ ျမန္မာစစ္တပ္ကို ကုလသမဂၢက ေသာၾကာေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

အက်ဥ္းက်ခံေနရတဲ့ သတင္းေထာက္ေတြ အပါအဝင္ တရားမဲ့အဖမ္းခံေနရသူ အားလံုးကို ျပန္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံတြင္းမွာ ရွိတဲ့ ဌာေန ကုလသမဂၢအဖြဲ႔က ျမန္မာစစ္တပ္ကို တိုက္တြန္းလိုက္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က ကုလသမဂၢရံုးခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားလိုက္တာပါ။

အခုခ်ိန္အထိဆိုရင္ သတင္းမီဒီယာလုပ္ငန္း ဆက္လက္လုပ္ကိုင္ခြင့္အတြက္ ျမန္မာစစ္တပ္က လိုင္စင္ ႐ုတ္သိမ္းထားတဲ့ မီဒီယာက ၈ ခုရွိေနၿပီျဖစ္ၿပီး ဖမ္းဆီးထိမ္းသိမ္းထားတဲ့ သတင္းေထာက္ကလည္း အနည္းဆံုး ၈၄ ေယာက္ ရွိေနၿပီလို႔လည္း ေျပာပါတယ္။ အဲဒီထဲမွာ အခုထိ အဖမ္းခံေနရဆဲ သတင္းေထာက္က ၄၈ ေယာက္ထက္ မနည္း ရွိေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီသီတင္းပတ္အေစာပိုင္းမွာပဲ သတင္းေထာက္ တဦးကို အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့တယ္ ဆိုၿပီး ေထာင္ဒဏ္ ျပစ္ဒဏ္ ၃ ႏွစ္ စီရင္ခ်က္ ခ်မွတ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဌာေနကုလသမဂၢအဖြဲ႔ေတြကေတာ့ ျမန္မာႏိုင္ငံမွာ ရွိတဲ့လူမႈအဖြဲ႔အစည္းအားလံုးအေနနဲ႔ လူသားေတြရဲ႕ အေျခခံ ရပိုင္ခြင့္ေတြျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္နဲ႔ သတင္းမီဒီယာ လြတ္လပ္ခြင့္ရွိေစရမွာ ျဖစ္ၿပီး ဒါကို အကာကြယ္ေပးရမွာ ျဖစ္ေၾကာင္း ေထာက္ျပေနၾကတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတာ ရက္ေပါင္း တရာေက်ာ္လာၿပီျဖစ္ၿပီး အခုခ်ိန္အထိ ျမန္မာစစ္တပ္ရဲ႕ ကန္႔သတ္ ထိမ္းခ်ဳပ္မႈေတြနဲ႔ သတင္းမီဒီယာေတြ အေပၚကိုင္တြယ္ပံုေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢဌာေနအဖြဲ႔က အထူးစိုးရိမ္ေနရဆဲျဖစ္ေၾကာင္း လည္း ေျပာၾကားခဲ့ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာသတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှု ကုလထပ်မံသတိပေး

(Unicode)
မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သတင်းထောက်တွေ အပါအဝင် တရားမဲ့ဖမ်းဆီးထားသူ အားလုံးကို ပြန်ပြီးလွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အကျဉ်းကျခံနေရတဲ့ သတင်းထောက်တွေ အပါအဝင် တရားမဲ့အဖမ်းခံနေရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဌာနေ ကုလသမဂ္ဂအဖွဲ့က မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

အခုချိန်အထိဆိုရင် သတင်းမီဒီယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်အတွက် မြန်မာစစ်တပ်က လိုင်စင် ရုတ်သိမ်းထားတဲ့ မီဒီယာက ၈ ခုရှိနေပြီဖြစ်ပြီး ဖမ်းဆီးထိမ်းသိမ်းထားတဲ့ သတင်းထောက်ကလည်း အနည်းဆုံး ၈၄ ယောက် ရှိနေပြီလို့လည်း ပြောပါတယ်။ အဲဒီထဲမှာ အခုထိ အဖမ်းခံနေရဆဲ သတင်းထောက်က ၄၈ ယောက်ထက် မနည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီသီတင်းပတ်အစောပိုင်းမှာပဲ သတင်းထောက် တဦးကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ် ဆိုပြီး ထောင်ဒဏ် ပြစ်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဌာနေကုလသမဂ္ဂအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့လူမှုအဖွဲ့အစည်းအားလုံးအနေနဲ့ လူသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိစေရမှာ ဖြစ်ပြီး ဒါကို အကာကွယ်ပေးရမှာ ဖြစ်ကြောင်း ထောက်ပြနေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း တရာကျော်လာပြီဖြစ်ပြီး အခုချိန်အထိ မြန်မာစစ်တပ်ရဲ့ ကန့်သတ် ထိမ်းချုပ်မှုတွေနဲ့ သတင်းမီဒီယာတွေ အပေါ်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဌာနေအဖွဲ့က အထူးစိုးရိမ်နေရဆဲဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG