သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ျမန္မာႏိုင္ငံအေျခေန ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ အထူးစိုးရိမ္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres

[ ZAWGYI ]

ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guetterus က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ေဖေဖၚဝါရီလ ၁၄ ရက္ တနဂၤေႏြေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာႏိုင္ငံၿမိဳ႕ႀကီးေတြမွာ အင္အားသံုးမႈမ်ားျပားလာျခင္းနဲ႔ သံခ်ပ္ကာကားေတြ ေနာက္ထပ္ ခ်ထားတဲ့ ကိစၥေတြ အပါအဝင္ ျမန္မာႏုိင္ငံ အေျခေနနဲ႔ပတ္သက္ၿပီး မ်ားစြာစိုးရိမ္မကင္း ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က ေျပာၾကားလုိက္ပါတယ္။

ၿငိမ္းခ်မ္းစြာစုေဝးခြင့္ကို အျပည့္အဝေလးစားဖို႔နဲ႔ ဆႏၵျပသူေတြ ကို လက္တုန္႔ျပန္ မႏွိမ္နင္းဖို႔ ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔တို႔ကို ေတာင္းဆိုလိုက္တာပါ။ လံုၿခံဳေရး တပ္ဖြဲ႔ဝင္မ်ားရဲ့ အၾကမ္းဖက္မႈ၊ ၿခိမ္းေျခာက္မႈ၊ ေႏွာက္ယွက္မႈ ေတြဟာ လက္ခံႏိုင္ဖြယ္ မရွိဘူးလို႔လည္း ဆိုပါတယ္။

ႏိုင္ငံေရး ေခါင္းေဆာင္ေတြ၊ အစိုးရ အရာရွိေတြ၊ အရပ္ဖက္ တက္ၾကြ လႈပ္ရွားသူေတြနဲ႔ မီဒီယာ သမား ေတြကို ဆက္လက္ ဖမ္းဆီးေနတာ ၊ အင္တာနက္ ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြကို တားျမစ္ ဟန္႔တားေနတာေတြဟာ အထူးစိုးရိမ္ဖြယ္ ျဖစ္ေၾကာင္း၊ သတင္းအခ်က္လက္ ရပိုင္ခြင့္အပါအဝင္ လြတ္လပ္စြာ ဆႏၵသေဘာထား ထုတ္ေဖၚခြင့္ကို ေႏွာက္ယွက္ ဖ်က္ဆီးမႈေတြ မလုပ္ဖို႔လည္း ေျပာပါတယ္။

ျမန္မာျပည္သူတို႔ရဲ့ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို ကာကြယ္ဖို႔ အတြက္ (ကုလသမဂၢ) အဖြဲ႔ဝင္ႏိုင္ငံေတြ အေနနဲ႔ တစုတေပါင္းတည္း ေသာ္လည္းေကာင္း ၊ ျမန္မာႏိုင္ငံနဲ႔ ၂ ႏိုင္ငံ သီးသန္႔ ဆက္သြယ္လို႔ ေသာ္လည္းေကာင္း ဖိအားေပး ေဆာင္ရြက္ၾကဖို႔လည္း ထပ္မံတိုက္တြန္းလိုက္ပါတယ္။

ျမန္မာျပည္သူတုိ႔ရဲ့ ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္ေရး၊ တရားဥပေဒစိုးမိုးေရး ရရွိဖို႔ ႀကိဳးပမ္းမႈကို ကုလသမဂၢအေနနဲ႔ မယိမ္းမယိုင္ ေထာက္ခံသြားမယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္က ထပ္မံ ကတိျပဳပါတယ္။

အထူးကိုယ္စားလွယ္ မစၥ Christine Schraner Burgener ကို ျမန္မာႏုိင္ငံကို သြားေရာက္ခြင့္ျပဳၿပီး အေျခေနကို ကိုယ္တိုင္ အကဲျဖတ္ ေလ့လာခြင့္ အျမန္ဆံုး ေပးဖုိ႔လည္း ျမန္မာစစ္အာဏာပိုင္ေတြကို ေတာင္းဆိုလိုက္ပါတယ္။

= = = = = = =

[ UNICODE ]
မြန်မာနိုင်ငံအခြေနေ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အထူးစိုးရိမ်

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guetterus က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၄ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမြို့ကြီးတွေမှာ အင်အားသုံးမှုများပြားလာခြင်းနဲ့ သံချပ်ကာကားတွေ နောက်ထပ် ချထားတဲ့ ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ အခြေနေနဲ့ပတ်သက်ပြီး များစွာစိုးရိမ်မကင်း ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်ကို အပြည့်အဝလေးစားဖို့နဲ့ ဆန္ဒပြသူတွေ ကို လက်တုန့်ပြန် မနှိမ်နင်းဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တောင်းဆိုလိုက်တာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု တွေဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေ၊ အရပ်ဖက် တက်ကြွ လှုပ်ရှားသူတွေနဲ့ မီဒီယာ သမား တွေကို ဆက်လက် ဖမ်းဆီးနေတာ ၊ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို တားမြစ် ဟန့်တားနေတာတွေဟာ အထူးစိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ သတင်းအချက်လက် ရပိုင်ခွင့်အပါအဝင် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို နှောက်ယှက် ဖျက်ဆီးမှုတွေ မလုပ်ဖို့လည်း ပြောပါတယ်။

မြန်မာပြည်သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ အတွက် (ကုလသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ တစုတပေါင်းတည်း သော်လည်းကောင်း ၊ မြန်မာနိုင်ငံနဲ့ ၂ နိုင်ငံ သီးသန့် ဆက်သွယ်လို့ သော်လည်းကောင်း ဖိအားပေး ဆောင်ရွက်ကြဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေး၊ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ကြိုးပမ်းမှုကို ကုလသမဂ္ဂအနေနဲ့ မယိမ်းမယိုင် ထောက်ခံသွားမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံ ကတိပြုပါတယ်။

အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ကို မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုပြီး အခြေနေကို ကိုယ်တိုင် အကဲဖြတ် လေ့လာခွင့် အမြန်ဆုံး ပေးဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG