သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အစိုးရသစ္လက္ထက္ သတင္းလြတ္လပ္ခြင့္ပိုရဖို႔ မီဒီယာအသိုင္းအဝိုင္း ေမွ်ာ္လင့္


မွတ္တမ္းဓါတ္ပံု ၂၀၁၇ ဇန္န၀ါရီက ၆၆ (ဃ) ျပင္ဆင္ေရးအတြက္ ဆႏၵျပေနသူ တဦး

(Zawgyi/Unicode)

ေ႐ြးေကာက္ပြဲမွာ ေနာက္တႀကိမ္ အႏိုင္ရခဲ့တဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္မယ့္ အစိုးရသစ္ လက္ထက္မွာ သတင္းမီဒီယာ လြတ္လပ္ခြင့္ေတြ အရင္ထက္ပိုတိုးတက္လာဖို႔ မီဒီယာအသိုင္းအဝန္းက ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေမခက တင္ျပထားပါတယ္။

NLD ပါတီဦးေဆာင္တဲ့ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းအတြင္း သတင္းမီဒီယာ လြတ္လပ္ခြင့္ေတြနဲ႔ ဖြံ႕ၿဖိဳးမႈေတြအေပၚ အားမလိုအားမရ ျဖစ္ခဲ့ၾကတဲ့ မီဒီယာသမားေတြၾကားမွာ လာမယ့္အစိုးရလက္ထက္မွာ အေျပာင္းအလဲေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ၅ ႏွစ္တာ အစိုးရသက္တမ္းအတြင္း NLD အရပ္သား အစိုးရအေနနဲ႔ ေမွ်ာ္လင့္ထားသေလာက္ တိုးတက္ေအာင္ လုပ္ခဲ့တာ မေတြ႕ရဘူးလို႔လည္း ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ဦးျမင့္ေက်ာ္က သုံးသပ္ပါတယ္။

"Right to Information လို သတင္းအခ်က္အလက္ သိပိုင္ခြင့္ ဥပေဒၾကမ္းလိုမ်ိဳးကို ဒီ၅ႏွစ္တြင္း အေကာင္အထည္ေပၚမလာဘူးေပါ့။ အခုအခ်ိန္အထိ လႊတ္ေတာ္မွာ ေဆြးေႏြးတဲ့ အဆင့္မေရာက္ခဲ့ဘူး ။ ဥပေဒၾကမ္းထဲမွာပဲ ဟိုေကာ္မတီဒီေကာ္မတီမွာတင္လည္ေန ခဲ့တယ္။ က်ေနာ္တို႔ေတြ႕ရတာအဲတခုထဲမဟုတ္ဘူး ။ က်ေနာ္တို႔ သတင္းမီဒီယာဥပေဒေတြျပင္ဆင္ဖို႔ၾကန႔္ၾကာတယ္။ ေနာက္ ၆၆ (ဃ) ဆိုလည္း အမ်ားလိုလားခ်က္ေတြအပိုင္းကို မျပင္ႏိုင္ခဲ့ဘူး။ အဲဒါေတြက တကယ္ျပဳျပင္ေျပာင္းလဲရမယ့္မူေဘာင္ေတြလို႔ ထင္တယ္။”

ကိုဗစ္ကပ္ေဘးလို အမ်ားျပည္သူအတြက္ အေရးႀကီးတဲ့ အေျခအေနမ်ိဳးမွာ သတင္းထုတ္ျပန္မႈေတြမွာ အားနည္းခဲ့တာေတြကိုလည္း မီဒီယာသမားေတြၾကား အားမလိုအားမရ ျဖစ္ၾကတာေတြလည္း ရွိပါတယ္။ သတင္းမီဒီယာလြတ္လပ္ခြင့္ ေလ့လာေစာင့္ၾကည့္ေနတဲ့ PEN Myanmar အဖဲြ႔က ဦးသီေဟေသြးကေတာ့ သတင္းမီဒီယာေတြနဲ႔ ဆက္ဆံေရးနဲ႔ တိုးတက္ဖြံ႕ၿဖိဳးေရး အစီအစဥ္ေတြမွာ အားနည္းခ်က္ေတြ ရွိခဲ့တာေတြကို လာမယ့္အစိုးရသက္တမ္းမွာ ျပင္ဆင္သင့္တယ္လို႔ ျမင္ပါတယ္။

“မီဒီယာနဲ႔ ပတ္သက္ၿပီးေတာ့ NLD အေနနဲ႔ကအတိုက္အခံအေနနဲ႔ ဆက္ဆံခဲ့ရေတာ့ တကယ္ဒီမိုကေရစီမွာ မီဒီယာက ဘယ္လို ျဖစ္သင့္တယ္ဆိုတာကို ေသခ်ာစဥ္းစားထားတာ။ သူျဖစ္သင့္တယ္လို႔ ေတြးထားတဲ့ အနာဂါတ္မရွိဘူး။ NLD အစိုးရ လက္ေအာက္မွာရွိတဲ့ ၀န္ႀကီးဌာနေတြကလည္း ဟုိတုန္းကေလာက္ေတာင္မွ ေျပာရဲဆိုရဲ မရွိေတာ့တာေတြရွိေနတယ္ အဲဒါကို ျပဳျပင္ေျပာင္းလဲရမယ္။ ေနာက္တခုက ျပန္ၾကားေရးနဲ႔ ပတ္သက္လို႔ မီဒီယာေလာက ဘယ္လိုတည္ေဆာက္သင့္လဲ ၊ မီဒီယာေလာက မွာ ရွိသိတဲ့ အခ်ိဳးအစားေပါ့၊ပုဂၢလိကအခ်ိဳးအစား၊ အဖြဲ႕ အစည္းေတြပိုင္တဲ့ မီဒီယာ စသျဖင့္ ဘယ္အခ်ိဳးအစား မ်ားဖို႔လိုအပ္သလဲဆိုတဲ့ အေတြးအေခၚအပိုင္းေရာ ေသခ်ာေလးေျပာင္းလဲဖို႔လိုတယ္။”

NLD ဦးေဆာင္တဲ့ အရပ္သားအစိုးရ လက္ထက္မွာ အာဏာပိုင္ေတြအေပၚ ေဝဖန္ဆန္းတာေတြ လုပ္ခြင့္ရလာေတာ့မယ္လို႔ ေမွ်ာ္လင့္ထားခဲ့ေပမဲ့ သတင္းသမားေတြ ဖမ္းဆီးအေရးယူ ခံရတဲ့ အျဖစ္ေတြလည္း ႀကဳံခဲ့ရပါတယ္။ သတင္းမီဒီယာ သမားေတြကို အလြယ္တကူ ဖမ္းဆီးအေရးယူႏိုင္တဲ့ ဥပေဒေတြကို ျပင္ဆင္ဖို႔ ေမွ်ာ္လင့္တာေတြလည္း ျဖစ္မလာခဲ့ပါဘူး။ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ ၿငိစြန္းမႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးအေရးယူခံရတဲ့ Voice of Myanmar သတင္းဌာန တည္ေထာင္သူ ဦးေနမ်ိဳးလင္း ကေတာ့ လာမယ့္ အစိုးရသက္တမ္းမွာ မီဒီယာလြတ္လပ္ခြင့္အတြက္ ဥပေဒေတြ ေပၚေပါက္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

“သတင္းရယူခြင့္ဆိုင္ရာ ဥပေဒေပါ့ေလ။ right to information တို႔ အဲဒါေတြကို တိက်ေသခ်ာစြာ ျပဌာန္းရမယ္။ ေနာက္ broadcasting law တို႔ မီဒီယာနဲ႔ ပတ္သတ္တာေတြကို က်က်နန ျပဌာန္းၿပီးေတာ့ မီဒီယာေကာင္စီလိုအဖြဲ႕ကိုလည္း လြတ္လပ္တဲ့ အဖြဲ႔အစည္းမ်ိဳးျဖစ္ၿပီးေတာ့ လုပ္ ပိုင္ခြင့္ေပးသင့္ပါတယ္။ selected မဟုတ္ဘဲ အကုန္လံုးဆႏၵနဲ႔ ေရြးတဲ့အဖြဲ႔အစည္းမ်ိဳး ျဖစ္ေအာင္ လုပ္ေစခ်င္တယ္။”

မီဒီယာလုပ္ငန္းေတြမွာ အဓိက တာဝန္ရွိတဲ့ ျပန္ၾကားေရး ဝန္ႀကီးဌာနဟာလည္း ၿပီးခဲ့တဲ့ ၅ ႏွစ္တာ အစိုးရသက္တမ္းမွာ ေဝဖန္ခံရတဲ့ အစိုးရဌာနတခု ျဖစ္ခဲ့ပါတယ္။ NLD ပါတီေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရး စနစ္မွာ အားနည္းခ်က္ေတြေၾကာင့္ သတင္းမီဒီယာ ဖြံ႕ၿဖိဳးေရးမွာ အဟန႔္အတား ျဖစ္ေနရတာလို႔ ေျပာပါတယ္။

“အထူးသျဖင့္ ျပန္ၾကားေရးဝန္ႀကီးဌာနလုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သတ္လို႔ မီဒီယာပိုင္းကေကာ၊ ေနာက္ၿပီးျပည္သူပိုင္း ကပါ ေထာက္ျပတာေတြရွိပါတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံနဲ႔ပတ္သတ္လို႔ သုံးသပ္တိုင္းအၿမဲသတိထားရမွာက ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီအတု က်င့္သုံးေနတဲ့ ႏိုင္ငံတခုျဖစ္ပါတယ္။ က်ေနာ္တို႔ဆီမွာ မီဒီယာေတြမွာကို အရင္အုပ္ခ်ဳပ္ သူေတြရဲ႕ လႊမ္းမိူးမႈရွိေသး တဲ့ မီဒီယာေတြလဲ အမ်ားႀကီးက်န္ပါေသးတယ္။ ျပည္သူလူထူၾကားထဲလဲ ျမန္မာျပည္ကသတင္းတု၊ သတင္းမွားေတြကို စနစ္တက် ျဖန႔္ေနတဲ့ မီဒီယာေတြလည္း ရွိပါေသးတယ္ဆိုတာ ေလ့လာၾကည့္ရင္ေတြ႕ႏိုင္တယ္။ က်ေနာ္တို႔ကေတာ့သတင္းမွားျဖန႔္တဲ့ အႏၲရာယ္လဲေရွာင္ႏိုင္ေအာင္ ျပည္သူကိုလည္း သတင္းမွန္ ေပးႏိုင္ေအာင္ခ်ိန္မွ်ၿပီး လုပ္ေဆာင္မယ္လို႔လဲေျပာခ်င္ပါတယ္။”

ျမန္မာႏိုင္ငံရဲ႕ သတင္းမီဒီယာ လြတ္လပ္ခြင့္အေျခအေနအေပၚ ႏိုင္ငံတကာက သတင္းလြတ္လပ္ခြင့္ ေစာင့္ၾကည့္ေနတဲ့ အဖြဲ႕ေတြကလည္း စိုးရိမ္တဲ့ သေဘာထားေတြ ေျပာဆိုထားၾကပါတယ္။ ျပင္သစ္ႏိုင္ငံ အေျခစိုက္ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႕ (RSF) ရဲ႕ ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္ သတင္းလြတ္လပ္ခြင့္ အၫႊန္းကိန္းမွာေတာ့ ျမန္မာႏိုင္ငံဟာ အရင္ႏွစ္ကထက္ ေနာက္ထပ္ တဆင့္ထပ္မံ က်ဆင္းခဲ့ၿပီး စစ္တမ္းမွာ ပါဝင္တဲ့ ႏိုင္ငံေပါင္း ၁၈၀ အနက္ အဆင့္ ၁၃၉ မွာ ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

NLD အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့်ပိုရဖို့ မီဒီယာအသိုင်းအဝိုင်း မျှော်လင့်
(Unicode)

ရွေးကောက်ပွဲမှာ နောက်တကြိမ် အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုတိုးတက်လာဖို့ မီဒီယာအသိုင်းအဝန်းက မျှော်လင့်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။

NLD ပါတီဦးဆောင်တဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်တွေနဲ့ ဖွံ့ဖြိုးမှုတွေအပေါ် အားမလိုအားမရ ဖြစ်ခဲ့ကြတဲ့ မီဒီယာသမားတွေကြားမှာ လာမယ့်အစိုးရလက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာ အစိုးရသက်တမ်းအတွင်း NLD အရပ်သား အစိုးရအနေနဲ့ မျှော်လင့်ထားသလောက် တိုးတက်အောင် လုပ်ခဲ့တာ မတွေ့ရဘူးလို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"Right to Information လို သတင်းအချက်အလက် သိပိုင်ခွင့် ဥပဒေကြမ်းလိုမျိုးကို ဒီ၅နှစ်တွင်း အကောင်အထည်ပေါ်မလာဘူးပေါ့။ အခုအချိန်အထိ လွှတ်တော်မှာ ဆွေးနွေးတဲ့ အဆင့်မရောက်ခဲ့ဘူး ။ ဥပဒေကြမ်းထဲမှာပဲ ဟိုကော်မတီဒီကော်မတီမှာတင်လည်နေ ခဲ့တယ်။ ကျနော်တို့တွေ့ရတာအဲတခုထဲမဟုတ်ဘူး ။ ကျနော်တို့ သတင်းမီဒီယာဥပဒေတွေပြင်ဆင်ဖို့ကြန့်ကြာတယ်။ နောက် ၆၆ (ဃ) ဆိုလည်း အများလိုလားချက်တွေအပိုင်းကို မပြင်နိုင်ခဲ့ဘူး။ အဲဒါတွေက တကယ်ပြုပြင်ပြောင်းလဲရမယ့်မူဘောင်တွေလို့ ထင်တယ်။”

ကိုဗစ်ကပ်ဘေးလို အများပြည်သူအတွက် အရေးကြီးတဲ့ အခြေအနေမျိုးမှာ သတင်းထုတ်ပြန်မှုတွေမှာ အားနည်းခဲ့တာတွေကိုလည်း မီဒီယာသမားတွေကြား အားမလိုအားမရ ဖြစ်ကြတာတွေလည်း ရှိပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် လေ့လာစောင့်ကြည့်နေတဲ့ PEN Myanmar အဖွဲ့က ဦးသီဟေသွေးကတော့ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ အားနည်းချက်တွေ ရှိခဲ့တာတွေကို လာမယ့်အစိုးရသက်တမ်းမှာ ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။

“မီဒီယာနဲ့ ပတ်သက်ပြီးတော့ NLD အနေနဲ့ကအတိုက်အခံအနေနဲ့ ဆက်ဆံခဲ့ရတော့ တကယ်ဒီမိုကရေစီမှာ မီဒီယာက ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို သေချာစဉ်းစားထားတာ။ သူဖြစ်သင့်တယ်လို့ တွေးထားတဲ့ အနာဂါတ်မရှိဘူး။ NLD အစိုးရ လက်အောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေကလည်း ဟိုတုန်းကလောက်တောင်မှ ပြောရဲဆိုရဲ မရှိတော့တာတွေရှိနေတယ် အဲဒါကို ပြုပြင်ပြောင်းလဲရမယ်။ နောက်တခုက ပြန်ကြားရေးနဲ့ ပတ်သက်လို့ မီဒီယာလောက ဘယ်လိုတည်ဆောက်သင့်လဲ ၊ မီဒီယာလောက မှာ ရှိသိတဲ့ အချိုးအစားပေါ့၊ပုဂ္ဂလိကအချိုးအစား၊ အဖွဲ့ အစည်းတွေပိုင်တဲ့ မီဒီယာ စသဖြင့် ဘယ်အချိုးအစား များဖို့လိုအပ်သလဲဆိုတဲ့ အတွေးအခေါ်အပိုင်းရော သေချာလေးပြောင်းလဲဖို့လိုတယ်။”

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ အာဏာပိုင်တွေအပေါ် ဝေဖန်ဆန်းတာတွေ လုပ်ခွင့်ရလာတော့မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ သတင်းသမားတွေ ဖမ်းဆီးအရေးယူ ခံရတဲ့ အဖြစ်တွေလည်း ကြုံခဲ့ရပါတယ်။ သတင်းမီဒီယာ သမားတွေကို အလွယ်တကူ ဖမ်းဆီးအရေးယူနိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မျှော်လင့်တာတွေလည်း ဖြစ်မလာခဲ့ပါဘူး။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူခံရတဲ့ Voice of Myanmar သတင်းဌာန တည်ထောင်သူ ဦးနေမျိုးလင်း ကတော့ လာမယ့် အစိုးရသက်တမ်းမှာ မီဒီယာလွတ်လပ်ခွင့်အတွက် ဥပဒေတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေပါတယ်။

“သတင်းရယူခွင့်ဆိုင်ရာ ဥပဒေပေါ့လေ။ right to information တို့ အဲဒါတွေကို တိကျသေချာစွာ ပြဌာန်းရမယ်။ နောက် broadcasting law တို့ မီဒီယာနဲ့ ပတ်သတ်တာတွေကို ကျကျနန ပြဌာန်းပြီးတော့ မီဒီယာကောင်စီလိုအဖွဲ့ကိုလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးဖြစ်ပြီးတော့ လုပ် ပိုင်ခွင့်ပေးသင့်ပါတယ်။ selected မဟုတ်ဘဲ အကုန်လုံးဆန္ဒနဲ့ ရွေးတဲ့အဖွဲ့အစည်းမျိုး ဖြစ်အောင် လုပ်စေချင်တယ်။”

မီဒီယာလုပ်ငန်းတွေမှာ အဓိက တာဝန်ရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဟာလည်း ပြီးခဲ့တဲ့ ၅ နှစ်တာ အစိုးရသက်တမ်းမှာ ဝေဖန်ခံရတဲ့ အစိုးရဌာနတခု ဖြစ်ခဲ့ပါတယ်။ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်မှာ အားနည်းချက်တွေကြောင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးမှာ အဟန့်အတား ဖြစ်နေရတာလို့ ပြောပါတယ်။

“အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနလုပ်ဆောင်ချက်တွေနဲ့ပတ်သတ်လို့ မီဒီယာပိုင်းကကော၊ နောက်ပြီးပြည်သူပိုင်း ကပါ ထောက်ပြတာတွေရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ သုံးသပ်တိုင်းအမြဲသတိထားရမှာက မြန်မာနိုင်ငံဟာ ဒီမိုကရေစီအတု ကျင့်သုံးနေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ မီဒီယာတွေမှာကို အရင်အုပ်ချုပ် သူတွေရဲ့ လွှမ်းမိူးမှုရှိသေး တဲ့ မီဒီယာတွေလဲ အများကြီးကျန်ပါသေးတယ်။ ပြည်သူလူထူကြားထဲလဲ မြန်မာပြည်ကသတင်းတု၊ သတင်းမှားတွေကို စနစ်တကျ ဖြန့်နေတဲ့ မီဒီယာတွေလည်း ရှိပါသေးတယ်ဆိုတာ လေ့လာကြည့်ရင်တွေ့နိုင်တယ်။ ကျနော်တို့ကတော့သတင်းမှားဖြန့်တဲ့ အန္တရာယ်လဲရှောင်နိုင်အောင် ပြည်သူကိုလည်း သတင်းမှန် ပေးနိုင်အောင်ချိန်မျှပြီး လုပ်ဆောင်မယ်လို့လဲပြောချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေအပေါ် နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေတဲ့ အဖွဲ့တွေကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ဒီနှစ် ၂၀၂၀ ပြည့်နှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ အရင်နှစ်ကထက် နောက်ထပ် တဆင့်ထပ်မံ ကျဆင်းခဲ့ပြီး စစ်တမ်းမှာ ပါဝင်တဲ့ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၉ မှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG