သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာင္းမတက္ေရး လႈံ႔ေဆာ္ဆႏၵျပမႈတခ်ိဳ႕ ျဖစ္ပြား


ေမလ ၂၃ ရက္ေန႔က ထားဝယ္ ေလာင္းလံုၿမိဳ႕ရဲ႕ ေက်ာင္းမတက္ေရး လႈပ္ရွားမႈ သပိတ္ ျမင္ကြင္း။ (ဓာတ္ပံု - Dawei Watch via AFP မ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ႏိုင္ငံတစ္ဝန္းမွာ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ဆက္ရွိေနရာမွာ စစ္ေကာင္စီလက္ထက္ ျပန္ဖြင့္တဲ့ အေျခခံပညာေက်ာင္းေတြမွာ ေက်ာင္းသားေတြေရာ၊ ဆရာေတြပါ ေက်ာင္းမတတ္ၾကဖို႔ တိုက္တြန္း ေတာင္းဆိုဆႏၵျပေနၾကပါတယ္။ ႏိုင္ငံတစ္ဝန္းဆႏၵျပပြဲေတြအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။

တန႔္ဆည္ၿမိဳ႕နယ္မွာ ျပည္သူလူထုနဲ႔ ေက်ာင္းသားေက်ာင္းသူအပါအဝင္ အင္အား ၂၅၀ ေလာက္ ဒီကေန႔ ဆႏၵျပၾကရာမွာ ေက်ာင္းသားလူငယ္ေတြက အျဖဴအစိမ္း ဝတ္စုံေတြနဲ႔ ေက်ာင္းမတက္လႈပ္ရွားမႈ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

စစ္ေကာင္စီတပ္ရဲ႕ ဖိႏွိပ္ညႇဥ္းပန္းမႈၾကားကပဲ တန႔္ဆည္ၿမိဳ႕နယ္ လူထုေတြက ေန႔စဥ္မပ်က္ လူအမ်ားအျပားနဲ႔ ခ်ီတက္ဆႏၵျပေနၾကတာပါ။ ေက်း႐ြာခ်င္းဆက္ကို ဆိုင္ကယ္သပိတ္ပုံစံနဲ႔ ထြက္ခြာၾကၿပီး ေက်း႐ြာအတြင္းမွာေတာ့ လမ္းေလွ်ာက္သပိတ္ ထိုင္သပိတ္ကို တစ္႐ြာဝင္တစ္႐ြာထြက္ ဆႏၵျပခဲ့ၾကပါတယ္လို႔ သပိတ္ေခါင္းေဆာင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဒီေန႔သပိတ္ကေတာ့ ဒီေန႔အင္အားမွာက ေက်ာင္းသားေက်ာင္းသူေလးေတြ အမ်ားဆုံးပါတာေပါ့။ အင္အားကေတာ့ ၂၅၀ ဝန္းက်င္ေလာက္ရွိမယ္။ စစ္အာဏာရွင္က်ဆုံးေရးနဲ႔ ေက်ာင္းမတက္သပိတ္ပုံစံမ်ိဳးေပါ့။ ေက်ာင္းသားေက်ာင္းသူေလးေတြေရာ၊ အကုန္လုံးေက်ာင္းဝတ္စုံ အျဖဴအစိမ္းဝတ္စုံဝတ္ၿပီးေတာ့ ဝန္ရံၿပီးေတာ့ လိုက္ၾကတယ္။ ဒီ႐ြာေတြမွာေတာ့ ဒီနားတဲ့ေနရာမွာဆိုရင္ေတာ့ အဲ့ဒီလိုမ်ိဳးေပါ့ အထိုင္သပိတ္ေတာ့ လုပ္တယ္။ အထိုင္သပိတ္လုပ္ၿပီးေတာ့ ဒီစစ္ကြၽန္းပညာေရးအလိုမရွိနဲ႔ စစ္အာဏာရွင္ေတာ္လွန္ဖို႔ရယ္၊ က်ေနာ္တို႔ လူကိုယ္တိုင္း မလိုက္ႏိုင္ရင္ေတာင္မွ အကုန္လုံးေနာက္ကြယ္ကေန ပံ့ပိုးဖို႔ ဘာညာအဲ့ဒီလိုမ်ိဳး ေဟာေျပာတာမ်ိဳးေတာ့ ရွိပါတယ္။”

ရန္ကုန္ၿမိဳ႕မွာေတာ့ စစ္တပ္က လုံၿခဳံေရး အင္အားတိုးျမွင့္ထားတာနဲ႔ ေနရာတခ်ိဳ႕မွာ စစ္ေဆးမႈေတြ ရွိေနတာေၾကာင့္ ႀကီးႀကီးမားမားဆႏၵျပခ်ီတက္တာမ်ိဳး မရွိပါဘူး။ ရပ္ကြက္နဲ႔ ၿမိဳ႕နယ္အလိုက္ သပိတ္တခ်ိဳ႕ကေတာ့ ပုံမွန္အတိုင္းထြက္ခဲ့ၾကပါတယ္။

ရန္ကုန္မွာ ဆႏၵျပသပိတ္စစ္ေၾကာင္းေတြဟာ စစ္တပ္ အာဏာသိမ္းထားသ၍ ဆက္ရွိေနၾကမွာျဖစ္ၿပီး စစ္အာဏာရွင္ကို အျမစ္ျပတ္ ျဖဳတ္ခ်ႏိုင္ဖို႔အတြက္ တစ္ျခားနည္းလမ္းေတြကိုလည္း အသုံးျပဳသြာမွာျဖစ္တယ္လို႔ ရန္ကုန္သပိတ္ေခါင္းေဆာင္ တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ဒီ ဆႏၵျပတာေတြကေတာ့ ရပ္တန္႔လိုက္လို႔ မရဘူးေလ။ ဆႏၵျပတဲ့သူေတြကလည္း ဆႏၵျပေနလိမ့္မယ္။ ေနာက္ၿပီး ေျမေအာက္လႈပ္ရွားမႈေတြကလည္း သူ႔ဟာသူ ဆက္လုပ္ေနလိမ့္မယ္။ ဒါေပမဲ့ က်ေနာ္တို႔က ဘယ္လိုပုံစံနဲ႔ လုပ္ရလဲဆိုေတာ့ ဆႏၵျပတာက လူလုံးထြက္ျပတာျဖစ္တဲ့အတြက္ အနည္းနဲ႔ အမ်ားေတာ့ စိုးရိမ္စရာ ရွိတယ္။ ဒါေပမဲ့ ခုလိုမ်ိဳး PDF ေတြ၊ ျပည္သူ႔ ကာကြယ္ေရးတပ္ေတြက သူ႔ဟာသူ ဆက္လႈပ္ရွားေနတာကေတာ့ က်ေနာတို႔ အတြက္ ပိုၿပိး ထိေရာက္တယ္ေပါ့ဗ်ာ။”

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕ထဲမွာေတာ့ လူငယ္ေတြ ဦးေဆာင္တဲ့ ေျပာက္က်ားသပိတ္ကို ဒီကေန႔မနက္ပိုင္းမွာ လုပ္ခဲ့ၾကပါတယ္။ လုံၿခဳံေရးတင္းၾကပ္ေနတဲ့ၾကား မိနစ္ပိုင္းဆင္ႏြဲတဲ့ လွ်ပ္တျပက္သပိတ္ေတြ ရန္ကုန္ၿမိဳ႕မွာ ေန႔စဥ္ေန႔တိုင္းျပဳလုပ္ေနတာပါ။

မႏၲေလးတိုင္း စဥ့္ကိုင္ၿမိဳ႕နယ္ ပလိပ္ၿမိဳ႕မွာေတာ့ စစ္ေကာင္စီတပ္ေတြ အင္အားျဖည့္ထားတာမို႔ ဒီကေန႔မွာ သပိတ္မဆင္ႏႊဲႏိုင္ခဲ့ပါဘူး။ ဒီကေန႔မွာ ဆႏၵျပပြဲမလုပ္ျဖစ္ေပမဲ့ အခ်ိန္ရရင္ ရသလို စစ္အာဏာရွင္ကို ဆက္လက္ေတာ္လွန္သြားမယ္လို႔ ဆႏၵျပပြဲမွာ အၿမဲတမ္းပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဒီမွာက သူတို႔ (စစ္ေကာင္စီတပ္)က ဒီရဲကင္းမွာ အင္အားအျပည့္ရွိတယ္ဗ်။ အင္အားအျပည့္ရွိေတာ့ ဒီတိုင္းေတာ့ ထြက္လို႔ အဆင္မေျပဘူး။ ပလိပ္မွာေတာ့ သပိတ္ကို အခါေလ်ာ္စြာ ရရင္ရသလို သပိတ္ ထြက္တယ္။ ၿပီးေတာ့ ဒီပလိပ္ရဲကင္းမွာ အင္အားျဖည့္ထားတာေတြရွိမယ္။ ေနာက္တစ္ခါ ေက်ာင္းဖြင့္ၿပီဆိုေတာ့ ေက်ာင္းမွာလည္း အေစာင့္ခ်ထားတာရွိတယ္ေပါ့။ ေန႔စဥ္(ဆႏၵျပ)သြားရင္ အဆင္မေျပဘူးေလ၊ အဆင္မေျပေတာ့ အဲ့ဒီလိုအဆင္ေျပတဲ့ ရက္မ်ိဳး ေကာက္ၿပီးေတာ့ လုပ္လိုက္တာေပါ့... ရရင္ရသလိုခ်တာပဲ။”

ပလိပ္ၿမိဳ႕မွာ ဒီကေန႔ ဆႏၵမျပျဖစ္ေပမဲ့ ေက်ာင္းမဖြင့္ခင္ အေစာပိုင္းမွာ ေက်ာင္းမတက္ေရးလႈပ္ရွားမႈ ေတြ ေက်ာင္းေရွ႕မွာ စစ္အာဏာရွင္ဆန႔္က်င္တဲ့ စာသားေတြ ေဆးမႈတ္ေရးတာမ်ိဳး၊ စာကပ္တာမ်ိဳးေတြရွိခဲ့ပါတယ္။

ဖိႏွိပ္မႈ ၿဖိဳခဲြမႈေတြၾကားမွာပဲ ဖားကန္႔၊ မႏၲေလး၊ ထားဝယ္၊ ကေလး၊ တန္႔ဆည္ၿမိဳ႕ေတြမွာ ေန႔စဥ္ ဆႏၵျပပြဲဆက္ရွိေနေသးသလို နမ့္ခမ္း၊ ဆားလင္းႀကီး၊ ဘုရားသုံးဆူ၊ ၿမိဳင္၊ မုံ႐ြာနဲ႔ မိုးေကာင္းၿမိဳ႕ေတြမွာလည္း ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္၊ ႐ြာတြင္းသပိတ္ေတြနဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ပုံစံမ်ိဳးစုံနဲ႔ ဆက္ရွိေနပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောင်းမတက်ရေး လှုံ႔ဆော်ဆန္ဒပြမှုတချို့ ဖြစ်ပွား

နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေရာမှာ စစ်ကောင်စီလက်ထက် ပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေရော၊ ဆရာတွေပါ ကျောင်းမတတ်ကြဖို့ တိုက်တွန်း တောင်းဆိုဆန္ဒပြနေကြပါတယ်။ နိုင်ငံတစ်ဝန်းဆန္ဒပြပွဲတွေအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

တန့်ဆည်မြို့နယ်မှာ ပြည်သူလူထုနဲ့ ကျောင်းသားကျောင်းသူအပါအဝင် အင်အား ၂၅၀ လောက် ဒီကနေ့ ဆန္ဒပြကြရာမှာ ကျောင်းသားလူငယ်တွေက အဖြူအစိမ်း ဝတ်စုံတွေနဲ့ ကျောင်းမတက်လှုပ်ရှားမှု ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကြားကပဲ တန့်ဆည်မြို့နယ် လူထုတွေက နေ့စဉ်မပျက် လူအများအပြားနဲ့ ချီတက်ဆန္ဒပြနေကြတာပါ။ ကျေးရွာချင်းဆက်ကို ဆိုင်ကယ်သပိတ်ပုံစံနဲ့ ထွက်ခွာကြပြီး ကျေးရွာအတွင်းမှာတော့ လမ်းလျှောက်သပိတ် ထိုင်သပိတ်ကို တစ်ရွာဝင်တစ်ရွာထွက် ဆန္ဒပြခဲ့ကြပါတယ်လို့ သပိတ်ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့သပိတ်ကတော့ ဒီနေ့အင်အားမှာက ကျောင်းသားကျောင်းသူလေးတွေ အများဆုံးပါတာပေါ့။ အင်အားကတော့ ၂၅၀ ဝန်းကျင်လောက်ရှိမယ်။ စစ်အာဏာရှင်ကျဆုံးရေးနဲ့ ကျောင်းမတက်သပိတ်ပုံစံမျိုးပေါ့။ ကျောင်းသားကျောင်းသူလေးတွေရော၊ အကုန်လုံးကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်စုံဝတ်ပြီးတော့ ဝန်ရံပြီးတော့ လိုက်ကြတယ်။ ဒီရွာတွေမှာတော့ ဒီနားတဲ့နေရာမှာဆိုရင်တော့ အဲ့ဒီလိုမျိုးပေါ့ အထိုင်သပိတ်တော့ လုပ်တယ်။ အထိုင်သပိတ်လုပ်ပြီးတော့ ဒီစစ်ကျွန်းပညာရေးအလိုမရှိနဲ့ စစ်အာဏာရှင်တော်လှန်ဖို့ရယ်၊ ကျနော်တို့ လူကိုယ်တိုင်း မလိုက်နိုင်ရင်တောင်မှ အကုန်လုံးနောက်ကွယ်ကနေ ပံ့ပိုးဖို့ ဘာညာအဲ့ဒီလိုမျိုး ဟောပြောတာမျိုးတော့ ရှိပါတယ်။”

ရန်ကုန်မြို့မှာတော့ စစ်တပ်က လုံခြုံရေး အင်အားတိုးမြှင့်ထားတာနဲ့ နေရာတချို့မှာ စစ်ဆေးမှုတွေ ရှိနေတာကြောင့် ကြီးကြီးမားမားဆန္ဒပြချီတက်တာမျိုး မရှိပါဘူး။ ရပ်ကွက်နဲ့ မြို့နယ်အလိုက် သပိတ်တချို့ကတော့ ပုံမှန်အတိုင်းထွက်ခဲ့ကြပါတယ်။

ရန်ကုန်မှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ စစ်တပ် အာဏာသိမ်းထားသ၍ ဆက်ရှိနေကြမှာဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချနိုင်ဖို့အတွက် တစ်ခြားနည်းလမ်းတွေကိုလည်း အသုံးပြုသွာမှာဖြစ်တယ်လို့ ရန်ကုန်သပိတ်ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီ ဆန္ဒပြတာတွေကတော့ ရပ်တန့်လိုက်လို့ မရဘူးလေ။ ဆန္ဒပြတဲ့သူတွေကလည်း ဆန္ဒပြနေလိမ့်မယ်။ နောက်ပြီး မြေအောက်လှုပ်ရှားမှုတွေကလည်း သူ့ဟာသူ ဆက်လုပ်နေလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့က ဘယ်လိုပုံစံနဲ့ လုပ်ရလဲဆိုတော့ ဆန္ဒပြတာက လူလုံးထွက်ပြတာဖြစ်တဲ့အတွက် အနည်းနဲ့ အများတော့ စိုးရိမ်စရာ ရှိတယ်။ ဒါပေမဲ့ ခုလိုမျိုး PDF တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေက သူ့ဟာသူ ဆက်လှုပ်ရှားနေတာကတော့ ကျနောတို့ အတွက် ပိုပြိး ထိရောက်တယ်ပေါ့ဗျာ။”

ရန်ကုန်မြို့ စမ်းချောင်းမြို့ထဲမှာတော့ လူငယ်တွေ ဦးဆောင်တဲ့ ပြောက်ကျားသပိတ်ကို ဒီကနေ့မနက်ပိုင်းမှာ လုပ်ခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်နေတဲ့ကြား မိနစ်ပိုင်းဆင်နွဲတဲ့ လျှပ်တပြက်သပိတ်တွေ ရန်ကုန်မြို့မှာ နေ့စဉ်နေ့တိုင်းပြုလုပ်နေတာပါ။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်မြို့မှာတော့ စစ်ကောင်စီတပ်တွေ အင်အားဖြည့်ထားတာမို့ ဒီကနေ့မှာ သပိတ်မဆင်နွှဲနိုင်ခဲ့ပါဘူး။ ဒီကနေ့မှာ ဆန္ဒပြပွဲမလုပ်ဖြစ်ပေမဲ့ အချိန်ရရင် ရသလို စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမယ်လို့ ဆန္ဒပြပွဲမှာ အမြဲတမ်းပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီမှာက သူတို့ (စစ်ကောင်စီတပ်)က ဒီရဲကင်းမှာ အင်အားအပြည့်ရှိတယ်ဗျ။ အင်အားအပြည့်ရှိတော့ ဒီတိုင်းတော့ ထွက်လို့ အဆင်မပြေဘူး။ ပလိပ်မှာတော့ သပိတ်ကို အခါလျော်စွာ ရရင်ရသလို သပိတ် ထွက်တယ်။ ပြီးတော့ ဒီပလိပ်ရဲကင်းမှာ အင်အားဖြည့်ထားတာတွေရှိမယ်။ နောက်တစ်ခါ ကျောင်းဖွင့်ပြီဆိုတော့ ကျောင်းမှာလည်း အစောင့်ချထားတာရှိတယ်ပေါ့။ နေ့စဉ်(ဆန္ဒပြ)သွားရင် အဆင်မပြေဘူးလေ၊ အဆင်မပြေတော့ အဲ့ဒီလိုအဆင်ပြေတဲ့ ရက်မျိုး ကောက်ပြီးတော့ လုပ်လိုက်တာပေါ့... ရရင်ရသလိုချတာပဲ။”

ပလိပ်မြို့မှာ ဒီကနေ့ ဆန္ဒမပြဖြစ်ပေမဲ့ ကျောင်းမဖွင့်ခင် အစောပိုင်းမှာ ကျောင်းမတက်ရေးလှုပ်ရှားမှု တွေ ကျောင်းရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ စာသားတွေ ဆေးမှုတ်ရေးတာမျိုး၊ စာကပ်တာမျိုးတွေရှိခဲ့ပါတယ်။

ဖိနှိပ်မှု ဖြိုခွဲမှုတွေကြားမှာပဲ ဖားကန့်၊ မန္တလေး၊ ထားဝယ်၊ ကလေး၊ တန့်ဆည်မြို့တွေမှာ နေ့စဉ် ဆန္ဒပြပွဲဆက်ရှိနေသေးသလို နမ့်ခမ်း၊ ဆားလင်းကြီး၊ ဘုရားသုံးဆူ၊ မြိုင်၊ မုံရွာနဲ့ မိုးကောင်းမြို့တွေမှာလည်း ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ရွာတွင်းသပိတ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေပါသေးတယ်။

XS
SM
MD
LG