သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာင္းမတက္ေရး ႏိႈးေဆာ္ဆႏၵျပမႈေတြနဲ႔အတူ တက္ၾကြသူတခ်ိဳ႕ ဖမ္းခံရ


ဇြန္လ ၁ ရက္ေန႔ ကေလးၿမိဳ႕က သပိတ္ စစ္ေၾကာင္း။ (ဇြန္ ၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာကို ဒီေန႔ ၄ လျပည့္သြားပါၿပီ။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔အထိ ဆက္႐ွိေနပါတယ္။ ဒီေန႔ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္တာေၾကာင့္ ဆႏၵျပသူေတြကေတာ့ စစ္အာဏာ႐ွင္ လက္ေအာက္မွာ ေက်ာင္းမတက္ၾကဖို႔ ႏႈိးေဆာ္ဆႏၵျပမႈေတြနဲ႔ ေဟာေျပာမႈေတြ လုပ္ခဲ့ၾကပါတယ္။ ရန္ကုန္မွာေတာ့ အနက္ေရာင္ ယူနီေဖာင္း ဆင္တူဝတ္ထားတဲ့ ဖုန္းအေရာင္းဆိုင္ ဝန္ထမ္းတခ်ဳိ႕ ဖမ္းဆီးခံရပါတယ္။ ဒီကေန႔ ႏိုင္ငံတစ္ဝန္းက ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္က လာတဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္း အုပ္ခ်ဳပ္ေနတာ ၄ လျပည့္တဲ့ ဒီေန႔ ဇြန္လ ၁ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ထဲ တပ္ဖဲြ႔ဝင္ေတြ ကင္းလွည့္သြားလာေနတာကို အရင္ေန႔ေတြထက္ ပိုၿပီး ျမင္ေတ႔ြရပါတယ္။ လွည္းတန္းၿမိဳ႕နယ္ထဲမွာ ေစ်းသပိတ္လုပ္ခဲ့ၾကတဲ့ ေနရာကို စစ္တပ္က လူစုခဲြၿပီးခ်ိန္ေရာက္လာၿပီးအနားက အနက္ေရာင္ ယူနီေဖာင္းေတြ ဝတ္ထားၾကတဲ့ Oppo ဖုန္းအေရာင္းဆိုင္က ဝန္ထမ္းတစ္ခ်ိဳ႕ကို ဖမ္းဆီးသြားတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔ ရန္ကုန္မွာက လွည္းတန္းမွာေတာ့ က်ေနာ္တို႔ ေစ်းသပိတ္ေလး လုပ္ပါတယ္ဗ်။ အဲ့ဒါၿပီး ေနာက္ပိုင္းေတာ့ Oppo ကုမၸဏီက ဝန္ထမ္းေတြ ယူနီေဖာင္း အနက္ဝတ္လို႔ဆိုၿပီး အဖမ္းခံရတာရွိတယ္။ ခုထိလည္း ေတြ႕ခြင့္မရေသးဘူး။ က်ေနာ္တို႔ ႐ုံးကို လွမ္းဆက္ေတာ့ ႐ုံးပိုင္းက သြားတယ္။ သြားေတာ့ ခု ထုတ္ဖို႔အတြက္ ႀကိဳးစားတယ္ေပါ့။ ဒါေပမဲ့ သူတို႔ကို ခုထိ ေပးမေတြ႔ဘူးတဲ့။ လူက ၇ ေယာက္၊ ၈ ေယာက္အထိ ပါသြားတယ္။ Oppo ကုမၸဏီက ယူနီေဖာင္းေတြက အမဲပဲ ထြက္တာ။ ဆိုင္ထဲမွာ ေနေနတဲ့သူေတြကို ဖမ္းသြားတာဗ်။”

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာေတာ့ ဆႏၵျပသူေတြ လမ္းမႀကီးေတြေပၚမွာ ခ်ီတက္ ေႂကြးေၾကာ္ဆႏၵျပၾကပါတယ္။ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္တဲ့ ပထမဆုံးရက္မွာ အာဏာရွင္စနစ္ ေအာက္မွာ ေက်ာင္းမတက္ၾကဖို႔နဲ႔ ျပည္သူ႔ပညာေရးစနစ္ကို ေဖာ္ေဆာင္ဖို႔ တိုက္တြန္းတဲ့ ေဟာေျပာမႈေတြကိုလည္း လုပ္ခဲ့ၾကပါတယ္လို႔ ဆႏၵျပသူတေယာက္က ေျပာပါတယ္။

“သပိတ္ေတြက လမ္းမထက္ကို ျပန္တက္လာတယ္။ မုံ႐ြာရဲ႕ အဓိက လမ္းမေတြထဲမွာ တစ္လမ္းျဖစ္တဲ့ ေပ ၈၀ လမ္းမေပၚကို တက္ၿပီး ဆႏၵျပၾကတယ္။ တစ္ႏိုင္ငံလုံး ႏႈိးေဆာ္ထားတဲ့ အတိုင္းပဲ စာအံသံတိတ္ အာခံသပိတ္ အေနနဲ႔ က်ေနာ္တို႔ အဓိကကေတာ့ လက္ရွိ ကေလးေတြအတြက္ လုံၿခဳံမႈ မေပးႏိုင္တဲ့ စာသင္ခန္းေတြကို ေခတၱခဏ ႐ုပ္သိမ္းၿပီးေတာ့ေပါ့။ အမ်ိဳးသားညီၫြတ္ေရး အစိုးရက အေကာင္အထည္ေဖာ္မယ့္ ျပည့္သူ႔ပညာေရး အစီအစည္ေတြမွာ ျပည္သူလူထုကေနၿပီးေတာ့ တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ၿပီးေတာ့ ကိုယ္ရဲ႕ သားသမီးေတြအတြက္ ပညာသင္ဖို႔ အခြင့္အလမ္းကို ကိုယ္တိုင္ ဖန္တီး ေဖာ္ေဆာင္ၾကဖို႔ေပါ့ေနာ္။ အဲ့ဒါကို အဓိကထားၿပီး ေျပာျဖစ္တယ္ဗ်။”

မုံ႐ြာၿမိဳ႕ တစ္ဘက္ကမ္းမွာေတာ့ ႐ြာေပါင္းစုံက လူအင္အားေထာင္ခ်ီနဲ႔ သပိတ္စစ္ေၾကာင္းခ်ီတက္ၿပီး ဒီမနက္ဆႏၵျပခဲ့ၾကပါတယ္။

မံု႐ြာၿမိဳ႕က ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖဲြ႔ခ်ဳပ္ ဗကသ အဖဲြ႔ဝင္ေဟာင္းတေယာက္ျဖစ္တဲ့ မဖူးသိမ့္သိမ့္တုန္ကို အရပ္ဝတ္ေတြနဲ႔ လူတစ္စုက ဖမ္းဆီးသြားတယ္လို႔ မုံ႐ြာၿမိဳ႕ ဆႏၵျပပြဲေတြမွာ ပါဝင္ေနသူတစ္ဦးက ေျပာျပပါတယ္။ စစ္တပ္က စစ္ေဘးေရွာင္ေတြအတြက္ အလႈေငြလာယူဖို႔ ဖုန္းဆက္ခ်ိန္းၿပီး ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ဆုိပါတယ္။

“မေန႔ညေနက ဗကသ အဖြဲ႕ဝင္ေဟာင္းျဖစ္တဲ့ မဖူးသိမ့္သိမ့္တုန္ကို ဖမ္းဆီးသြားတယ္။ အဓိက ဘာေၾကာင့္ ဖမ္းတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔လည္း အတိအက်ေတာ့ မသိဘူးဗ်။ Ocean Center မွာ စစ္ေဘးေရွာင္ေတြအတြက္ အလွဴေငြေပးအပ္ဖို႔ဆိုၿပီးေတာ့ အဲ့ဒီလို ခ်ိန္းေခၚၿပီးေတာ့ အရပ္ဝတ္နဲ႔ စစ္သား ၈ ေယာက္ေလာက္ကေနၿပီးေတာ့ ဖမ္းသြားတာလို႔ က်ေနာ္တို႔ ၾကားတယ္ဗ်။ ခုခ်ိန္ထိ ဘယ္မွာထားထားလဲဆိုတာကို စုံစမ္းလို႔ မရေသးဘူးဗ်။”

စစ္တပ္အာဏာသိမ္းၿပီး ၄ လၾကာလာခ်ိန္မွာ လူငယ္တခ်ဳိ႕ကေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္တဲ့ နည္းလမ္းကို ေ႐ြးခ်ယ္လာၾကပါတယ္။ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕မွာ စစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြကို မခံႏုိင္လို႔ ျပန္လည္ ခုခံခ်င္သူေတြ ႐ွိေနတယ္လို႔ လူငယ္တေယာက္က ေျပာျပပါတယ္။

“စစ္ေကာင္စီတပ္ေတြ ဝင္လာရင္ ခုခံကာကြယ္မယ္ဆိုတဲ့ လူငယ္ေတြရွိသလို ဒီအတြက္လည္းျပင္ဆင္ ေနၾကတယ္လို႔ က်ေနာ္တို႔ သိရတယ္ေလ။ ေရရွည္မွာ က်လာလို႔ရွိရင္ စစ္ေကာင္စီတပ္ေတြရဲ႕ မတရား ႏွိပ္စက္ဖမ္းဆီးသတ္ျဖတ္ေနတာေတြကို ျပန္လည္ခုခံႏိုင္မယ့္ လက္နက္ကိုင္တိုက္ပြဲေတြကေတာ့ ထားဝယ္ၿမိဳ႕ေပၚမွာတင္ပဲ ျဖစ္လာႏိုင္တယ္။ ျဖစ္လည္း ျဖစ္ဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနတာကိုလည္း က်ေနာ္တို႔ ေတြ႕ရတယ္။ ဒီေတာ့ လမ္းမေတြေပၚမွာ ဆႏၵျပေနတဲ့ ဆႏၵျပလႈပ္ရွားမႈေတြကလည္း ရွိေနမယ္။ ဒီလိုမ်ိဳး ဆႏၵျပေနတဲ့ ျပည္သူလူထုအပါအဝင္ ျပည္သူလူထုကို မတရား ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ေနတဲ့ဟာေတြကို လက္နက္နဲ႔ ျပန္လည္ၿပီးေတာ့ ခုခံကာကြယ္ႏိုင္ဖို႔အတြက္ ျပင္ဆင္တဲ့ လႈပ္ရွားမႈေတြရွိသလို သူ႔ကို ျပန္ၿပီးေတာ့ တုံ႔ျပန္ကာကြယ္ႏိုင္ဖို႔အတြက္ လက္နက္ကိုင္တဲ့ အင္အားစုေတြလည္း ေရရွည္မွာက်ရင္ ရွိလာႏိုင္တယ္ေလ။”

စစ္ေကာင္စီတပ္ေတြရဲ႕ ဖမ္းဆီးၿဖိဳခြဲမႈေတြၾကားကပဲ ေန႔စဥ္ဆႏၵျပေနၾကတဲ့ မႏၲေလး၊ စစ္ကိုင္း၊ ေလာင္းလုံၿမိဳ႕ေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြဆက္ရွိေနသလို ဖ်ာပုံ၊ မတၱရာ၊ မိုးေကာင္းနဲ႔ လက္ပံေတာင္းေတာင္ေဒသက ေက်း႐ြာေတြမွာ ေက်ာင္းမတက္ေရးဆႏၵျပလႈပ္ရွားမႈေတြ လုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဒီနေ့ ၄ လပြည့်သွားပါပြီ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ဒီနေ့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တာကြောင့် ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် လက်အောက်မှာ ကျောင်းမတက်ကြဖို့ နှိုးဆော်ဆန္ဒပြမှုတွေနဲ့ ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ အနက်ရောင် ယူနီဖောင်း ဆင်တူဝတ်ထားတဲ့ ဖုန်းအရောင်းဆိုင် ဝန်ထမ်းတချို့ ဖမ်းဆီးခံရပါတယ်။ ဒီကနေ့ နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတာ ၄ လပြည့်တဲ့ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ ရန်ကုန်မြို့ထဲ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်သွားလာနေတာကို အရင်နေ့တွေထက် ပိုပြီး မြင်တေ့ွရပါတယ်။ လှည်းတန်းမြို့နယ်ထဲမှာ ဈေးသပိတ်လုပ်ခဲ့ကြတဲ့ နေရာကို စစ်တပ်က လူစုခွဲပြီးချိန်ရောက်လာပြီးအနားက အနက်ရောင် ယူနီဖောင်းတွေ ဝတ်ထားကြတဲ့ Oppo ဖုန်းအရောင်းဆိုင်က ဝန်ထမ်းတစ်ချို့ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ရန်ကုန်မှာက လှည်းတန်းမှာတော့ ကျနော်တို့ ဈေးသပိတ်လေး လုပ်ပါတယ်ဗျ။ အဲ့ဒါပြီး နောက်ပိုင်းတော့ Oppo ကုမ္ပဏီက ဝန်ထမ်းတွေ ယူနီဖောင်း အနက်ဝတ်လို့ဆိုပြီး အဖမ်းခံရတာရှိတယ်။ ခုထိလည်း တွေ့ခွင့်မရသေးဘူး။ ကျနော်တို့ ရုံးကို လှမ်းဆက်တော့ ရုံးပိုင်းက သွားတယ်။ သွားတော့ ခု ထုတ်ဖို့အတွက် ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ သူတို့ကို ခုထိ ပေးမတွေ့ဘူးတဲ့။ လူက ၇ ယောက်၊ ၈ ယောက်အထိ ပါသွားတယ်။ Oppo ကုမ္ပဏီက ယူနီဖောင်းတွေက အမဲပဲ ထွက်တာ။ ဆိုင်ထဲမှာ နေနေတဲ့သူတွေကို ဖမ်းသွားတာဗျ။”

စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ဆန္ဒပြသူတွေ လမ်းမကြီးတွေပေါ်မှာ ချီတက် ကြွေးကြော်ဆန္ဒပြကြပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ ပထမဆုံးရက်မှာ အာဏာရှင်စနစ် အောက်မှာ ကျောင်းမတက်ကြဖို့နဲ့ ပြည်သူ့ပညာရေးစနစ်ကို ဖော်ဆောင်ဖို့ တိုက်တွန်းတဲ့ ဟောပြောမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“သပိတ်တွေက လမ်းမထက်ကို ပြန်တက်လာတယ်။ မုံရွာရဲ့ အဓိက လမ်းမတွေထဲမှာ တစ်လမ်းဖြစ်တဲ့ ပေ ၈၀ လမ်းမပေါ်ကို တက်ပြီး ဆန္ဒပြကြတယ်။ တစ်နိုင်ငံလုံး နှိုးဆော်ထားတဲ့ အတိုင်းပဲ စာအံသံတိတ် အာခံသပိတ် အနေနဲ့ ကျနော်တို့ အဓိကကတော့ လက်ရှိ ကလေးတွေအတွက် လုံခြုံမှု မပေးနိုင်တဲ့ စာသင်ခန်းတွေကို ခေတ္တခဏ ရုပ်သိမ်းပြီးတော့ပေါ့။ အမျိုးသားညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်မယ့် ပြည့်သူ့ပညာရေး အစီအစည်တွေမှာ ပြည်သူလူထုကနေပြီးတော့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီးတော့ ကိုယ်ရဲ့ သားသမီးတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်းကို ကိုယ်တိုင် ဖန်တီး ဖော်ဆောင်ကြဖို့ပေါ့နော်။ အဲ့ဒါကို အဓိကထားပြီး ပြောဖြစ်တယ်ဗျ။”

မုံရွာမြို့ တစ်ဘက်ကမ်းမှာတော့ ရွာပေါင်းစုံက လူအင်အားထောင်ချီနဲ့ သပိတ်စစ်ကြောင်းချီတက်ပြီး ဒီမနက်ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို အရပ်ဝတ်တွေနဲ့ လူတစ်စုက ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေသူတစ်ဦးက ပြောပြပါတယ်။ စစ်တပ်က စစ်ဘေးရှောင်တွေအတွက် အလှုငွေလာယူဖို့ ဖုန်းဆက်ချိန်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ညနေက ဗကသ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို ဖမ်းဆီးသွားတယ်။ အဓိက ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။ Ocean Center မှာ စစ်ဘေးရှောင်တွေအတွက် အလှူငွေပေးအပ်ဖို့ဆိုပြီးတော့ အဲ့ဒီလို ချိန်းခေါ်ပြီးတော့ အရပ်ဝတ်နဲ့ စစ်သား ၈ ယောက်လောက်ကနေပြီးတော့ ဖမ်းသွားတာလို့ ကျနော်တို့ ကြားတယ်ဗျ။ ခုချိန်ထိ ဘယ်မှာထားထားလဲဆိုတာကို စုံစမ်းလို့ မရသေးဘူးဗျ။”

စစ်တပ်အာဏာသိမ်းပြီး ၄ လကြာလာချိန်မှာ လူငယ်တချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ နည်းလမ်းကို ရွေးချယ်လာကြပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ပြန်လည် ခုခံချင်သူတွေ ရှိနေတယ်လို့ လူငယ်တယောက်က ပြောပြပါတယ်။

“စစ်ကောင်စီတပ်တွေ ဝင်လာရင် ခုခံကာကွယ်မယ်ဆိုတဲ့ လူငယ်တွေရှိသလို ဒီအတွက်လည်းပြင်ဆင် နေကြတယ်လို့ ကျနော်တို့ သိရတယ်လေ။ ရေရှည်မှာ ကျလာလို့ရှိရင် စစ်ကောင်စီတပ်တွေရဲ့ မတရား နှိပ်စက်ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ပြန်လည်ခုခံနိုင်မယ့် လက်နက်ကိုင်တိုက်ပွဲတွေကတော့ ထားဝယ်မြို့ပေါ်မှာတင်ပဲ ဖြစ်လာနိုင်တယ်။ ဖြစ်လည်း ဖြစ်ဖို့ တော်တော်လေး နီးစပ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒီတော့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကလည်း ရှိနေမယ်။ ဒီလိုမျိုး ဆန္ဒပြနေတဲ့ ပြည်သူလူထုအပါအဝင် ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ဟာတွေကို လက်နက်နဲ့ ပြန်လည်ပြီးတော့ ခုခံကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ လှုပ်ရှားမှုတွေရှိသလို သူ့ကို ပြန်ပြီးတော့ တုံ့ပြန်ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်တဲ့ အင်အားစုတွေလည်း ရေရှည်မှာကျရင် ရှိလာနိုင်တယ်လေ။”

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးဖြိုခွဲမှုတွေကြားကပဲ နေ့စဉ်ဆန္ဒပြနေကြတဲ့ မန္တလေး၊ စစ်ကိုင်း၊ လောင်းလုံမြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေသလို ဖျာပုံ၊ မတ္တရာ၊ မိုးကောင်းနဲ့ လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေမှာ ကျောင်းမတက်ရေးဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG