သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ အေျခခံပညာေက်ာင္းမ်ား ရာႏႈန္းျပည့္နီးပါးေက်ာင္းတက္


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အတြင္းက အေျခခံပညာ ေက်ာင္းသူ ေက်ာင္းသားမ်ားနဲ႔ ေက်ာင္းသားမိဘမ်ား။ (ဇြန္ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတဝန္းက အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္တဲ့ ဒီေန႔မွာ ရခိုင္ျပည္နယ္မွာေတာ့ ရာႏႈန္းျပည့္နီးပါး ေက်ာင္းတက္သူေတြ မ်ားတယ္လို႔ ျပည္နယ္ ပညာေရးမွဴး႐ံုးက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ ဒုတိယလႈိင္းထဲက မထြက္ေသးတဲ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အေျခခံေက်ာင္းေတြကို ကိုဗစ္စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ ဖြင့္လွစ္တယ္လို႔ ဆိုေပမဲ့ ေက်ာင္းသားေတြ လိုက္နာၾကပါရဲ႕လား၊ ရခိုင္ျပည္နယ္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္း ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အတြင္းက အေျခခံပညာ ေက်ာင္းသူ ေက်ာင္းသားမ်ားနဲ႔ ေက်ာင္းသားမိဘမ်ား။ (ဇြန္ ၀၁၊ ၂၀၂၁)
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အတြင္းက အေျခခံပညာ ေက်ာင္းသူ ေက်ာင္းသားမ်ားနဲ႔ ေက်ာင္းသားမိဘမ်ား။ (ဇြန္ ၀၁၊ ၂၀၂၁)

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနခ်ိန္မွာ ပထမဆံုးျပန္ဖြင့္တဲ့ အေျခခံပညာေက်ာင္းေတြကို သပိတ္ေမွာက္ၾကဖို႔ ေဆာ္ၾသမႈေတြ ႐ွိေနခ်ိန္မွာ ရခိုင္ျပည္နယ္မွာေတာ့ ေက်ာင္းျပန္တက္သူ ေတာ္ေတာ္ေလး မ်ားပါတယ္။ တျပည္နယ္လံုး ေက်ာင္းတက္သူ ၃၅၀,၀၀၀ ေက်ာ္အထိ ရွိတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမွဴးးရံုး ဒုတိယညြန္ၾကားေရးမွဴး ေဒါက္တာထြန္းထြန္းသိန္း ေျပာပါတယ္။

“ရခိုင္ျပည္နယ္ အတိုင္းအတာကေတာ့ စိန္ေခၚမႈ မရွိပါဘူး။ မိဘေတြရဲ႕ အကူအညီ ေက်ာင္းသားေတြရဲ႕ အကူအညီေတြနဲ႔ သူ႔ဟာနဲ႔သူ အကုန္လံုးေက်ာင္းတက္လ်က္ရွိပါတယ္။ ဒီေန႔ ဇြန္လ တစ္ရက္ေန႔မွာေလ။ ဒီေန႔က ေက်ာင္းလာတက္တာ ေက်ာင္းစုစုေပါင္းက အေျခခံပညာ ကိုယ္ပိုင္ေက်ာင္းရယ္၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း အပါအဝင္ ၃၅၈,၉၃၁ ဦး ေက်ာင္းလာတက္ၾကပါတယ္။ တစ္ျပည္နယ္လံုးပါပဲခင္ဗ်ာ။”

ရခိုင္ျပည္နယ္ထဲမွာ ႐ွိတဲ့ အေျခခံပညာေက်ာင္းသားဦးေရ အားလံုးနီးပါး ေက်ာင္းျပန္တက္ေနၾကတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္တဝန္းမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြကို ၂၀၂၀ ၾသဂုတ္လထဲက ပိတ္ထားခဲ့တာပါ။ လက္႐ွိမွာလည္း ရခိုင္ျပည္နယ္ထဲမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနသူ ၁၀ ထက္မနည္း ႐ွိေနပါတယ္။ စာသင္ေက်ာင္းေတြကို ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ ကိုဗစ္စည္းကမ္းေတြနဲ႔အညီ ဖြင့္လွစ္ေနပါတယ္လို႔ ေဒါက္တာထြန္းထြန္းသိန္း ေျပာပါတယ္။

“ကိုဗစ္စည္းကမ္းကေတာ့ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ ကိုဗစ္ ဗားရွင္း ၄.၀ ေပါ့... တစ္ဦးနဲ႔ တစ္ဦး ေျခာက္ေပအကြာမွာ ေနရမယ္။ ေက်ာင္းဟိုဟာျဖစ္တဲ့အခါမွာ ေလးေပ အကြာနဲ႔ သင္ၾကားရမယ္ဆိုတာကို ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ ေဆာင္ရြက္ခ်က္နဲ႔ အညီ ေဆာင္ရြက္လ်က္၊ ေက်ာင္းတက္လ်က္ ရွိပါတယ္။ ႏိုင္ငံေတာ္ကေတာ့ Mask ကုိ နွစ္ခုက် အကုန္လံုး ေပးထားတာရွိပါတယ္။ ေက်ာင္းစာသင္းခန္းထဲမွာေတာ့ Mask တပ္ထားတာ Face shield တပ္ထားတာ ရွိပါတယ္။”

စစ္ေတြၿမိဳ႕ထဲက ေက်ာင္းတခ်ဳိ႕မွာေတာ့ ေက်ာင္းသား ေက်ာင္းသူေတြေတာ္ေတာ္မ်ားမ်ား နွာေခါင္းစည္းမတပ္ၾကဘဲ ႏွာေခါင္းစည္းတပ္သူ အနည္းအက်ဥ္းသာ ေတ႔ြရပါတယ္။ ဒီေန႔ ေက်ာင္းတက္တဲ့ အလယ္တန္းေက်ာင္းသား တစ္ဦးကလည္း သူတို႔ေက်ာင္းမွာ ေက်ာင္းသူေက်ာင္းသားေတြတင္ မဟုတ္ဘဲ ဆရာ၊ ဆရာမေတြပါ နွာေခါင္းစည္းတပ္တာ မေတြ႔ရဘူးလို႔ ေျပာပါတယ္။

“Mask ေတာ့ တစ္ေယာက္မွ မတပ္ဘူး အကို။ ဆရာ၊ ဆရာမေတြေတာင္မွ Mask တပ္တာ မေတြ႔ဘူးေလ။ ဒီေန႔ ေက်ာင္းစဖြင့္တဲ့ ေန႔မုိ႔လို႔ထင္တယ္။ မတပ္ၾကတာ မနက္ျဖန္ေတာ့ စာသင္ရမယ္ထင္တယ္။ Mask တပ္တာေတာ့ တစ္ေယာက္မွ မေတြ႔ဘူး။ Mask တပ္ဖို႔လည္း မမွာလိုက္ဘူး။”

ရခိုင္ျပည္နယ္မွာ အခုျပန္ဖြင့္ေနတဲ့ ၂၀၂၁ -၂၀၂၂ ခုနွစ္ ပညာသင္နွစ္အတြက္ မူလတန္းကေန အထက္တန္းအထိ ေက်ာင္းအပ္ထားသူ ေက်ာင္းသား စုစုေပါင္း ၃၈၀,၀၀၀ ေက်ာ္႐ွိတယ္လို႔ ျပည္နယ္ပညာေရးရံုးရဲ႕ စာရင္းအရ သိရပါတယ္။ အရင္ ၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္တုန္းကေတာ့ ရခိုင္ျပည္နယ္ထဲမွာ အေျခခံပညာ ေက်ာင္းတက္သူ စုစုေပါင္း ၅၄၀,၀၀၀ ပါးနီး႐ွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ် အခြေခံပညာကျောင်းများ ရာနှုန်းပြည့်နီးပါးကျောင်းတက်

မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ ဒီနေ့မှာ ရခိုင်ပြည်နယ်မှာတော့ ရာနှုန်းပြည့်နီးပါး ကျောင်းတက်သူတွေ များတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းထဲက မထွက်သေးတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အခြေခံကျောင်းတွေကို ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်တယ်လို့ ဆိုပေမဲ့ ကျောင်းသားတွေ လိုက်နာကြပါရဲ့လား၊ ရခိုင်ပြည်နယ်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ပြောပြပါမယ်။

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေချိန်မှာ ပထမဆုံးပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေကို သပိတ်မှောက်ကြဖို့ ဆော်သြမှုတွေ ရှိနေချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ကျောင်းပြန်တက်သူ တော်တော်လေး များပါတယ်။ တပြည်နယ်လုံး ကျောင်းတက်သူ ၃၅၀,၀၀၀ ကျော်အထိ ရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးးရုံး ဒုတိယညွန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်း ပြောပါတယ်။

“ရခိုင်ပြည်နယ် အတိုင်းအတာကတော့ စိန်ခေါ်မှု မရှိပါဘူး။ မိဘတွေရဲ့ အကူအညီ ကျောင်းသားတွေရဲ့ အကူအညီတွေနဲ့ သူ့ဟာနဲ့သူ အကုန်လုံးကျောင်းတက်လျက်ရှိပါတယ်။ ဒီနေ့ ဇွန်လ တစ်ရက်နေ့မှာလေ။ ဒီနေ့က ကျောင်းလာတက်တာ ကျောင်းစုစုပေါင်းက အခြေခံပညာ ကိုယ်ပိုင်ကျောင်းရယ်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အပါအဝင် ၃၅၈,၉၃၁ ဦး ကျောင်းလာတက်ကြပါတယ်။ တစ်ပြည်နယ်လုံးပါပဲခင်ဗျာ။”

ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အခြေခံပညာကျောင်းသားဦးရေ အားလုံးနီးပါး ကျောင်းပြန်တက်နေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တဝန်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေကို ၂၀၂၀ သြဂုတ်လထဲက ပိတ်ထားခဲ့တာပါ။ လက်ရှိမှာလည်း ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေသူ ၁၀ ထက်မနည်း ရှိနေပါတယ်။ စာသင်ကျောင်းတွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဖွင့်လှစ်နေပါတယ်လို့ ဒေါက်တာထွန်းထွန်းသိန်း ပြောပါတယ်။

“ကိုဗစ်စည်းကမ်းကတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကိုဗစ် ဗားရှင်း ၄.၀ ပေါ့... တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာမှာ နေရမယ်။ ကျောင်းဟိုဟာဖြစ်တဲ့အခါမှာ လေးပေ အကွာနဲ့ သင်ကြားရမယ်ဆိုတာကို ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဆောင်ရွက်ချက်နဲ့ အညီ ဆောင်ရွက်လျက်၊ ကျောင်းတက်လျက် ရှိပါတယ်။ နိုင်ငံတော်ကတော့ Mask ကို နှစ်ခုကျ အကုန်လုံး ပေးထားတာရှိပါတယ်။ ကျောင်းစာသင်းခန်းထဲမှာတော့ Mask တပ်ထားတာ Face shield တပ်ထားတာ ရှိပါတယ်။”

စစ်တွေမြို့ထဲက ကျောင်းတချို့မှာတော့ ကျောင်းသား ကျောင်းသူတွေတော်တော်များများ နှာခေါင်းစည်းမတပ်ကြဘဲ နှာခေါင်းစည်းတပ်သူ အနည်းအကျဉ်းသာ တေ့ွရပါတယ်။ ဒီနေ့ ကျောင်းတက်တဲ့ အလယ်တန်းကျောင်းသား တစ်ဦးကလည်း သူတို့ကျောင်းမှာ ကျောင်းသူကျောင်းသားတွေတင် မဟုတ်ဘဲ ဆရာ၊ ဆရာမတွေပါ နှာခေါင်းစည်းတပ်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

“Mask တော့ တစ်ယောက်မှ မတပ်ဘူး အကို။ ဆရာ၊ ဆရာမတွေတောင်မှ Mask တပ်တာ မတွေ့ဘူးလေ။ ဒီနေ့ ကျောင်းစဖွင့်တဲ့ နေ့မို့လို့ထင်တယ်။ မတပ်ကြတာ မနက်ဖြန်တော့ စာသင်ရမယ်ထင်တယ်။ Mask တပ်တာတော့ တစ်ယောက်မှ မတွေ့ဘူး။ Mask တပ်ဖို့လည်း မမှာလိုက်ဘူး။”

ရခိုင်ပြည်နယ်မှာ အခုပြန်ဖွင့်နေတဲ့ ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မူလတန်းကနေ အထက်တန်းအထိ ကျောင်းအပ်ထားသူ ကျောင်းသား စုစုပေါင်း ၃၈၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ပညာရေးရုံးရဲ့ စာရင်းအရ သိရပါတယ်။ အရင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တုန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ အခြေခံပညာ ကျောင်းတက်သူ စုစုပေါင်း ၅၄၀,၀၀၀ ပါးနီးရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG