သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းတြင္း ေဒသခံကာကြယ္ေရးအဖဲြ႔နဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပဲြျဖစ္


စစ္ကိုင္းတိုင္း ကေလးၿမိဳ႕က အာဏာရွင္ဆန္႔က်င္ဖီဆန္ သပိတ္စစ္ေၾကာင္း ျမင္ကြင္း။ (ေမ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ သာစည္ေက်းရြာမွာ စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖြဲ႔တို႔ၾကား ေမလ ၃၁ ရက္ ဒီေန႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ကသာၿမိဳ႕နယ္ဘက္မွာလည္း ေဒသခံကာကြယ္ေရးတပ္ဖဲြ႔ေတြနဲ႔ မေန႔က တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာမွာ စစ္ေကာင္စီက ေလယာဥ္ေတြနဲ႔ လာၿပီး ဗံုးႀကဲသြားတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပပါမယ္။

စစ္ကုိင္းတိုင္း ကေလးၿမိဳ႕ သာစည္ေက်းရြာမွာ ကေလးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ (PDF) နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ဒီေန႔ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ကေလးၿမိဳ႕က ျပည္သူ႔လံုၿခံဳေရးအဖြဲ႔ (KCA) နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (PDF) တို႔က ပူေပါင္းထားၿပီး PDF တပ္ဖြဲ႔အေနနဲ႔ တိုက္ခိုက္တာလို႔ ကေလးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ တပ္မွဴးႀကီးက ဗီြအိုေအကို ေျပာပါတယ္။

“သူတို႔က မနက္ ၅ နာရီဝန္းက်င္၊ ၅ နာရီအေက်ာ္ေလာက္မွာ ဝိုင္းၾကတယ္ဗ်။ အရပ္ဝတ္ေတြနဲ႔ ဝင္လာၿပီး ဒီက်ေနာ္တို႔ PDF ထဲမွာ ပါတဲ့ အိမ္ကို ဝိုင္းတာ သူတို႔ကေတာ့ လြတ္သြားတယ္ဗ်။ အဲ့ဒီလိုမ်ဳိးေလး အဲ့ဒါကို က်ေနာ္တို႔ လူစုၿပီးမွ ရြာခံေတြနဲ႔ တိုင္ပင္ၿပီး ရြာနာမွာစိုးလို႔ေပါ့ေနာ္ က်ေနာ္တို႔က ရြာခံေတြနဲ႔ တိုင္ပင္၊ ရြာလည္း နာရင္ နာ၊ ဝင္တိုက္ေပးပါဆိုလို႔ က်ေနာ္တုိ႔ အဲ့ဒီလိုမ်ဳိး တိုက္ပြဲေလးထိေတြ႔သြားတယ္ဗ်။ အဲ့ဒီလိုမ်ဳိး က်ေနာ္တုိ႔ဘက္ကေတာ့ ဒဏ္ရာရတဲ့ လူမရွိပါဘူးဗ်။ သူတို႔ဘက္ကေတာ့ ၃ ေယာက္ကေတာ့ ထိတယ္။ ၃ ေယာက္ အနည္းဆံုး ထိတယ္ေပါ့ေနာ္.. ဒါေပမဲ့ ေသ မေသေတာ့.. ၂ ေယာက္ကေတာ့ႏိုင္တယ္ဗ် တစ္ခါတည္း ေခြက်သြားတယ္ဆိုေတာ့။”

ေန႔လယ္ပိုင္းမွာ တိုက္ပြဲစျဖစ္ခဲ့ၿပီး ညေန ၃ နာရီေလာက္မွာ ျပန္ၿငိမ္သြားတယ္လို႔ ကေလးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရး (PDF) တပ္ဖြဲ႔ တပ္မွဴးၾကီးက ေျပာပါတယ္။ သာစည္ေက်းရြာက ေက်ာင္းသားေတြနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းအပါအဝင္ မိသားစုဝင္ေတြကို ဒီေန႔မနက္ေစာပိုင္းမွာ စစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီးေနာက္ တုိက္ပြဲေတြ စျဖစ္တာလို႔ PDF အဖြဲ႔ဝင္ထဲက သာစည္ေက်းရြာခံတစ္ဦးက ေျပာပါတယ္။

“ေက်းရြာအုပ္စုေရးမွဴးေပါ့ေနာ္၊ အုပ္ခ်ဳပ္ေရးမွဴးအေဟာင္းေပါ့ေနာ္၊ ဒီ NLD အစိုးရတုန္းကအုပ္ခ်ဳပ္ေရးမွဴး ခန္႔ထားတဲ့ဟာေပါ့ေနာ္။ အဲ့ဒါမိသားစုလိုက္ပါတယ္။ အဲ့ဒီထဲမွာ ကေလးေတြေရာေပါ့ေနာ္... သူကေတာ့ မိသားစုအလိုက္ တူေတြ၊ တူမေတြေရာ မိန္းကေလးေတာ့မ်ားတယ္။ မိန္းကေလးက ၄ ေယာက္ေလာက္ေတာ့ ရွိမယ္ေနာ္။ အဲ့ဒါၿပီးရင္ ေယာက်ာ္းေလးက ၉ ေယာက္ဗ်။ အဲ့ဒီမွာ က်ေနာ္က နာမည္ကေတာ့ အတိအက်ေတာ့ မသိေသးဘူးေပါ့ေနာ္ က်ေနာ္တို႔ ေလာေလာဆယ္တိုက္ေနတုန္းနဲ႔ ပါသြားတယ္ဆိုေတာ့ေလ။ဥကၠ႒မိသားစု တစ္စုနဲ႔ အျပင္လူငယ္ေလးေတြေပါ့ေနာ္။ ေက်ာင္းသားေလးေတြ အဲ့ဒါ ၉ ေယာက္။ အဲ့ဒါၿပီးရင္ က်ေနာ္တို႔ NLD တိုက္ကေပါ့ေနာ္... ကိုလႈိင္ထြန္း အဲ့ဒါတစ္ေယာက္ပါတယ္ဗ် အားလံုးေပါင္း ၁၀ ေယာက္ေပါ့။”

မေန႔က ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြျဖစ္ထားတဲ့ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ဘက္မွာလည္း ဒီေန႔ညေန ညေန ၅ နာရီ ၁၅ မိနစ္ေလာက္က စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗံုး ငါးလံုးေလာက္ လာႀကဲသြားတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ေလယာဥ္ တစ္စင္းဗ်၊ တစ္စင္းေအာက္ေနကၿပီးေတာ့ သူတို႔ စက္ေသနတ္နဲ႔ ရမ္းပစ္လာလည္း ႀကံဳရတယ္။ ဒါေပမဲ့လို႔ ဒီဘက္က PDF အဖြဲ႔ေတြက ၿငိမ္ေနတယ္။ ၅ နာရီ ၁၅ မွာ လာၿပီး ဗံုးခ်သြားတာ ငါးလံုးလို႔ ေျပာပါတယ္။ အဲ့ဒီမွာ ငါးလံုးခ်ၿပီး သူျပန္လွည့္သြားပါတယ္၊ ဘယ္ေနရာလဲ ေနရာေတြက ခုနေတာ့ လူသူမရွိတဲ့ေနရာျဖစ္သြားတာေပ့ါေနာ္။ ရြာေတြေပၚေတာ့ မဟုတ္ဘူး။ လူအထိအခိုက္ေတာ့ မရွိပါဘူး။ စစ္ေကာင္စီက သူ႔ဟာသူလာပစ္သြားတာပါ။”

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ သာစည္ေက်းရြာနဲ႔ ကသာၿမိဳ႕နယ္ထဲက ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနကုိ မသိရေသးဘူးလို႔ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဟိုဟာ မရွိပါဘူးဗ်၊ ဟိုဘက္မွာေတာ့ ရွိတယ္။ က်ေနာ္တို႔ ဟားခါးဘက္မွာေတာ့၊ ဟားခါးဘက္မွာေတာ့ ရွိတယ္။ အဲ့ဒါပဲ ရွိပါတယ္။”

ကသာၿမိဳ႕နယ္ထဲက ကသာ-ဗန္းေမာ္သြားတဲ့ လမ္းမေပၚက မိုးတားနဲ႔ ဟဲနားရြာၾကားမွာ မေန႔ ေမလ ၃၀ ရက္ေန႔က စစ္တပ္နဲ႔ ေဒသခံ PDF အဖဲြ႔တုိ႔ ျဖစ္ပြားတဲ့ တုိက္ပြဲအတြင္း ကခ်င္လက္နက္ကိုင္ KIA တပ္မဟာ ၈ က တပ္ဖဲြ႔ ၁၅ ေယာက္ေလာက္ ပါဝင္တိုက္ခိုက္ေပးတယ္လို႔ ကသာ PDF အဖဲြ႔ကေျပာပါတယ္။ ႏွစ္ဘက္တိုက္ခိုက္မႈမွာ ေဒသခံ PDF တပ္ဖြဲ႔ဘက္က ၅ ဦးက်ဆံုးၿပီး စစ္ေကာင္စီဘက္က ၁၀ ဦးထက္မနည္း က်ဆံုးခဲ့တယ္လို႔လည္း ေျပာပါတယ္။ ေမလ ၃၀ ရက္ေန႔က ခ်င္းျပည္နယ္ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ႕နယ္အတြင္းမွာလည္း ေဒသခံျပည္သူ႔ကာကြယ္ေရး CDF တပ္ဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ၾကား တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဘက္က ၈ ဦး ေသဆံုးခဲ့ၿပီး ေဒသခံ CDF တပ္ဖြဲ႔ဘက္ ၂ ဦး ေသ၊ ၃ ဦးဒဏ္ရာရရွိခဲ့ပါတယ္။ ေဒသခံကာကြယ္ေရးတပ္ဖဲြ႔ေတြဘက္ကေျပာတဲ့ ေသဆံုးမႈအေရအတြက္ကိုေတာ့ သီးျခား မတည္မျပဳႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကိုင်းတိုင်းတွင်း ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား မေလ ၃၁ ရက် ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကသာမြို့နယ်ဘက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကလေးမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့ (KCA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ပူပေါင်းထားပြီး PDF တပ်ဖွဲ့အနေနဲ့ တိုက်ခိုက်တာလို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူးကြီးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က မနက် ၅ နာရီဝန်းကျင်၊ ၅ နာရီအကျော်လောက်မှာ ဝိုင်းကြတယ်ဗျ။ အရပ်ဝတ်တွေနဲ့ ဝင်လာပြီး ဒီကျနော်တို့ PDF ထဲမှာ ပါတဲ့ အိမ်ကို ဝိုင်းတာ သူတို့ကတော့ လွတ်သွားတယ်ဗျ။ အဲ့ဒီလိုမျိုးလေး အဲ့ဒါကို ကျနော်တို့ လူစုပြီးမှ ရွာခံတွေနဲ့ တိုင်ပင်ပြီး ရွာနာမှာစိုးလို့ပေါ့နော် ကျနော်တို့က ရွာခံတွေနဲ့ တိုင်ပင်၊ ရွာလည်း နာရင် နာ၊ ဝင်တိုက်ပေးပါဆိုလို့ ကျနော်တို့ အဲ့ဒီလိုမျိုး တိုက်ပွဲလေးထိတွေ့သွားတယ်ဗျ။ အဲ့ဒီလိုမျိုး ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတဲ့ လူမရှိပါဘူးဗျ။ သူတို့ဘက်ကတော့ ၃ ယောက်ကတော့ ထိတယ်။ ၃ ယောက် အနည်းဆုံး ထိတယ်ပေါ့နော်.. ဒါပေမဲ့ သေ မသေတော့.. ၂ ယောက်ကတော့နိုင်တယ်ဗျ တစ်ခါတည်း ခွေကျသွားတယ်ဆိုတော့။”

နေ့လယ်ပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်ငြိမ်သွားတယ်လို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ တပ်မှူးကြီးက ပြောပါတယ်။ သာစည်ကျေးရွာက ကျောင်းသားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် မိသားစုဝင်တွေကို ဒီနေ့မနက်စောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်တာလို့ PDF အဖွဲ့ဝင်ထဲက သာစည်ကျေးရွာခံတစ်ဦးက ပြောပါတယ်။

“ကျေးရွာအုပ်စုရေးမှူးပေါ့နော်၊ အုပ်ချုပ်ရေးမှူးအဟောင်းပေါ့နော်၊ ဒီ NLD အစိုးရတုန်းကအုပ်ချုပ်ရေးမှူး ခန့်ထားတဲ့ဟာပေါ့နော်။ အဲ့ဒါမိသားစုလိုက်ပါတယ်။ အဲ့ဒီထဲမှာ ကလေးတွေရောပေါ့နော်... သူကတော့ မိသားစုအလိုက် တူတွေ၊ တူမတွေရော မိန်းကလေးတော့များတယ်။ မိန်းကလေးက ၄ ယောက်လောက်တော့ ရှိမယ်နော်။ အဲ့ဒါပြီးရင် ယောကျာ်းလေးက ၉ ယောက်ဗျ။ အဲ့ဒီမှာ ကျနော်က နာမည်ကတော့ အတိအကျတော့ မသိသေးဘူးပေါ့နော် ကျနော်တို့ လောလောဆယ်တိုက်နေတုန်းနဲ့ ပါသွားတယ်ဆိုတော့လေ။ဥက္ကဋ္ဌမိသားစု တစ်စုနဲ့ အပြင်လူငယ်လေးတွေပေါ့နော်။ ကျောင်းသားလေးတွေ အဲ့ဒါ ၉ ယောက်။ အဲ့ဒါပြီးရင် ကျနော်တို့ NLD တိုက်ကပေါ့နော် ကိုလှိုင်ထွန်း အဲ့ဒါတစ်ယောက်ပါတယ်ဗျ အားလုံးပေါင်း ၁၀ ယောက်ပေါ့။”

မနေ့က ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ထားတဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်မှာလည်း ဒီနေ့ညနေ ညနေ ၅ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ငါးလုံးလောက် လာကြဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ် တစ်စင်းဗျ၊ တစ်စင်းအောက်နေကပြီးတော့ သူတို့ စက်သေနတ်နဲ့ ရမ်းပစ်လာလည်း ကြုံရတယ်။ ဒါပေမဲ့လို့ ဒီဘက်က PDF အဖွဲ့တွေက ငြိမ်နေတယ်။ ၅ နာရီ ၁၅ မှာ လာပြီး ဗုံးချသွားတာ ငါးလုံးလို့ ပြောပါတယ်။ အဲ့ဒီမှာ ငါးလုံးချပြီး သူပြန်လှည့်သွားပါတယ်၊ ဘယ်နေရာလဲ နေရာတွေက ခုနတော့ လူသူမရှိတဲ့နေရာဖြစ်သွားတာပေ့ါနော်။ ရွာတွေပေါ်တော့ မဟုတ်ဘူး။ လူအထိအခိုက်တော့ မရှိပါဘူး။ စစ်ကောင်စီက သူ့ဟာသူလာပစ်သွားတာပါ။”

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာနဲ့ ကသာမြို့နယ်ထဲက ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဟိုဟာ မရှိပါဘူးဗျ၊ ဟိုဘက်မှာတော့ ရှိတယ်။ ကျနော်တို့ ဟားခါးဘက်မှာတော့၊ ဟားခါးဘက်မှာတော့ ရှိတယ်။ အဲ့ဒါပဲ ရှိပါတယ်။”

ကသာမြို့နယ်ထဲက ကသာ-ဗန်းမော်သွားတဲ့ လမ်းမပေါ်က မိုးတားနဲ့ ဟဲနားရွာကြားမှာ မနေ့ မေလ ၃၀ ရက်နေ့က စစ်တပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကချင်လက်နက်ကိုင် KIA တပ်မဟာ ၈ က တပ်ဖွဲ့ ၁၅ ယောက်လောက် ပါဝင်တိုက်ခိုက်ပေးတယ်လို့ ကသာ PDF အဖွဲ့ကပြောပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုမှာ ဒေသခံ PDF တပ်ဖွဲ့ဘက်က ၅ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး CDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံ CDF တပ်ဖွဲ့ဘက် ၂ ဦး သေ၊ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောတဲ့ သေဆုံးမှုအရေအတွက်ကိုတော့ သီးခြား မတည်မပြုနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG