သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အင်ဒိုဦးဆောင်ကြိုးပမ်းမှု အသိအမှတ်ပြု - ကန်ဒုနိုင်ငံခြားရေးဝန်ကြီး


အမေရိကန် ဒု နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman (ဝဲ) နဲ့ အင်ဒိုနီးရှား ဒုနိုင်ငံခြားရေးဝန်ကြီး Mahendra Siregar (ယာ) တို့ အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (မေ ၃၁၊ ၂၀၂၁)
အမေရိကန် ဒု နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman (ဝဲ) နဲ့ အင်ဒိုနီးရှား ဒုနိုင်ငံခြားရေးဝန်ကြီး Mahendra Siregar (ယာ) တို့ အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (မေ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို တုံ့ပြန်ရာမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အကြောင်း အာရှဒေသတွင်း နိုင်ငံတွေကို လာရောက်တဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဂျကာတာမှာ ဒီကနေ့ ပြောဆိုပါတယ်။

"မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်မှုအောက် ပြန်ရောက်ရေး အင်ဒိုနီးရှားနိုင်ငံကရှေ့ဆုံးက ပါဝင်ခဲ့ပါတာကို အသိအမှတ်ပြုတယ်။" လို့ အမေရိကန် ဒု နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman ၊ အင်ဒိုနီးရှား ဒုနိုင်ငံခြားရေးဝန်ကြီး Mahendra Siregar နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အင်ဒိုနီးရှားပြီးရင် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေကိုလည်း ဝန်ကြီး Sherman သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေအပေါ် အမေရိကန်ပြည်ထောင်စုထားရှိတဲ့ ကတိကဝတ်တွေကို ခိုင်ခိုင်မာမာ ထပ်မံ အတည်ပြုတဲ့ ခရီးစဉ်ဖြစ်သလို မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး၊ မတရား ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး အပါအဝင် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးနဲ့ ဒေသတွင်း အခြားကိစ္စရပ်တွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်ပြီးရင်တော့ ဘယ်လ်ဂျီယံနဲ့ တူရကီနိုင်ငံတွေကိုလည်း ဒုဝန်ကြီး Wendy Sherman သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG