(Zawgyi / Unicode)
ဖယ္ခံုၿမိဳ႕မွာ တနဂၤေႏြေန႔ ညေနပိုင္းမွာ အသက္ ၃၀ ေက်ာ္အရြယ္ ေသာမတ္အပီးဆိုတဲ့ လူငယ္တဦးကို လံုၿခံဳေရးတပ္ဖြဲ႔က ဖမ္းဆီးၿပီး စစ္တပ္ထဲကို ေခၚေဆာင္သြားေၾကာင္း ၿမိဳ႕ခံေတြက ဗီြအိုေအကို ေျပာပါတယ္။
“ေသာမတ္အပီးလို႔ ေခၚတယ္။ သူ႔ကို ပထမဆံုး ရဲစခန္းကို ေခၚသြားတယ္ ေျပာတယ္။ ေနာက္ မိသားစုဝင္တခ်ိဳ႕နဲ႔ သူငယ္ခ်င္းေတြက လိုက္ရွာၿပီး ေတြ႔ေတာ့ မရဘူးတဲ့။ မရဘူးဆိုၿပီးေတာ့ ဒီ စကခ ေခၚမွာေပါ့ေနာ္။ စစ္တပ္ထဲကို ေခၚသြားတယ္။”
တနဂၤေႏြေန႔က ဖယ္ခံုၿမိဳ႕တြင္း သြားလာေနသူေတြကို လံုၿခံဳေရးတပ္ဖြဲ႔ေတြက ရပ္တန္႔ခိုင္းၿပီး လက္ကိုင္ဖုန္းေတြကို စစ္ေဆးခဲ့တာမွာ ေသာမတ္အပီးရဲ႕ လက္ကိုင္ဖုန္းကို စစ္ေဆးၿပီး ဖမ္းဆီးသြားတာျဖစ္ေၾကာင္း ၿမိဳ႕ခံေတြက ေျပာပါတယ္။
ေသာမတ္အပီးဟာ သူ႔ရဲ႕ လူမႈကြန္ရက္ Facebook နဲ႔ Tik Tok တို႔မွာ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ အေၾကာင္းေတြ ေျပာဆိုသူျဖစ္ၿပီး အခုဖမ္းခံရမႈဟာ အဲဒါေတြနဲ႔ ဆက္စပ္ႏုိင္တယ္လို႔လည္း ၿမိဳ႕ခံအသိုင္းအဝုိင္းက ေျပာပါတယ္။
တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ ဖယ္ခံုၿမိဳ႕မွာ အမ်ားစုက တိမ္းေရွာင္ ထြက္ေျပးေနၾကၿပီး တိမ္းေရွာင္ဖို႔ အခြင့္မသာသူေတြဘဲ က်န္ရွိေနတာမွာ လံုၿခံဳေရးအတြက္ စိုးရိမ္ေနၾကရတာပါ။ စေနေန႔ညပိုင္းမွာလည္း တပ္မေတာ္ဘက္က အင္အားထပ္တိုး ေရာက္ရွိလာၿပီး မိုးသည္းထန္ေနတဲ့ ၾကားထဲမွာပဲ ဖယ္ခံုတၿမိဳ႕လံုး ေသနတ္ပစ္ခတ္သံေတြ ဆူညံေနခဲ့တယ္လို႔လည္း ေျပာပါတယ္။
ကယားျပည္နယ္ထဲမွာပဲ တနဂၤေႏြေန႔မွာ ေဘာ္လခဲၿမိဳ႕က လူငယ္ႏွစ္ေယာက္ကိုလည္း စစ္ေကာင္စီတပ္ဘက္က သူတုိ႔ရဲ႕ဖုန္းေတြကို စစ္ေဆးအၿပီး ဖမ္းဆီးသြားတယ္လို႔ ၿမိဳ႕ခံေတြက ဗြီအိုေအကို ျေပာပါတယ္။ အဖမ္းခံရသူ ၂ ေယာက္ကေတာ့ ေဘာလခဲၿမိဳ႕ ရွမ္းပိုင္းရပ္ကြက္က အသက္ ၁၉ ႏွစ္အရြယ္ အိုက္သားနဲ႔ ေတာင္ပိုင္းရပ္ကြက္က မဇင္မာေဌးတို႔ ျဖစ္ပါတယ္။
---------------------
(Unicode)
အာဏာသိမ်းမှု အွန်လိုင်းကဆန့်ကျင်သူ ဖယ်ခုံမှာ အဖမ်းခံရ
ဖယ်ခုံမြို့မှာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အသက် ၃၀ ကျော်အရွယ် သောမတ်အပီးဆိုတဲ့ လူငယ်တဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်တပ်ထဲကို ခေါ်ဆောင်သွားကြောင်း မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
“သောမတ်အပီးလို့ ခေါ်တယ်။ သူ့ကို ပထမဆုံး ရဲစခန်းကို ခေါ်သွားတယ် ပြောတယ်။ နောက် မိသားစုဝင်တချို့နဲ့ သူငယ်ချင်းတွေက လိုက်ရှာပြီး တွေ့တော့ မရဘူးတဲ့။ မရဘူးဆိုပြီးတော့ ဒီ စကခ ခေါ်မှာပေါ့နော်။ စစ်တပ်ထဲကို ခေါ်သွားတယ်။”
တနင်္ဂနွေနေ့က ဖယ်ခုံမြို့တွင်း သွားလာနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရပ်တန့်ခိုင်းပြီး လက်ကိုင်ဖုန်းတွေကို စစ်ဆေးခဲ့တာမှာ သောမတ်အပီးရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
သောမတ်အပီးဟာ သူ့ရဲ့ လူမှုကွန်ရက် Facebook နဲ့ Tik Tok တို့မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အကြောင်းတွေ ပြောဆိုသူဖြစ်ပြီး အခုဖမ်းခံရမှုဟာ အဲဒါတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း မြို့ခံအသိုင်းအဝိုင်းက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဖယ်ခုံမြို့မှာ အများစုက တိမ်းရှောင် ထွက်ပြေးနေကြပြီး တိမ်းရှောင်ဖို့ အခွင့်မသာသူတွေဘဲ ကျန်ရှိနေတာမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြရတာပါ။ စနေနေ့ညပိုင်းမှာလည်း တပ်မတော်ဘက်က အင်အားထပ်တိုး ရောက်ရှိလာပြီး မိုးသည်းထန်နေတဲ့ ကြားထဲမှာပဲ ဖယ်ခုံတမြို့လုံး သေနတ်ပစ်ခတ်သံတွေ ဆူညံနေခဲ့တယ်လို့လည်း ပြောပါတယ်။
ကယားပြည်နယ်ထဲမှာပဲ တနင်္ဂနွေနေ့မှာ ဘော်လခဲမြို့က လူငယ်နှစ်ယောက်ကိုလည်း စစ်ကောင်စီတပ်ဘက်က သူတို့ရဲ့ဖုန်းတွေကို စစ်ဆေးအပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ြပောပါတယ်။ အဖမ်းခံရသူ ၂ ယောက်ကတော့ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်က အသက် ၁၉ နှစ်အရွယ် အိုက်သားနဲ့ တောင်ပိုင်းရပ်ကွက်က မဇင်မာဌေးတို့ ဖြစ်ပါတယ်။