(Zawgyi / Unicode)
စစ္တပ္အာဏာသိမ္းထားတာ ၄ လထဲ ေရာက္လာေနၿပီျဖစ္ေပမယ့္ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကို ရန္ကုန္၊ မႏၱေလး အပါအဝင္ ၿမိဳ႕ႀကီးေတြမွာေရာ ႏိုင္ငံတဝန္း ေက်းလက္ေဒသေတြမွာပါ ေန႔စဥ္လိုလို ပံုစံမ်ိဳးစံုနဲ႔ ျပဳလုပ္ေနၾကဆဲပါ။
ဒလမွာ တနဂၤေႏြေန႔က ေက်ာင္းသားေတြဦးေဆာင္ၿပီး လွ်ပ္တျပက္ ခ်ီတက္တဲ့ စစ္္အာဏာရွင္ ျပဳတ္က်ေရး ဆႏၵျပ ေႂကြးေၾကာ္တာေတြ ျပဳလုပ္ခဲ့ၾကသလို ေျမာက္ဒဂံုမွာလည္း သပိတ္စစ္ေၾကာင္းနဲ႔ ခ်ီတက္ခဲ့ၾကတာပါ။ ေတာင္ဒဂံုမွာေတာ့ စစ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့စာေတြ ေရးသားၿပီး လမ္းမေတြေပၚမွာ စာရြက္ေတြ ျဖန္႔ႀကဲတဲ့သပိတ္ ဆင္ႏႊဲခဲ့ၾကသလို စမ္းေခ်ာင္းမွာေတာ့ ပူေဖာင္းအနက္ေတြေပၚမွာ စာတန္းေတြေရးသားတဲ့သပိတ္ ျပဳလုပ္ခဲ့ၾကပါတယ္။
မႏၱေလးမွာေတာ့ ေအာင္ေျမသာစံ အေျခခံပညာေက်ာင္းသားမ်ားသမဂၢ၊ ဗကသမ်ားအဖြဲ႔ခ်ဳပ္ အပါအဝင္ မႏၱေလး ပညာေရးမိသားစုေတြ၊ တကၠသိုလ္ေက်ာင္းသားေတြ၊ ဘုရားႀကီး၊ စိန္ပန္း၊ တမၸဝတီ လူထုသပိတ္စစ္ေၾကာင္းေတြ စုေပါင္းၿပီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲမွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။
စစ္ကိုင္းတိုင္း ဆားလင္းႀကီး၊ မံုရြာ၊ ကခ်င္ျပည္နယ္ ဖားကန္႔၊ တာမခန္တို႔မွာလည္း ေက်ာင္းသားလူငယ္ေတြ အပါအဝင္ ေဒသခံေတြ ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။
ကေလးၿမိဳ႕မွာ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြက လံုးဝ အုပ္ခ်ဳပ္ခြင့္ မရေစရ သပိတ္စစ္ေၾကာင္းနဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္ ဆႏၵျပခဲ့ၾကသလို ကရင္ျပည္နယ္ ဘုရားသံုးဆူမွာေတာ့ အႏိုင္မခံ အ႐ႈံးမေပး ေႏြဦးေတာ္လွန္ေရးသပိတ္ ဆင္ႏႊဲခဲ့ပါတယ္။
ေန႔စဥ္လိုလို ဆႏၵျပေနတဲ့ ထားဝယ္နဲ႔ ေလာင္းလံုမွာ ေက်ာင္းသားလူငယ္ေတြ ဦးေဆာင္တဲ့ သပိတ္စစ္ေၾကာင္းေတြအျပင္ ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ပါ ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။
စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ကေန ေမလ ၃၀ အထိ စစ္တပ္နဲ႔ ရဲေၾကာင့္ ေသဆံုးရသူ အေယာက္ ၈၄၀ ရွိၿပီး အဖမ္းခံရသူက ၄,၄၀၀ ေက်ာ္ ရွိေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ေျပာပါတယ္။
-----------------------
(Unicode)
အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံအနှံ့ ရှိနေဆဲ
စစ်တပ်အာဏာသိမ်းထားတာ ၄ လထဲ ရောက်လာနေပြီဖြစ်ပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာရော နိုင်ငံတဝန်း ကျေးလက်ဒေသတွေမှာပါ နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြဆဲပါ။
ဒလမှာ တနင်္ဂနွေနေ့က ကျောင်းသားတွေဦးဆောင်ပြီး လျှပ်တပြက် ချီတက်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြ ကြွေးကြော်တာတွေ ပြုလုပ်ခဲ့ကြသလို မြောက်ဒဂုံမှာလည်း သပိတ်စစ်ကြောင်းနဲ့ ချီတက်ခဲ့ကြတာပါ။ တောင်ဒဂုံမှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့စာတွေ ရေးသားပြီး လမ်းမတွေပေါ်မှာ စာရွက်တွေ ဖြန့်ကြဲတဲ့သပိတ် ဆင်နွှဲခဲ့ကြသလို စမ်းချောင်းမှာတော့ ပူဖောင်းအနက်တွေပေါ်မှာ စာတန်းတွေရေးသားတဲ့သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမှာတော့ အောင်မြေသာစံ အခြေခံပညာကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် မန္တလေး ပညာရေးမိသားစုတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဘုရားကြီး၊ စိန်ပန်း၊ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်းတွေ စုပေါင်းပြီး ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ မုံရွာ၊ ကချင်ပြည်နယ် ဖားကန့်၊ တာမခန်တို့မှာလည်း ကျောင်းသားလူငယ်တွေ အပါအဝင် ဒေသခံတွေ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ကလေးမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက လုံးဝ အုပ်ချုပ်ခွင့် မရစေရ သပိတ်စစ်ကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသလို ကရင်ပြည်နယ် ဘုရားသုံးဆူမှာတော့ အနိုင်မခံ အရှုံးမပေး နွေဦးတော်လှန်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
နေ့စဉ်လိုလို ဆန္ဒပြနေတဲ့ ထားဝယ်နဲ့ လောင်းလုံမှာ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေအပြင် မော်တော်ဆိုင်ကယ်တွေနဲ့ပါ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၃၀ အထိ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးရသူ အယောက် ၈၄၀ ရှိပြီး အဖမ်းခံရသူက ၄,၄၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။