သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ျပည္ပေရာက္ျမန္မာေတြ အေမရိကန္နဲ႔ ဥေရာပမွာ ဆႏၵျပလႈပ္ရွား


ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ နယူးေယာက္ Times Square က ဆႏၵျပပြဲ။ (ေမ ၂၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြ ဆက္ရွိေနသလိုပဲ ျပည္ပေရာက္ ျမန္မာေတြကလည္း စစ္တပ္က အာဏာသိမ္းထားတာကို ဆက္လက္ ဆန္႔က်င္ေနေၾကာင္းနဲ႔ အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ကုိ ႏိုင္ငံတကာ အစိုးရေတြက ပိုၿပီး အသိအမွတ္ျပဳလာေအာင္ အေမရိကန္နဲ႔ ဥေရာပ ႏိုင္ငံတခ်ဳိ႕မွာ စေနေန႔က ဆႏၵထုတ္ေဖာ္ ျပသခဲ့ၾကပါတယ္။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္ စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမဳိ႕ Times Square အရပ္မွာ ျမန္မာနဲ႔ အေမရိကန္ႏုိင္ငံသားေတြသာမက တျခားႏုိင္ငံေတြက တက္ႂကြလႈပ္ရွားသူ တခ်ဳိ႕ပါ ပါဝင္ၿပီး ျမန္မာစစ္တပ္ အာဏာသိမ္းထားမႈကို ဆန္႔က်င္ေၾကာင္းနဲ႔ NUG အစုိးရကုိ ေထာက္ခံေၾကာင္း ေမလ ၂၉ စေနေန႔ မြန္းလဲြပိုင္းက လူရာခ်ီ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵထုတ္ေဖာ္ပဲြမွာ ဦးေဆာင္ပါဝင္သူ ဦးေနတင္ျမင့္က အေျခအေနကို ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ျမန္မာျပည္မွာ အျပစ္မဲ့ျပည္သူေတြ ေသဆုံးတာလည္း ၈၀၀ ေက်ာ္သြားပါၿပီ။ အဲဒီအတြက္ က်ေနာ္တုိ႔က ဒီ စစ္အၾကမ္းဖက္အုပ္စုကုိ ျပတ္ျပတ္သားသား ဆန္႔က်င္ၿပီး ဒီ စစ္အၾကမ္းဖက္အုပ္စုကို ႏုိင္ငံတကာက အသိအမွတ္မျပဳဖုိ႔နဲ႔ လက္ရွိ ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ NUG အစုိးရကို အသိအမွတ္ျပဳေပးဖို႔ ေတာင္းဆုိျခင္း ျဖစ္ပါတယ္။ အခု ရာသီဥတုကလည္း ဆုိးရြားေနတယ္၊ ခုန မုိးလည္းရြာ၊ ေလျပင္းလည္း တုိက္ေနတဲ့ၾကားထဲက အခုလို ျမန္မာျပည္ရဲ႕ အေရးကိစၥအတြက္ အားလုံး တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ ပတ္သက္ၾကပါတယ္။ လက္ရွိဖြဲ႔စည္းလုိက္တဲ့ NUG အစုိးရက ႏုိင္ငံတကာမွာရွိတဲ့ အစုိးရေတြကို ေတြ႔ဆုံၿပီး ေဆြးေႏြးတာေတြ ရွိတယ္။ အခုဆုိ ခ်က္ကိုစလုိဗက္က ပထမဆုံး အသိအမွတ္ျပဳ ေထာက္ခံတယ္။ ၿပီးေတာ့ ကမၻာ့အင္အားႀကီးႏိုင္ငံျဖစ္တဲ့ အေမရိကန္ႏုိင္ငံကလည္း အသိအမွတ္ျပဳ ေထာက္ခံဖုိ႔အတြက္ ဒီက ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေဆြးေႏြးေနတာေတြ၊ က်နော္တုိ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေဖာ္ျပတာေတြ လုပ္ေဆာင္ေနတဲ့အတြက္ အာလးအလာေကာင္းတယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

CDM ဝန္ထမ္းေတြ ေထာက္ပံ့ႏုိင္ေရး ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က ရန္ပုံေငြရွာ ေဈးေရာင္းပြဲ။ (ေမ ၂၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
CDM ဝန္ထမ္းေတြ ေထာက္ပံ့ႏုိင္ေရး ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က ရန္ပုံေငြရွာ ေဈးေရာင္းပြဲ။ (ေမ ၂၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)


ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ ျမန္မာ့အေရး လႈပ္ရွားသူေတြက ျမန္မာျပည္တြင္း CDM လႈပ္ရွားမႈေၾကာင့္ အခက္အခဲ ႀကဳံေနရတဲ့ ဝန္ထမ္းေတြကို အကူအညီေပးႏိုင္ဖို႔ ရန္ပုံေငြရွာတဲ့ ေစ်းေရာင္းပဲြကို စေနေန႔က က်င္းပခဲ့ေၾကာင္း ဦးထြန္းထြန္းက ေျပာပါတယ္။

“က်နော္တုိ႔ ဒီေန႔က ေတာ္လွန္ေရး ရန္ပုံေငြရွာပြဲ၊ ဝါရွင္တန္ဒီစီ Monument ရဲ႕ ခဲတပစ္ေလာက္ အကြာအေဝးမွာ Martin Luther King Jr. Memorial မွာ က်ေနာ္တုိ႔ ဝါရွင္တန္ဒီစီမွာရွိတဲ့ ျမန္မာမိသားစုေတြ ကုိယ္တတ္ႏုိင္တဲ့ မုန္႔ကေလးေတြ၊ အစားအေသာက္ေလးေတြ ေရာင္းခ်ၿပီးေတာ့ ရန္ပုံေငြရွာတဲ့ပြဲပါ။ ဘယ္သူေတြ လာဝယ္စားၾကလဲဆိုေတာ့ ဒီမွာ ျဖတ္သြားျဖတ္လာ အေမရိကန္ေတြေရာ အဓိကေတာ့ ဗမာေတြေရာ လာအားေပးၾကတာေပါ့။ က်ေနာ္တုိ႔ဆုိ ဆုိင္ေပါင္း ၄၀ ေလာက္ရွိတယ္။ ဘာအစားအစာလဲဆုိေတာ့ ျမန္မာအစားအစားေတြ။ ရလာတဲ့ ရန္ပုံေငြေတြကိုေတာ့ အဓိက CDM လုပ္ေနတဲ့ ဝန္ထမ္းေတြ၊ ဝန္ထမ္းေတြက လစာမရဘူးဆိုေတာ့ အဓိက CDM လုပ္ေနတဲ့ ဝန္ထမ္းေတြကို ပံ့ပုိးဖို႔ ရည္ရြယ္ပါတယ္။ အခုမၿပီးေသးဘူး လုပ္ေနတုန္းရွိေသးတယ္။ အေမရိကန္ေဒၚလာ ႏွစ္ေသာင္းခြဲနဲ႔ သုံးေသာင္းၾကား ရလိမ့္မယ္လုိ႔ ထင္ပါတယ္။”

အလားတူ အေမရိကန္ အေနာက္ဘက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕ Embarcadero Plaza မွာလည္း တုိင္းရင္းသားေပါင္းစုံ ပါဝင္တဲ့ ျမန္မာႏိုင္ငံသားေတြက NUG အစုိးရကုိ ႏိုင္ငံတကာက ပုိၿပီး အသိအမွတ္ျပဳလာေစေရး ဆႏၵထုတ္ေဖာ္ခဲ့ၾကတယ္လို႔ ဦးကိုကိုေလးက ေျပာပါတယ္။

“က်ေနာ္တုိ႔ကေတာ့ ဒီဘက္မွာ NUG ကို ေထာက္ခံတဲ့ပြဲျဖစ္တယ္။ NUG ကုိ ေထာက္ခံတာက တုိင္းရင္းသားေပါင္းစုံေပါ့။ တုိင္းရင္းသား လူမ်ဳိးႀကီးေတြအေနနဲ႔ ၈ မ်ဳိးရွိတယ္။ အဲဒီ လူမ်ဳိးႀကီး ၈ မ်ဳိး ေပါင္းစည္းၿပီးေတာ့ အတူတကြ လုပ္ကုိင္ၿပီးေတာ့ NUG အစုိးရကို ေထာက္ခံတာ ျဖစ္ပါတယ္။ စစ္အာဏာရွင္ေတြက က်ေနာ္တုိ႔ႏုိင္ငံ စစ္မွန္တဲ့ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္လို႔ မရဘူးဆိုတာကုိ တုိင္းရင္းသားေတြကို စစ္တပ္က မဟာဗမာ လူမ်ဳိးႀကီးဝါဒ က်င့္သုံးၿပီးေတာ့ ခြဲျခားၿပီးေတာ့ ေသြးခြဲ အုပ္ခ်ဳပ္ေနလို႔ ျဖစ္တယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔ တုိင္းရင္းသားေပါင္းစုံက အားလုံး ညီညီညြတ္ညြတ္နဲ႔ ေနာက္ထပ္ ဖြဲ႔စည္းလုိက္တဲ့ NUG အစုိးရကို ေထာက္ခံတယ္ဆုိတာ ျပသတာျဖစ္ပါတယ္။”

အေမရိကန္မွာလိုပဲ ၿဗိတိန္ႏိုင္ငံမွာလည္း ျမန္မာႏုိင္ငံသားေတြက ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးေရွ႕၊ ျမန္မာသံ႐ုံးေရွ႕တို႔ကုိ စေနေန႔က ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပခဲ့ေၾကာင္း ကိုယ္တုိင္ပါဝင္သူ ကိုမင္းဟိန္းက ေျပာပါတယ္။

“ဒီေန႔ က်ေနာ္တုိ႔ UK ပါလီမန္ေရွ႕မွာျပတယ္၊ ၿပီးရင္ အဂၤလိပ္ဝန္ႀကီးခ်ဳပ္ရဲ႕ အိမ္ေရွ႕မွာ ျပတယ္၊ ၿပီးရင္ ျမန္မာစစ္ေကာင္စီ သံ႐ုံးေရွ႕မွာ ဆႏၵျပခဲ့ပါတယ္။ ဆႏၵျပတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ စစ္ေကာင္စီက ေရြးေကာက္ပြဲေကာ္မရွင္ကို ဖြဲ႔ၿပီးေတာ့ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ကုိ မတရားသင္းပုံံစံမ်ဳိး ေၾကညာဖုိ႔ ေပၚေပါက္တာက တေၾကာင္း၊ ၿပီးေတာ့ စစ္ေကာင္စီေျပာတဲ့စကားကုိ က်ေနာ္တုိ႔က ႐ႈတ္ခ်တယ္။ အေမစုေျပာတဲ့အတုိင္း က်ေနာ္တုိ႔ ျပည္သူေတြရွိတယ္၊ NLD ဘယ္ေတာ့မွ မေသရဘူး၊ NLD ဆုိတာ အၿမဲတမ္းရွိေနမယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။”

ေမလ ၂၈ ရက္ ေသာၾကာေန႔တုန္းကလည္း ဝါရွင္တန္ဒီစီတဝုိက္က ျမန္မာေတြဟာ ႐ုရွားသံ႐ံုးေရွ႕ သြားေရာက္ၿပီး ျမန္မာစစ္တပ္ကို လက္နက္ေရာင္းေနတာေတြ ရပ္ပစ္ဖို႔ ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ့အရေး ပြည်ပရောက်မြန်မာတွေ အမေရိကန်နဲ့ ဥရောပမှာ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်ရှိနေသလိုပဲ ပြည်ပရောက် မြန်မာတွေကလည်း စစ်တပ်က အာဏာသိမ်းထားတာကို ဆက်လက် ဆန့်ကျင်နေကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံတကာ အစိုးရတွေက ပိုပြီး အသိအမှတ်ပြုလာအောင် အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့မှာ စနေနေ့က ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square အရပ်မှာ မြန်မာနဲ့ အမေရိကန်နိုင်ငံသားတွေသာမက တခြားနိုင်ငံတွေက တက်ကြွလှုပ်ရှားသူ တချို့ပါ ပါဝင်ပြီး မြန်မာစစ်တပ် အာဏာသိမ်းထားမှုကို ဆန့်ကျင်ကြောင်းနဲ့ NUG အစိုးရကို ထောက်ခံကြောင်း မေလ ၂၉ စနေနေ့ မွန်းလွဲပိုင်းက လူရာချီ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ပါဝင်သူ ဦးနေတင်မြင့်က အခြေအနေကို ရှင်းပြပါတယ်။

“ကျနော်တို့မြန်မာပြည်မှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတာလည်း ၈၀၀ ကျော်သွားပါပြီ။ အဲဒီအတွက် ကျနော်တို့က ဒီ စစ်အကြမ်းဖက်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဒီ စစ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာက အသိအမှတ်မပြုဖို့နဲ့ လက်ရှိ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ NUG အစိုးရကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။ အခု ရာသီဥတုကလည်း ဆိုးရွားနေတယ်၊ ခုန မိုးလည်းရွာ၊ လေပြင်းလည်း တိုက်နေတဲ့ကြားထဲက အခုလို မြန်မာပြည်ရဲ့ အရေးကိစ္စအတွက် အားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင် ပတ်သက်ကြပါတယ်။ လက်ရှိဖွဲ့စည်းလိုက်တဲ့ NUG အစိုးရက နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေကို တွေ့ဆုံပြီး ဆွေးနွေးတာတွေ ရှိတယ်။ အခုဆို ချက်ကိုစလိုဗက်က ပထမဆုံး အသိအမှတ်ပြု ထောက်ခံတယ်။ ပြီးတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကလည်း အသိအမှတ်ပြု ထောက်ခံဖို့အတွက် ဒီက နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးနေတာတွေ၊ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြတာတွေ လုပ်ဆောင်နေတဲ့အတွက် အာလးအလာကောင်းတယ်လို့ မျှော်လင့်ပါတယ်။”

ဝါရှင်တန်ဒီစီမြို့တော်မှာတော့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြန်မာပြည်တွင်း CDM လှုပ်ရှားမှုကြောင့် အခက်အခဲ ကြုံနေရတဲ့ ဝန်ထမ်းတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို စနေနေ့က ကျင်းပခဲ့ကြောင်း ဦးထွန်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ဒီနေ့က တော်လှန်ရေး ရန်ပုံငွေရှာပွဲ၊ ဝါရှင်တန်ဒီစီ Monument ရဲ့ ခဲတပစ်လောက် အကွာအဝေးမှာ Martin Luther King Jr. Memorial မှာ ကျနော်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာမိသားစုတွေ ကိုယ်တတ်နိုင်တဲ့ မုန့်ကလေးတွေ၊ အစားအသောက်လေးတွေ ရောင်းချပြီးတော့ ရန်ပုံငွေရှာတဲ့ပွဲပါ။ ဘယ်သူတွေ လာဝယ်စားကြလဲဆိုတော့ ဒီမှာ ဖြတ်သွားဖြတ်လာ အမေရိကန်တွေရော အဓိကတော့ ဗမာတွေရော လာအားပေးကြတာပေါ့။ ကျနော်တို့ဆို ဆိုင်ပေါင်း ၄၀ လောက်ရှိတယ်။ ဘာအစားအစာလဲဆိုတော့ မြန်မာအစားအစားတွေ။ ရလာတဲ့ ရန်ပုံငွေတွေကိုတော့ အဓိက CDM လုပ်နေတဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေက လစာမရဘူးဆိုတော့ အဓိက CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ပံ့ပိုးဖို့ ရည်ရွယ်ပါတယ်။ အခုမပြီးသေးဘူး လုပ်နေတုန်းရှိသေးတယ်။ အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲနဲ့ သုံးသောင်းကြား ရလိမ့်မယ်လို့ ထင်ပါတယ်။”

အလားတူ အမေရိကန် အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ Embarcadero Plaza မှာလည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေက NUG အစိုးရကို နိုင်ငံတကာက ပိုပြီး အသိအမှတ်ပြုလာစေရေး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဦးကိုကိုလေးက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဘက်မှာ NUG ကို ထောက်ခံတဲ့ပွဲဖြစ်တယ်။ NUG ကို ထောက်ခံတာက တိုင်းရင်းသားပေါင်းစုံပေါ့။ တိုင်းရင်းသား လူမျိုးကြီးတွေအနေနဲ့ ၈ မျိုးရှိတယ်။ အဲဒီ လူမျိုးကြီး ၈ မျိုး ပေါင်းစည်းပြီးတော့ အတူတကွ လုပ်ကိုင်ပြီးတော့ NUG အစိုးရကို ထောက်ခံတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေက ကျနော်တို့နိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရဘူးဆိုတာကို တိုင်းရင်းသားတွေကို စစ်တပ်က မဟာဗမာ လူမျိုးကြီးဝါဒ ကျင့်သုံးပြီးတော့ ခွဲခြားပြီးတော့ သွေးခွဲ အုပ်ချုပ်နေလို့ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပေါင်းစုံက အားလုံး ညီညီညွတ်ညွတ်နဲ့ နောက်ထပ် ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရကို ထောက်ခံတယ်ဆိုတာ ပြသတာဖြစ်ပါတယ်။”

အမေရိကန်မှာလိုပဲ ဗြိတိန်နိုင်ငံမှာလည်း မြန်မာနိုင်ငံသားတွေက ဗြိတိန်ဝန်ကြီးချုပ်ရုံးရှေ့၊ မြန်မာသံရုံးရှေ့တို့ကို စနေနေ့က ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း ကိုယ်တိုင်ပါဝင်သူ ကိုမင်းဟိန်းက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ UK ပါလီမန်ရှေ့မှာပြတယ်၊ ပြီးရင် အင်္ဂလိပ်ဝန်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ ပြတယ်၊ ပြီးရင် မြန်မာစစ်ကောင်စီ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြတဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မတရားသင်းပုံံစံမျိုး ကြေညာဖို့ ပေါ်ပေါက်တာက တကြောင်း၊ ပြီးတော့ စစ်ကောင်စီပြောတဲ့စကားကို ကျနော်တို့က ရှုတ်ချတယ်။ အမေစုပြောတဲ့အတိုင်း ကျနော်တို့ ပြည်သူတွေရှိတယ်၊ NLD ဘယ်တော့မှ မသေရဘူး၊ NLD ဆိုတာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။”

မေလ ၂၈ ရက် သောကြာနေ့တုန်းကလည်း ဝါရှင်တန်ဒီစီတဝိုက်က မြန်မာတွေဟာ ရုရှားသံရုံးရှေ့ သွားရောက်ပြီး မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတာတွေ ရပ်ပစ်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG