သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံတြင္းအေျခအေန လြန္စြြာဆိုးရြားဆဲ (အတြင္းေရးမွဴးခ်ဳပ္ အထူးကိုယ္စားလွယ္ Burgner)


ကုလအတြင္းေရးမႈးခ်ဳပ္ရဲ့ အထူးကိုယ္စားလွယ္ Ms. Christine Burgener (Source- Official Publication)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံတြင္း လက္ရွိအေျခေနဟာ သိပ္ကိုဆိုးဝါးေနဆဲ ျဖစ္ၿပီး အထူးသျဖင့္ ျပည္သူေတြဟာ ကိုယ့္ေနအိမ္ေတြမွာ မေနရဲပဲ အိုးအိမ္စြန္႔ခြါထြက္ေျပး ေနၾကရတယ္လို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

" ျမန္မာႏိုင္ငံမွာ လက္ရွိအေျခေနဟာ သိပ္ကိုဆိုးဝါးေနဆဲ ျဖစ္ပါတယ္။ အခုခ်ိန္ထိဆို ေသဆံုးရသူက ၈၀၀ ေက်ာ္ေနၿပီျဖစ္သလို အဖမ္းခံရသူက ၅၃၀၀ ေက်ာ္ရွိေနၿပီး ဖမ္းဝရမ္း အထုတ္ခံေနရသူကလည္း ၁၈၀၀ ေက်ာ္ ရွိေနပါတယ္။ ျပည္သူေတြဟာ တျခားေဒသေတြ ဒါမွမဟုတ္ နယ္စပ္ေက်ာ္ျဖတ္ၿပီး ထြက္ေျပးေနၾကရတာပါ။ ခ်င္းျပည္နယ္မွာ ဆိုရင္ လက္ရွိ အေျခေနက သိပ္ကို ဆိုးေနပါတယ္" လို႔ ေျပာသြားတာပါ။

ျမန္မာ့အေရး ေဒသတြင္းႏိုင္ငံေတြက တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ ထိုင္းႏိုင္ငံကို ေရာက္ေနတဲ့ မစၥ Burgener က ျမန္မာႏိုင္ငံရဲ႕ ေနာက္ဆံုး အေျခေနကို ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး သတင္းစာရွင္းလင္းပြဲမွာ အြန္လိုင္းကေန တင္ျပခဲ့တာ ျဖစ္ပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္မွာ စစ္တပ္က ေဒသခံေတြအေပၚ ရဟတ္ယာဥ္ေတြ ေမာ္တာက်ည္ လက္နက္ႀကီးေတြသံုး တိုက္ခိုက္ခဲ့တဲ့ အတြက္ အနားဝန္းက်င္ ေတာေတာင္ေတြထဲ ထြက္ေျပး ပုန္းေအာင္ေနရသူ ေထာင္နဲ႔ခ်ီရွိေနသလို တိုက္ပြဲေတြအတြင္း စစ္တပ္က ေဒသခံ အရပ္သားေတြကို လူသားဒိုင္းသဖြယ္ အသံုးခ်တာ၊ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြအတြက္ ကုလသမဂၢက စိတ္ပူေနေၾကာင္းလည္း သတင္းထုတ္ျပန္ထားတာပါ။

လက္နက္မပါပဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ ျပည္သူေတြကို စစ္တပ္နဲ႔ ရဲေတြက ျပင္းျပင္းထန္ထန္ ပစ္ခတ္ႏွိမ္နင္းမႈေတြကေန ၃ လေက်ာ္ၾကာလာခ်ိန္မွာ ေသဆံုးတာ အဖမ္းဆီးခံရတာ တိုးလာေနတဲ့အတြက္ ေရွာင္တိမ္းကာကြယ္တာပဲ လုပ္ေနတဲ့ ျပည္သူေတြဟာ အခုအခါမွာ ရရာ အိမ္လုပ္လက္နက္ေတြ ဒါမွမဟုတ္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြဆီမွာ စစ္သင္တန္းေတြ တက္ၿပီး တန္ျပန္တြန္းလွန္တိုက္ခိုက္ရတဲ့ အေနထား ေရာက္ေနၿပီျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အခု ေတာေတာင္ေတြထဲ ပုန္းေအာင္း ထြက္ေျပးေနရသူေတြမွာ စားနပ္ရိကၡာ၊ ေသာက္သံုးေရနဲ႔ ခိုလႈံစရာအျပင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြပါ အေရးတႀကီး လိုအပ္ေနေၾကာင္းလည္း ေျပာပါတယ္။ လိုအပ္ေနသူေတြကို ကုလသမဂၢက အကူညီေပးဖို႔ရာလည္း အခက္အခဲေတြ ရွိေနသလို လာမယ့္ လေတြ အတြင္း ျမန္မာႏိုင္ငံမွာ စားနပ္ရိကၡာျပတ္လပ္မယ့္ အႏၲရာယ္ရွိေနတယ္လို႔လည္း မစၥ Burgener က ခန္႔မွန္းပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြါးေနတဲ့ ျပႆနာေၾကာင့္ လာမယ့္ ၃ လ ကေန ၆ လအတြင္း လူေပါင္း ၃.၄ သန္းေလာက္အတြက္ စားနပ္ရိကၡာျပတ္လပ္မယ့္ အႏၲရာယ္နဲ႔ ၾကံဳလာႏိုင္ပါတယ္ - လို႔ေျပာသြာပါ။

ျမန္မာႏိုင္ငံမွာ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လုပ္ေနတဲ့ ဆရာဆရာမ သိန္းနဲ႔ခ်ီၿပီး အာဏာပိုင္ေတြ အလုပ္ထုတ္ပစ္တာ ခံေနရသလို ေက်ာင္းသားလူငယ္ေတြ ကိုယ္တိုင္ဦးေဆာင္ၿပီး စစ္အာဏာဆန္႔က်င္ေရး လုပ္ေဆာင္ေနၾကတာပါ။

ဒါေၾကာင့္ ပညာေရးက႑ကိုၾကည့္ရင္လည္း ဇြန္လ တရက္ေန႔မွာ ေက်ာင္းေတြ ျပန္ဖြင့္ရမွာ ျဖစ္ေပမယ့္ ဆရာေတြက စာသင္ဖို႔ ျပန္သြားမသြားနဲ႔ ေက်ာင္းသားမိဘေတြက ကေလးေတြကို ေက်ာင္းကို ျပန္ပို႔မပို႔ မေရမရာျဖစ္ေနေၾကာင္းနဲ႔ အေျခေနအားလံုးကို ျခံဳၾကည့္မယ္ ဆိုရင္ အစစ သိပ္ကို ဆိုးေနတာ ေတြ႕ရေၾကာင္း မစၥ Burgener ကေျပာၾကားခဲ့ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္



မြန်မာနိုင်ငံတွင်းအခြေအနေ လွန်စွာဆိုးရွားဆဲ (အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Burgner)

(Unicode)
မြန်မာနိုင်ငံတွင်း လက်ရှိအခြေနေဟာ သိပ်ကိုဆိုးဝါးနေဆဲ ဖြစ်ပြီး အထူးသဖြင့် ပြည်သူတွေဟာ ကိုယ့်နေအိမ်တွေမှာ မနေရဲပဲ အိုးအိမ်စွန့်ခွါထွက်ပြေး နေကြရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ လက်ရှိအခြေနေဟာ သိပ်ကိုဆိုးဝါးနေဆဲ ဖြစ်ပါတယ်။ အခုချိန်ထိဆို သေဆုံးရသူက ၈၀၀ ကျော်နေပြီဖြစ်သလို အဖမ်းခံရသူက ၅၃၀၀ ကျော်ရှိနေပြီး ဖမ်းဝရမ်း အထုတ်ခံနေရသူကလည်း ၁၈၀၀ ကျော် ရှိနေပါတယ်။ ပြည်သူတွေဟာ တခြားဒေသတွေ ဒါမှမဟုတ် နယ်စပ်ကျော်ဖြတ်ပြီး ထွက်ပြေးနေကြရတာပါ။ ချင်းပြည်နယ်မှာ ဆိုရင် လက်ရှိ အခြေနေက သိပ်ကို ဆိုးနေပါတယ်" လို့ ပြောသွားတာပါ။

မြန်မာ့အရေး ဒေသတွင်းနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မစ္စ Burgener က မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေနေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကနေ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မှာ စစ်တပ်က ဒေသခံတွေအပေါ် ရဟတ်ယာဉ်တွေ မော်တာကျည် လက်နက်ကြီးတွေသုံး တိုက်ခိုက်ခဲ့တဲ့ အတွက် အနားဝန်းကျင် တောတောင်တွေထဲ ထွက်ပြေး ပုန်းအောင်နေရသူ ထောင်နဲ့ချီရှိနေသလို တိုက်ပွဲတွေအတွင်း စစ်တပ်က ဒေသခံ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးချတာ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအတွက် ကုလသမဂ္ဂက စိတ်ပူနေကြောင်းလည်း သတင်းထုတ်ပြန်ထားတာပါ။

လက်နက်မပါပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နင်းမှုတွေကနေ ၃ လကျော်ကြာလာချိန်မှာ သေဆုံးတာ အဖမ်းဆီးခံရတာ တိုးလာနေတဲ့အတွက် ရှောင်တိမ်းကာကွယ်တာပဲ လုပ်နေတဲ့ ပြည်သူတွေဟာ အခုအခါမှာ ရရာ အိမ်လုပ်လက်နက်တွေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ပြီး တန်ပြန်တွန်းလှန်တိုက်ခိုက်ရတဲ့ အနေထား ရောက်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

အခု တောတောင်တွေထဲ ပုန်းအောင်း ထွက်ပြေးနေရသူတွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ခိုလှုံစရာအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေပါ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောပါတယ်။ လိုအပ်နေသူတွေကို ကုလသမဂ္ဂက အကူညီပေးဖို့ရာလည်း အခက်အခဲတွေ ရှိနေသလို လာမယ့် လတွေ အတွင်း မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာပြတ်လပ်မယ့် အန္တရာယ်ရှိနေတယ်လို့လည်း မစ္စ Burgener က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ ပြဿနာကြောင့် လာမယ့် ၃ လ ကနေ ၆ လအတွင်း လူပေါင်း ၃.၄ သန်းလောက်အတွက် စားနပ်ရိက္ခာပြတ်လပ်မယ့် အန္တရာယ်နဲ့ ကြုံလာနိုင်ပါတယ် - လို့ပြောသွာပါ။

မြန်မာနိုင်ငံမှာ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လုပ်နေတဲ့ ဆရာဆရာမ သိန်းနဲ့ချီပြီး အာဏာပိုင်တွေ အလုပ်ထုတ်ပစ်တာ ခံနေရသလို ကျောင်းသားလူငယ်တွေ ကိုယ်တိုင်ဦးဆောင်ပြီး စစ်အာဏာဆန့်ကျင်ရေး လုပ်ဆောင်နေကြတာပါ။

ဒါကြောင့် ပညာရေးကဏ္ဍကိုကြည့်ရင်လည်း ဇွန်လ တရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်ရမှာ ဖြစ်ပေမယ့် ဆရာတွေက စာသင်ဖို့ ပြန်သွားမသွားနဲ့ ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းကို ပြန်ပို့မပို့ မရေမရာဖြစ်နေကြောင်းနဲ့ အခြေနေအားလုံးကို ခြုံကြည့်မယ် ဆိုရင် အစစ သိပ်ကို ဆိုးနေတာ တွေ့ရကြောင်း မစ္စ Burgener ကပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG