သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာ သံတမန္နည္းနဲ႔ ေျဖ႐ွင္းႏိုင္ဖို႔ ကုလ လံုၿခံဳေရးေကာင္စီ အလွည့္က် ဥကၠဌ တ႐ုတ္သံအမတ္ႀကီး ယံုၾကည္


ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun

(Zawgyi/Unicode)

ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ ေမလအတြက္ အလွည့္က် ဥကၠဌအျဖစ္တာဝန္ယူမယ့္ ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun က ျမန္မာႏိုင္ငံမွာ အေျခေနေတြ ခုထက္ပိုမဆိုးလာေအာင္ သံတမန္ေရးနည္းလမ္းေတြသံုးေရွာင္ရွား ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာပါတယ္။

"သံတမန္ေရး ႀကိဳးပမ္းမႈေတြနဲ႔ အေျခေနတင္းမာမႈေတြ တိုးမလာေအာင္ ေရွာင္ရွား ႏိုင္မယ္လို႔ သူယံုၾကည္ပါတယ္။ တကယ္လို႔ အေျခေန ပိုတင္းမာလာမယ္ဆိုရင္ ထိပ္တိုက္ရင္ဆိုင္မႈေတြ ပိုျဖစ္လာၿပီး အဲဒီလို ျဖစ္လာရင္ အၾကမ္းဖက္မႈေတြ ပိုတိုးလာႏိုင္သလို ထိခိုက္ေသဆံုးမႈေတြ ပိုမ်ားလာႏိုင္တာေၾကာင့္ ျမန္မာႏိုင္ငံတြင္း ဖ႐ိုဖရဲ အေျခေနျဖစ္မယ့္ လမ္းေၾကာင္းေပၚ ေရာက္သြားႏိုင္တဲ့ အျပင္ ျပည္တြင္းစစ္ျဖစ္တဲ့ အေျခေန ဆိုက္သြားႏိုင္တယ္" လို႔ ေျပာသြားတာပါ။

အလွည့္က်ဥကၠဌတာဝန္ယူခ်ိန္မွာ လုပ္ေဆာင္မယ့္ လုပ္ငန္းေတြကို အလွည့္က်ဥကၠဌ ျဖစ္လာတဲ့ ႏိုင္ငံက ခ်ျပရတဲ့ထံုးတမ္းစဥ္လာ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္လာဖို႔ ရွိမရွိ သတင္းေထာက္ေတြက ေမးျမန္းတာ အတြက္ တ႐ုတ္သံအမတ္ႀကီးက ခုလို ေျပာၾကားလိုက္တာပါ။

အခုအခ်ိန္မွာ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီ အသြင္ကူးေျပာင္းတဲ့ကာလကို ျပန္သြားႏိုင္ေသးတဲ့ အခ်ိန္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ တိုင္းရင္းသားလူမ်ိဳးစု အမ်ားအျပား ရွိတဲ့ႏိုင္ငံျဖစ္ၿပီး ကိုင္ကြယ္မႈမွားရင္ ပရမ္းပတာ ျဖစ္သြားႏိုင္ေၾကာင္းနဲ႔ တ႐ုတ္အစိုးရကေတာ့ ျမန္မာႏိုင္ငံ နဂိုအေျခေန ျပန္ေရာက္ေစမယ့္ ဝန္းက်င္ျဖစ္လာေအာင္ ႏိုင္ငံေရးပါတီေတြကေနတဆင့္ ႏိုင္ငံေရးအေျဖရွာႏိုင္ေရး လုပ္ဖို႔ဘက္ကပဲ ခိုင္ခိုင္မာမာ ရပ္တည္ေၾကာင္း ေျပာပါတယ္။ တ႐ုတ္အစိုးရဟာ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ အနီးကပ္လက္တြဲ ေဆာင္ရြက္ေနၿပီး အၾကမ္းဖက္မႈ ၊ လူေသဆံုးမႈေတြ ေရွာင္ၿပီး ေဆြးေႏြး အေျဖရွာဖို႔ တိုက္တြန္းေနေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ အာဆီယံအဖြဲ႔ႀကီး အေနနဲ႔ ျမန္မာ့အေရး အဓိက က႑ကေန ပါဝင္သင့္တယ္လို႔ တ႐ုတ္အစိုးရက ရႈျမင္ေၾကာင္းလည္း ေျပာပါတယ္။

“အာဆီယံဟာ ျမန္မာရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြ အျဖစ္နဲ႔ ျမန္မာ့အေျခေနကို နားလည္သလို ဒီေဒသတြင္းအဖြဲ႔ေတြက ေဒသတြင္းျပႆနာကို ကိုင္ကြယ္ေျဖရွင္းရာမွာ အဓိက က႑ကေန ပါဝင္သင့္တယ္လို႔ တ႐ုတ္အစိုးရက ယံုၾကည္ပါတယ္” လို႔ ေျပာသြားတာပါ။

အာဆီယံဟာ ျမန္မာ့အေျခေနေနကို တကယ္နားလည္သလို အေျခခံအက်ိဳးစီးပြားခ်င္း လည္း တူညီမႈရွိေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိမွာ ျမန္မာႏိ္ုင္ငံတြင္း လူသားခ်င္းစာနာမႈ အေျခေနအတြက္ အထူးစိုးရိမ္ေနသလို ဒီ့ထက္ပိုဆိုးလာမွာကို မလိုလားတဲ့ အတြက္ ဒါမ်ိဳးျဖစ္မလာေအာင္ ႀကိဳးစား ေရွာင္က်ဥ္ၾကဖို႔ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

လံုျခံဳေရးေကာင္စီမွာ ဧၿပီလတုန္းက ဗီယက္နမ္က အလွည့္က် ဥကၠဌ တာဝန္ယူခဲ့ခ်ိန္မွာ အာဆီယံက ျမန္မာ့အေရး အထူးအစည္းအေဝး တရပ္ကို အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာမွာ က်င္းပခဲ့တ ျဖစ္ၿပီး ႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ရပ္တံ့ေရး ေတာင္းဆိုတဲ့ သေဘာတူညီခ်က္ ခ်မွတ္ႏိုင္ခဲ့ပါတယ္။ ဒီအစည္းေဝးကို စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခဲ့ေပမယ့္ စစ္တပ္နဲ႔ ရဲက ဆႏၵျပျပည္သူေတြကို အၾကမ္းဖက ္ပစ္ခတ္ၿဖိဳခြဲေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာပြဿနာ သံတမန်နည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကုလ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ တရုတ်သံအမတ်ကြီး ယုံကြည်

(Unicode)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူမယ့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာနိုင်ငံမှာ အခြေနေတွေ ခုထက်ပိုမဆိုးလာအောင် သံတမန်ရေးနည်းလမ်းတွေသုံးရှောင်ရှား နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

"သံတမန်ရေး ကြိုးပမ်းမှုတွေနဲ့ အခြေနေတင်းမာမှုတွေ တိုးမလာအောင် ရှောင်ရှား နိုင်မယ်လို့ သူယုံကြည်ပါတယ်။ တကယ်လို့ အခြေနေ ပိုတင်းမာလာမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဖြစ်လာပြီး အဲဒီလို ဖြစ်လာရင် အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်သလို ထိခိုက်သေဆုံးမှုတွေ ပိုများလာနိုင်တာကြောင့် မြန်မာနိုင်ငံတွင်း ဖရိုဖရဲ အခြေနေဖြစ်မယ့် လမ်းကြောင်းပေါ် ရောက်သွားနိုင်တဲ့ အပြင် ပြည်တွင်းစစ်ဖြစ်တဲ့ အခြေနေ ဆိုက်သွားနိုင်တယ်" လို့ ပြောသွားတာပါ။

အလှည့်ကျဥက္ကဌတာဝန်ယူချိန်မှာ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ နိုင်ငံက ချပြရတဲ့ထုံးတမ်းစဉ်လာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာဖို့ ရှိမရှိ သတင်းထောက်တွေက မေးမြန်းတာ အတွက် တရုတ်သံအမတ်ကြီးက ခုလို ပြောကြားလိုက်တာပါ။

အခုအချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလကို ပြန်သွားနိုင်သေးတဲ့ အချိန်ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အများအပြား ရှိတဲ့နိုင်ငံဖြစ်ပြီး ကိုင်ကွယ်မှုမှားရင် ပရမ်းပတာ ဖြစ်သွားနိုင်ကြောင်းနဲ့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံ နဂိုအခြေနေ ပြန်ရောက်စေမယ့် ဝန်းကျင်ဖြစ်လာအောင် နိုင်ငံရေးပါတီတွေကနေတဆင့် နိုင်ငံရေးအဖြေရှာနိုင်ရေး လုပ်ဖို့ဘက်ကပဲ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြောပါတယ်။ တရုတ်အစိုးရဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်နေပြီး အကြမ်းဖက်မှု ၊ လူသေဆုံးမှုတွေ ရှောင်ပြီး ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းနေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ကြီး အနေနဲ့ မြန်မာ့အရေး အဓိက ကဏ္ဍကနေ ပါဝင်သင့်တယ်လို့ တရုတ်အစိုးရက ရှုမြင်ကြောင်းလည်း ပြောပါတယ်။

“အာဆီယံဟာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ အဖြစ်နဲ့ မြန်မာ့အခြေနေကို နားလည်သလို ဒီဒေသတွင်းအဖွဲ့တွေက ဒေသတွင်းပြဿနာကို ကိုင်ကွယ်ဖြေရှင်းရာမှာ အဓိက ကဏ္ဍကနေ ပါဝင်သင့်တယ်လို့ တရုတ်အစိုးရက ယုံကြည်ပါတယ်” လို့ ပြောသွားတာပါ။

အာဆီယံဟာ မြန်မာ့အခြေနေနေကို တကယ်နားလည်သလို အခြေခံအကျိုးစီးပွားချင်း လည်း တူညီမှုရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အခြေနေအတွက် အထူးစိုးရိမ်နေသလို ဒီ့ထက်ပိုဆိုးလာမှာကို မလိုလားတဲ့ အတွက် ဒါမျိုးဖြစ်မလာအောင် ကြိုးစား ရှောင်ကျဉ်ကြဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ ဧပြီလတုန်းက ဗီယက်နမ်က အလှည့်ကျ ဥက္ကဌ တာဝန်ယူခဲ့ချိန်မှာ အာဆီယံက မြန်မာ့အရေး အထူးအစည်းအဝေး တရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပခဲ့တ ဖြစ်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်တံ့ရေး တောင်းဆိုတဲ့ သဘောတူညီချက် ချမှတ်နိုင်ခဲ့ပါတယ်။ ဒီအစည်းဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပေမယ့် စစ်တပ်နဲ့ ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက ်ပစ်ခတ်ဖြိုခွဲနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG