သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အတွက် အာစီယံ ဆောင်ရွက်မှု တရုတ်ထောက်ခံ


 တရုတ်နိုင်ငံခြားရေး။ဌာန ပြောခွင့်ရ Wang Wenbin က ပေကျင်းသတင်းစာရှင်းလင်းပွဲတခုတွင် စကားပြောစဉ် (ဓာတ်ပုံ- Reuters)
တရုတ်နိုင်ငံခြားရေး။ဌာန ပြောခွင့်ရ Wang Wenbin က ပေကျင်းသတင်းစာရှင်းလင်းပွဲတခုတွင် စကားပြောစဉ် (ဓာတ်ပုံ- Reuters)
တိုက်ရိုက် လင့်ခ်



(Zawgyi/Unicode)
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းတည်ငြိမ်ရေးကို အာဆီယံကနေ ထိန်းပေးနိုင်မယ်လို့ တရုတ်အစိုးရက ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ရဲ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲပြောကြားချက်ကို ဧပြီ ၂၆ ရက် ရန်ကုန်တရုတ်သံရုံး ဖေ့ဘုတ်မှာ ဖေါ်ပြထားပါတယ်။

ဧပြီလ ၂၄ ရက် စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေ အထူးအစည်းအဝေး တရပ်ကျင်းပတာကို တရုတ်အစိုးရက ကြိုဆိုသလို ဒါဟာ မြန်မာ့လက်ရှိအခြေနေ တင်းမာမှုလျော့ပါးလာအောင် အားလုံးပါဝင်နိုင်တဲ့အာဆီယံပုံစံ အစည်းဝေးကနေ လမ်းကြောင်း စတင်ပေးလိုက်တာ ဖြစ်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြန်လည်သင့်မြတ်အောင် အာဆီယံက ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းပေးနိုင်မယ်လို့ မျှော်လင့် ယုံကြည်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာ့အရေးအာဆီယံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို တရုတ်က ထောက်ခံသလို မြန်မာနိုင်ငံမှာ အခြေနေတွေ အဆင်ပြေပြေ အမြန်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တရုတ်အစိုးရက သူ့နည်းသူ့ဟန်နဲ့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လည်းဖေါ်ပြထားပါတယ်။

...............................................................


(Unicode)




XS
SM
MD
LG