သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိတ္ပင္မႈၾကားက ျမန္မာသတင္းသမားေတြကို ကုလ ကန္သံအမတ္ႀကီးခ်ီးက်ဴး


Linda Thomas-Greenfield

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္ရဲ႕ ပိတ္ပင္ကန္႔သတ္မႈေတြၾကားက စစ္တပ္က်ဴးလြန္မႈေတြကို မွတ္တမ္းတင္ၿပီး ကမ႓ာသိေအာင္ျဖန္႔ေပးေနတဲ့ သတင္းေထာက္ေတြကို ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က ခ်ီးက်ဴးလိုက္ပါတယ္။

ဒီကေန႔ က်ေရာက္တဲ့ ကမၻာစာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ အထိမ္းအမွတ္အျဖစ္ Amnesty International ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက ဦးေဆာင္ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံ ဘယ္ေတာ့မွာ တိတ္ဆိတ္ ၿငိမ္သက္သြားျခင္းမရွိဘူးဆိုတဲ့ “Myanmar Never Silence Campaign” မွာ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က သူ႕ ဗြီဒီယိုမိန္႔ခြန္းထဲ ထည့္သြင္း ေျပာသြားတာပါ။

“ျမန္မာျပည္သူမ်ား၊ အထူးသျဖင့္ ျမန္မာႏိုင္ငံက သတင္းေထာက္မ်ားရွင္၊ အေမရိကန္ျပည္ေထာင္စုဟာ ရွင္တို႔နဲ႔အတူ ရပ္တည္ေနပါတယ္။ သတင္းမီဒီယာအေပၚ ျမန္မာစစ္တပ္ရဲ႕ ပိတ္ပင္ကန္႔သတ္မႈေတြၾကားက စစ္တပ္က က်ဴးလြန္ေနတဲ့ ေၾကာက္မက္ဖြယ္ရာေတြကို မွတ္တမ္းတင္ၿပီး ကမၻာကသိႏိုင္ေအာင္ ျဖန္႔ေ၀ေပးေနၾကတဲ့ သတင္းေထာက္ေတြကို က်မတို႔ ခ်ီးက်ဴးဂုဏ္ျပဳပါတယ္။ သတင္းေထာက္ေတြကို အေၾကာင္းမဲ့ ဖမ္းဆီးထိန္းသိမ္းေနတာကို က်မတို႔ ရႈတ္ခ်ကန္႔ကြက္ပါတယ္။ သတင္းေထာက္ေတြအေနနဲ႔ ဆႏၵျပပြဲေတြကို လြတ္လပ္စြာ သတင္းယူခြင့္ ရွိသင့္ပါတယ္” လို႔ သံအမတ္ႀကီး Linda Thomas-Greenfield က ေျပာသြားတာပါ။

“သမၼတ ဘိုင္ဒန္ ေျပာထားသလိုဘဲ အေမရိကန္ျပည္ေထာင္စုဟာ လူ႔အခြင့္အေရးနဲ႔ အေျခခံအခြင့္အေရးေတြအတြက္ ေဆာင္ရြက္မယ္ဆိုတဲ့ သံဓိဌာန္က ေျပာင္းလဲပစ္မွာမဟုတ္ဘူး”ဆိုတာကိုလည္း သံအမတ္ႀကီးက ထပ္ေလာင္း ေျပာၾကားပါတယ္။ ဒါေၾကာင့္ သတင္းေထာက္ေတြ ဖမ္းဆီးခံေနရတာ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနတာေတြနဲ႔ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရးအတြက္ မဟာမိတ္ေတြ၊ လုပ္ေဖာ္ကိုင္ဘက္ႏိုင္ငံေတြနဲ႔ လက္တြဲ လုပ္ေဆာင္သြားမယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

ႏို၀င္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ ေဖာ္ျပခဲ့ၾကတဲ့ ျပည္သူေတြရဲ႕ဆႏၵနဲ႔ လိုက္ေလ်ာ ညီေထြမႈရွိေစမယ့္ လြတ္လပ္၊ ပြင့္လင္းၿပီး တိုးတက္ သာယာ၀ေျပာမယ့္၊ ျမန္မာျပည္သူေတြရဲ႕ ဆႏၵသေဘာထားကို ေလးစားမယ့္ အေျခအေနေတြ ေရာက္လာေအာင္ ေဆာင္ရြက္သြားမယ္ ဆိုတာကိုလည္း သံအမတ္ႀကီး Linda Thomas-Greenfield က သူ႔ရဲ႕ ဗြီဒီယို မိန္႔ခြန္းထဲမွာ ထဲ့သြင္း ေျပာၾကားထားပါတယ္။

ဒီ ဗြီဒီယိုကို အသံမသြင္းခင္ေလးတင္မွာဘဲ ျမန္မာ့အေရးကို လုံျခံဳေရးေကာင္စီ အဖြဲ႔၀င္ႏိုင္ငံေတြထံ တင္ျပခဲ့ေၾကာင္း၊ ေနာင္မွာလည္း ဆက္လက္ တင္ျပေနဦးမွာျဖစ္ေၾကာင္း၊ အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရး ျပန္လည္ ထြန္းကားေရးအတြက္ ဆက္လက္ ပံ့ပိုးေပးသြားမွာျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားထားပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာစစ်တပ်ရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြားက စစ်တပ်ကျူးလွန်မှုတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာသိအောင်ဖြန့်ပေးနေတဲ့ သတင်းထောက်တွေကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ချီးကျူးလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဦးဆောင်ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဘယ်တော့မှာ တိတ်ဆိတ် ငြိမ်သက်သွားခြင်းမရှိဘူးဆိုတဲ့ “Myanmar Never Silence Campaign” မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သူ့ ဗွီဒီယိုမိန့်ခွန်းထဲ ထည့်သွင်း ပြောသွားတာပါ။

“မြန်မာပြည်သူများ၊ အထူးသဖြင့် မြန်မာနိုင်ငံက သတင်းထောက်များရှင်၊ အမေရိကန်ပြည်ထောင်စုဟာ ရှင်တို့နဲ့အတူ ရပ်တည်နေပါတယ်။ သတင်းမီဒီယာအပေါ် မြန်မာစစ်တပ်ရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြားက စစ်တပ်က ကျူးလွန်နေတဲ့ ကြောက်မက်ဖွယ်ရာတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာကသိနိုင်အောင် ဖြန့်ဝေပေးနေကြတဲ့ သတင်းထောက်တွေကို ကျမတို့ ချီးကျူးဂုဏ်ပြုပါတယ်။ သတင်းထောက်တွေကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းနေတာကို ကျမတို့ ရှုတ်ချကန့်ကွက်ပါတယ်။ သတင်းထောက်တွေအနေနဲ့ ဆန္ဒပြပွဲတွေကို လွတ်လပ်စွာ သတင်းယူခွင့် ရှိသင့်ပါတယ်” လို့ သံအမတ်ကြီး Linda Thomas-Greenfield က ပြောသွားတာပါ။

“သမ္မတ ဘိုင်ဒန် ပြောထားသလိုဘဲ အမေရိကန်ပြည်ထောင်စုဟာ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေအတွက် ဆောင်ရွက်မယ်ဆိုတဲ့ သံဓိဌာန်က ပြောင်းလဲပစ်မှာမဟုတ်ဘူး”ဆိုတာကိုလည်း သံအမတ်ကြီးက ထပ်လောင်း ပြောကြားပါတယ်။ ဒါကြောင့် သတင်းထောက်တွေ ဖမ်းဆီးခံနေရတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဘက်နိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ လိုက်လျော ညီထွေမှုရှိစေမယ့် လွတ်လပ်၊ ပွင့်လင်းပြီး တိုးတက် သာယာဝပြောမယ့်၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားမယ့် အခြေအနေတွေ ရောက်လာအောင် ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း သံအမတ်ကြီး Linda Thomas-Greenfield က သူ့ရဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထဲ့သွင်း ပြောကြားထားပါတယ်။

ဒီ ဗွီဒီယိုကို အသံမသွင်းခင်လေးတင်မှာဘဲ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေထံ တင်ပြခဲ့ကြောင်း၊ နောင်မှာလည်း ဆက်လက် တင်ပြနေဦးမှာဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည် ထွန်းကားရေးအတွက် ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG