သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကူညီႀကိဳးပမ္းေပးဖို႔ ဗီယက္နမ္ကို ကန္ႏိုင္ငံျခားေရး၀န္ႀကီး တိုက္တြန္း


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ ၾကံဳေနရတဲ့ စိုးရိမ္ဖြယ္အေျခေနေတြကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken နဲ႔ ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီး Bui Thanh Son တို႔ၾကာသပေတးေန႔က ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price က ေျပာပါတယ္။

အၾကမ္းဖက္မႈေတြရပ္တန႔္ဖို႔၊ မတရားဖမ္းဆီးထားသူအားလုံးကိုျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံကိုဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေလွ်ာက္လွမ္းေစဖို႔အတြက္ စစ္အာဏာရွင္ကို ဖိအားေပးရာမွာ တစ္ညီတစ္ၫႊတ္နဲ႔တစ္သံတည္းေျပာဆိုၾကဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္တိုက္တြန္း ေၾကာင္းလည္း ရန္ကုန္ အေမရိကန္သံရံုးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖၚျပထားပါတယ္။

အေမရိကန္- ဗီယက္နမ္ ၂ ႏိုင္ငံအျပည့္အဝ မဟာမိတ္ျဖစ္တည္မႈနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းလိုက္နာေရးနဲ႔ အကာကြယ္ေပးေရး ဆိုင္ရာ ၂ ႏိုင္ငံခ်မွတ္ထားတဲ့ သံဓိဌာန္ ခိုင္မာေစေရး အထိန္းအမွတ္အျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦးရဲ႕ ဆက္သြယ္ေျပာဆိုခ်က္ထဲမွာ ဥတုရာသီေျပာင္းလဲမႈ ဆိုင္ရာနဲ႔ Covid 19 ကပ္ေရာဂါ ဆိုင္ရာ အေၾကာင္းရာေတြကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့တယ္ လို႔လည္း ေျပာပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ အာဆီယံအေရး အဓိက ဦးစားေပးဖို႔၊ မဲေခါင္- အေမရိကန္ မဟာမိတ္ျဖစ္တည္မႈ နဲ႔ လြတ္လပ္၊ ခိုင္မာၿပီး ႂကြယ္ဝတဲ့ ဗီယက္နမ္ကိုႏိုင္ငံ လူ႔အခြင့္ေရးနဲ႔ တရားဥပေဒစိုးမိုးေရး အတြက္ ပံ့ပိုးေပးဖို႔ သႏၷိ႒ာန္ခ်ထားေၾကာင္း ဝန္ႀကီး Blinken က ေလးေလးနက္နက္ ေျပာၾကားခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဗီယက္နမ္အပါအဝင္ အာဆီယံ ၉ ႏိုင္ငံက ျမန္မာစစ္တပ္ကို လက္နက္ခဲယမ္း ေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္ေရးဆိုင္ရာ ေတာင္းဆိုတာေတြ မလုပ္ဖို႔ ကုလသမဂၢကို ပန္ၾကားထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း ဆက္လက္ျဖစ္ပြါးေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ျမန္မာကို လက္နက္ေရာင္းခ်မႈ ပိတ္ပင္ဖို႔ပါ ပါဝင္တဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို Liechtenstein ႏိုင္ငံက ဦးေဆာင္ၿပီး ကုလသမဂၢအေထြေထြညီလာခံကို တင္သြင္းခဲ့တာ ျဖစ္ပါတယ္။

ဒီမူၾကမ္းကို ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ မဲခြဲဆံုးျဖတ္ဖို႔ရွိေပမယ့္ ကုလသမဂၢ အဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံၾကား ဘံုသေဘာတူညီခ်က္ မရႏိုင္တာေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရတာပါ။

ဒီဆံုးျဖတ္ခ်က္မူၾကမ္းထဲမွာထည့္မယ့္ ျမန္မာႏိုင္ငံကို "လက္နက္ခဲယမ္းမ်ဳိးစံု တိုက္႐ုိက္ ဒါမွမဟုတ္ သြယ္ဝိုက္ၿပီးေတာ့ ေထာက္ပံ့တာ၊ ေရာင္းခ်တာ ဒါမွမဟုတ္ လႊဲေျပာင္းေပးတာကို ခ်က္ျခင္းရပ္ဆိုင္းေရး" ဆိုတဲ့ စာေၾကာင္းကို ဖယ္ရွားေပးဖို႔ အာဆီယံ ၉ ႏုိင္ငံကေပးပို႔တဲ့စာထဲမွာ ေဖာ္ျပထားတယ္လုိ႔ ႐ိုက္တာ သတင္းမွာ ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

မြန်မာ့အရေး ကူညီကြိုးပမ်းပေးဖို့ ဗီယက်နမ်ကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် ကြုံနေရတဲ့ စိုးရိမ်ဖွယ်အခြေနေတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ကြာသပတေးနေ့က ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က ပြောပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းစေဖို့အတွက် စစ်အာဏာရှင်ကို ဖိအားပေးရာမှာ တစ်ညီတစ်ညွှတ်နဲ့တစ်သံတည်းပြောဆိုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်း ကြောင်းလည်း ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်- ဗီယက်နမ် ၂ နိုင်ငံအပြည့်အဝ မဟာမိတ်ဖြစ်တည်မှုနဲ့ တောင်တရုတ်ပင်လယ်အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာရေးနဲ့ အကာကွယ်ပေးရေး ဆိုင်ရာ ၂ နိုင်ငံချမှတ်ထားတဲ့ သံဓိဌာန် ခိုင်မာစေရေး အထိန်းအမှတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးရဲ့ ဆက်သွယ်ပြောဆိုချက်ထဲမှာ ဥတုရာသီပြောင်းလဲမှု ဆိုင်ရာနဲ့ Covid 19 ကပ်ရောဂါ ဆိုင်ရာ အကြောင်းရာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ် လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အာဆီယံအရေး အဓိက ဦးစားပေးဖို့၊ မဲခေါင်- အမေရိကန် မဟာမိတ်ဖြစ်တည်မှု နဲ့ လွတ်လပ်၊ ခိုင်မာပြီး ကြွယ်ဝတဲ့ ဗီယက်နမ်ကိုနိုင်ငံ လူ့အခွင့်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် ပံ့ပိုးပေးဖို့ သန္နိဋ္ဌာန်ချထားကြောင်း ဝန်ကြီး Blinken က လေးလေးနက်နက် ပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ဗီယက်နမ်အပါအဝင် အာဆီယံ ၉ နိုင်ငံက မြန်မာစစ်တပ်ကို လက်နက်ခဲယမ်း ရောင်းချမှု ပိတ်ပင်ကန့်သတ်ရေးဆိုင်ရာ တောင်းဆိုတာတွေ မလုပ်ဖို့ ကုလသမဂ္ဂကို ပန်ကြားထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဆက်လက်ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ပါ ပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို Liechtenstein နိုင်ငံက ဦးဆောင်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီမူကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ရှိပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကြား ဘုံသဘောတူညီချက် မရနိုင်တာကြောင့် ရွှေ့ဆိုင်းခဲ့ရတာပါ။

ဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာထည့်မယ့် မြန်မာနိုင်ငံကို "လက်နက်ခဲယမ်းမျိုးစုံ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ထောက်ပံ့တာ၊ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းပေးတာကို ချက်ခြင်းရပ်ဆိုင်းရေး" ဆိုတဲ့ စာကြောင်းကို ဖယ်ရှားပေးဖို့ အာဆီယံ ၉ နိုင်ငံကပေးပို့တဲ့စာထဲမှာ ဖော်ပြထားတယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG