သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကိစ္စ အီရန်ဘက်က ဦးစွာလိုက်နာဖို့ ကန်မျှော်လင့်ဆဲ


အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတခု။ (ဇန်နဝါရီ ၁၅၊ ၂၀၁၁)
အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတခု။ (ဇန်နဝါရီ ၁၅၊ ၂၀၁၁)

(Zawgyi / Unicode)

အမေရိကန်က အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ဆိုရင် အီရန်နျူကလီးယား အစီအစဉ်ဆိုင်ရာ ကန့်သတ်ထားချက်တွေကို အီရန်ဘက်က လိုက်နာဖို့ လိုအပ်ပေမယ့် ခုထိ အီရန်ဘက်က လိုက်နာမယ်၊ မလိုက်နာဘူးဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အီရန် နျူကလီးယားလက်နက် မထုတ်အောင် တားဆီးဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ၂၀၁၅ တုန်းက နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရထားတာဖြစ်ပြီး အမေရိကန်က သမ္မတ Donald Trump လက်ထက် ၂၀၁၈ မှာ ဒီသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့သလို အီရန်ရဲ့ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ပို့ဆောင်မှုလုပ်ငန်းတွေအပေါ် နောက်ထပ်အရေးယူမှုတွေ ထပ်ပြီး ချထားခဲ့တာပါ။

အခု အမေရိကန်သမ္မတသစ် Joe Biden လက်ထက်မှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ်တို့ပါဝင်တဲ့ အီရန်နျူကလီးယား သဘောတူညီချက်မှာ ပြန်ပါဝင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး အီရန်ကလည်း တခြားနိုင်ငံတွေက သံတမန်တွေကနေ တဆင့် အမေရိကန်နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်က အီရန်အပေါ်ချထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အရင်ဆုံး ဖယ်ရှားပေးမှ ဒီသဘောတူညီချက်ပါ အချက်တွေကို ပြန်လိုက်နာမှာဖြစ်ကြောင်း အီရန်က ပြောနေသလို အမေရိကန်ကလည်း အီရန်ဘက်က သဘောတူညီချက်ကို ပြန်လိုက်နာမှ ဖယ်ရှားပေးမှာဖြစ်ကြောင်း ပြောနေတာပါ။

မကြာသေးခင်က CNN မေးမြန်းခန်းတခုမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က အမေရိကန်နဲ့ အီရန်တို့ကြား ဗီယင်နာက ဆွေးနွေးပွဲတွေဟာ တိုးတက်မှုရှိကြောင်းနဲ့ မကြာခင်ရက်တွေအတွင်း ပဉ္စမအကြိမ် ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG