(Zawgyi/Unicode)
အီရန္ႏ်ဴကလီးယားအစီအစဥ္ကို ထိန္းခ်ဳပ္ေရးအတြက္ ၂၀၁၅ က ခ်ဳပ္ဆိုခဲ့တဲ့ ႏိုင္ငံတကာ စာခ်ဳပ္ ျပန္လည္သက္၀င္ဖို ့နဲ႔ သမၼတ Donald Trump လက္ထက္က ႏုတ္ထြက္သြြားတဲ႔ အေမရိကန္ ျပန္လည္ပါ၀င္လာဖို႔အတြက္ ကမာၻ ့ေခါင္းေဆာင္ေတြ အဂၤါေန ့မွာ ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕မွာ စတင္စကားေျပာၾကပါတယ္။
အီရန္ဘက္ကေတာ့ သူတို ့ရဲ႕ ႏ်ဴကလီးယားအစီအစဥ္ဟာ ၿငိမ္းခ်မ္းတဲ့ ရည္ရြယ္ခ်က္အတြက္ လို ့ေျပာဆိုထားေပမယ့္ လက္ရွိ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္ကေတာ႔ အီရန္န်ဴကလီးယား လက္နက္ ထုတ္လုပ္မႈတားဆီးေရး ရည္ရြယ္တဲ႔ ဒီစာခ်ဳပ္ထဲ ျပန္လည္ပါ၀င္ဖို ့ဆႏၵရွိေနပါတယ္။
သမၼတေဟာင္း ထရန္ ့က ယခင္ အိုဘားမားလက္ထက္ အီရန္ရဲ႕ ႏ်ဴကလီးယားအစီအစဥ္ကို ကာကြယ္ဖို ့လုပ္ေဆာင္ခဲ့တာကို အားေပ်ာ့တယ္လို ့ယံုၾကည္ခဲ့ၿပီး အဲဒီအစား အီရန္အေပၚ စီးပြားေရးပိတ္ဆို ့ျခင္းက ႏ်ဴကလီးယားအစီအစဥ္ကို ကန္ ့သတ္ႏိုင္မယ္လို ့ ေမွ်ာ္လင့္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သမၼတ ထရန္ ့ရာထူးက မဆင္းမီ ေနာက္ထပ္ ဇန္နဝါရီလမတိုင္မီအထိ ေနာက္ထပ္ သေဘာတူညီမႈ အသစ္ေတြမရွိခဲ့ပါဘူး။
႐ုရွားအေနနဲ ့ အေမရိကန္ရဲ႕ ဖိအားကို လမ္းလႊဲဖို ့ အတြက္ အေမရိကန္-အီရန္ျပႆနာဆက္ျဖစ္ေစဖို ့ ေမွ်ာ္လင့္ၿပီး စာခ်ဳပ္နဲ ့ပက္သက္တဲ့ အားနည္းခ်က္ေတြကို ေထာက္ျပေျပာဆိုမႈအၿပီး အီရန္ႏိုင္ငံျခားေရး၀န္ႀကီး Mohammad Javad Zarif က စြပ္စြဲေျပာဆိုအၿပီး အခုလို စကားဝိုင္းအသစ္စဖို ့ျဖစ္လာတာပါ။
စကားဝိုင္းေဆြးေႏြးပြဲ အသစ္မွာ အေမရိကန္ရဲ႕ စီးပြားေရးပိတ္ဆို ့မႈေလွ်ာ့ ခ်ေစဖို ့နဲ ့အီရန္ႏိုင္ငံအေနနဲ႕လည္း ၂၀၁၅ သေဘာတူညီမႈအရ ဘယ္လို လိုက္နာသင့္တယ္ဆိုတာကို ဦးတည္ခ်က္ထားတာျဖစ္ပါတယ္။
............
အီရန် နျူကလီးယားစာချုပ် ပြန်လည်အသက်ဝင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး
(Unicode)
အီရန်နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရေးအတွက် ၂၀၁၅ က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ စာချုပ် ပြန်လည်သက်ဝင်ဖို့နဲ့ သမ္မတ Donald Trump လက်ထက်က နုတ်ထွက်သွားတဲ့ အမေရိကန် ပြန်လည်ပါဝင်လာဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အင်္ဂါနေ့မှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ စတင်စကားပြောကြပါတယ်။
အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် လို ့ပြောဆိုထားပေမယ့် လက်ရှိ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ကတော့ အီရန်နျူကလီးယား လက်နက် ထုတ်လုပ်မှုတားဆီးရေး ရည်ရွယ်တဲ့ ဒီစာချုပ်ထဲ ပြန်လည်ပါဝင်ဖို့ဆန္ဒရှိနေပါတယ်။
သမ္မတဟောင်း ထရန့်က ယခင် အိုဘားမားလက်ထက် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကာကွယ်ဖို့လုပ်ဆောင်ခဲ့တာကို အားပျော့တယ်လို့ယုံကြည်ခဲ့ပြီး အဲဒီအစား အီရန်အပေါ် စီးပွားရေးပိတ်ဆို့ခြင်းက နျူကလီးယားအစီအစဉ်ကို ကန့်သတ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သမ္မတ ထရန့်ရာထူးက မဆင်းမီ နောက်ထပ် ဇန်နဝါရီလမတိုင်မီအထိ နောက်ထပ် သဘောတူညီမှု အသစ်တွေမရှိခဲ့ပါဘူး။
ရုရှားအနေနဲ့ အမေရိကန်ရဲ့ ဖိအားကို လမ်းလွှဲဖို့ အတွက် အမေရိကန်-အီရန်ပြဿနာဆက်ဖြစ်စေဖို့ မျှော်လင့်ပြီး စာချုပ်နဲ့ပက်သက်တဲ့ အားနည်းချက်တွေကို ထောက်ပြပြောဆိုမှုအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က စွပ်စွဲပြောဆိုအပြီး အခုလို စကားဝိုင်းအသစ်စဖို့ဖြစ်လာတာပါ။
စကားဝိုင်းဆွေးနွေးပွဲ အသစ်မှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုလျှော့ ချစေဖို့နဲ့အီရန်နိုင်ငံအနေနဲ့လည်း ၂၀၁၅ သဘောတူညီမှုအရ ဘယ်လို လိုက်နာသင့်တယ်ဆိုတာကို ဦးတည်ချက်ထားတာဖြစ်ပါတယ်။