သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားေဆြးေႏြးပဲြ မစခင္ ကန္ဒဏ္ခတ္မႈ ရုပ္သိမ္းဖို႔ အီရန္ ထပ္မံေတာင္းဆို


(Zawgyi/Unicode)

အီရန္ႏ်ဴကလီယားဆိုင္ရာ ၂၀၁၅ ႏိုင္ငံတကာသေဘာတူညီခ်က္ အတြက္ ေဆြးေႏြးပြဲေတြ ျပန္မစခင္ အေမရိကန္ဘက္က သမၼတေဟာင္း ေဒၚနယ္ထရမ့္အစိုးရအဖြဲ႔ခ်မွတ္ခဲ့တဲ့ အေရးယူဒဏ္ခတ္မႈေတြကို အရင္ ဖယ္ရွားေပးဖို႔ အီရန္က တနလၤာေန႔မွာ ထပ္မံေတာင္းဆိုလိုက္ပါတယ္။

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Saeed Khatibzadeh က တနလၤာေန႔ တဟီရန္က သတင္းစာရွင္းလင္းပြဲမွာ ခုလို ေျပာၾကားလိုက္တာပါ။ တကယ္လို႔ ဒီသေဘာတူညီခ်က္အတြက္ ၫွိႈႏႈိင္းမႈေတြ အေမရိကန္က ျပန္စခ်င္တယ္ဆိုရင္ ဒဏ္ခတ္မႈေတြ ဖယ္ရွားေပးရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အီရန္ဘက္က ႏ်ဴကလီယားလက္နက္ မထုတ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ေနတဲ့ ပူးတြဲအလုပ္အဖြဲ႔ JCPOA ဒါမွမဟုတ္ ၂၀၁၅ သေဘာတူညီခ်က္ ျပန္အသက္ဝင္လာေအာင္ ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ၿပီး အီရန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက တနဂၤေႏြေန႔တုန္းကလည္း အလားတူ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ သမၼတအိမ္ျဖဴေျပာခြင့္ရကေတာ့ အီရန္ရဲ႕ ေျပာၾကားမႈ အတြက္ စိတ္ပ်က္ရေၾကာင္း တနဂၤေႏြေန႔မွာပဲ ေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ JCPOA အဖြဲ႔ အလုပ္ျပန္စႏိုင္ေအာင္ အဓိပၸါယ္ရွိတဲ့ သံတမန္ေရးနည္းလမ္းေတြနဲ႔ ျပန္လုပ္ဖို႔ အေမရိကန္ဘက္က အသင့္ရွိေၾကာင္း ေျပာပါတယ္။

ဒီကိစၥအတြက္ အေကာင္းဆံုးနည္းလမ္းနဲ႔ ဆက္သြားႏိုင္ဖို႔ အေမရိကန္အစိုးရက ကုလသမဂၢလံုျခံဳေရးေကာင္စီ အၿမဲတမ္း အဖြဲ႔ဝင္ ၄ ႏိုင္ငံျဖစ္တဲ့ ၿဗိတိန္၊ တ႐ုတ္၊ ျပင္သစ္နဲ႔ ႐ုရွား အျပင္ ဂ်ာမဏီနဲ႔ပါ တိုင္ပင္မႈေတြလုပ္သြားဖို႔ ရွိတယ္လို႔လည္း အိမ္ျဖဴေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

နျူကလီးယားဆွေးနွေးပွဲ မစခင် ကန်ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ အီရန် ထပ်မံတောင်းဆို

(Unicode)

အီရန်နျူကလီယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာသဘောတူညီချက် အတွက် ဆွေးနွေးပွဲတွေ ပြန်မစခင် အမေရိကန်ဘက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ချမှတ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကို အရင် ဖယ်ရှားပေးဖို့ အီရန်က တနင်္လာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Saeed Khatibzadeh က တနင်္လာနေ့ တဟီရန်က သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောကြားလိုက်တာပါ။ တကယ်လို့ ဒီသဘောတူညီချက်အတွက် ညှှိုနှိုင်းမှုတွေ အမေရိကန်က ပြန်စချင်တယ်ဆိုရင် ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

အီရန်ဘက်က နျူကလီယားလက်နက် မထုတ်နိုင်အောင် ထိန်းချုပ်နေတဲ့ ပူးတွဲအလုပ်အဖွဲ့ JCPOA ဒါမှမဟုတ် ၂၀၁၅ သဘောတူညီချက် ပြန်အသက်ဝင်လာအောင် ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက တနင်္ဂနွေနေ့တုန်းကလည်း အလားတူ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူပြောခွင့်ရကတော့ အီရန်ရဲ့ ပြောကြားမှု အတွက် စိတ်ပျက်ရကြောင်း တနင်္ဂနွေနေ့မှာပဲ ပြောကြားခဲ့တာပါ။ ဒါပေမယ့် JCPOA အဖွဲ့ အလုပ်ပြန်စနိုင်အောင် အဓိပ္ပါယ်ရှိတဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ ပြန်လုပ်ဖို့ အမေရိကန်ဘက်က အသင့်ရှိကြောင်း ပြောပါတယ်။

ဒီကိစ္စအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ဆက်သွားနိုင်ဖို့ အမေရိကန်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၄ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နဲ့ ရုရှား အပြင် ဂျာမဏီနဲ့ပါ တိုင်ပင်မှုတွေလုပ်သွားဖို့ ရှိတယ်လို့လည်း အိမ်ဖြူပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG