သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕အလယ္ပိုင္းၿငိမ္းခ်မ္းေရးအတြက္ ကန္ႏိုင္ငံျခားေရးဝန္ႀကီး ေဂ်႐ုဆလင္ေရာက္ရွိ


US Israel Blinken

{{Zawgyi/Unicode}}
အစၥေရးလ္ႏိုင္ငံအေနနဲ႔ ကိုယ့္ကိုယ္ကို ခုခံကာကြယ္ပိုင္ခြင့္ရွိတယ္ဆုိတာ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က အထူးအေလးေပး ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေႏွာင္းပိုင္းကစၿပီး အသက္ဝင္ခဲ့တဲ့ အစၥေရးလ္နဲ႔ ဟားမားစ္အဖြဲ႔ၾကား အပစ္အခတ္ရပ္စဲေရးေပၚမွာ အေျချပဳၿပီး ႀကိဳးပမ္းလုပ္ေဆာင္မႈရဲ႕ တစိတ္တပိုင္းအျဖစ္ ေဂ်႐ုစလင္မ္ၿမိဳ႕မွာ ေရာက္ေနခ်ိန္အတြင္း ဝန္ႀကီး Blinken က အဲဒီလိုေျပာခဲ့တာပါ။

အစၥေရးလ္နဲ႔ ပါလက္စတိုင္းေတြအၾကား တိုက္ခုိက္ၾကခ်ိန္အတြင္း ႏွစ္ဘက္စလံုးမွာ ႀကီးမားတဲ့ ဆံုး႐ံႈးမႈေတြရွိခဲ့ၿပီးေတာ့ ေမ ွ်ာ္လင့္ခ်က္၊ ေလးစားမႈနဲ႔ ယံုၾကည္မႈတို႔ကို ျပန္တည္ေဆာက္ဖို႔ လုပ္ေဆာင္ရမွာေတြ အမ်ားႀကီးရွိတယ္လုိ႔ အစၥေရးလ္ဝန္ႀကီးခ်ဳပ္ Benjamin Netyanyahu နဲ႔ ဒီကေန႔ ပူးတြဲလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဝန္ႀကီး Blinken ကေျပာသြားပါတယ္။

"ထိခိုက္ေသဆံုးမႈေတြကို ကိန္းဂဏန္းေတြအျဖစ္ ေဖာ္ျပေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ကိန္းဂဏန္းတခုခ်င္းစီေနာက္မွာ လူသားတဦးခ်င္းစီ ရွိေနတာပါ။ သမီးတဦး၊ သားတဦး၊ ဖခင္တဦး၊ မိခင္တဦး၊ အဖိုးအဖြားတဦး၊ အေကာင္းဆံုးသူငယ္ခ်င္းတဦး စသည္အားျဖင့္ ရွိေနပါတယ္။ Talmud က်မ္းပါ သင္ျပခ်က္အရဆိုရင္ ဆံုး႐ံႈးရတဲ့ အသက္တေခ်ာင္းဟာ ပါလက္စတိုင္းပဲျဖစ္ျဖစ္ အစၥေရးလ္ပဲျဖစ္ျဖစ္ အသက္တေခ်ာင္း ဆံုး႐ံႈးရတာဟာ ကမာၻႀကီးတခုလံုးကုိ ဆံုး႐ံႈးရတာပါပဲ" လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္"

ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ေဆာက္ေရး ႏုိင္ငံတကာက ဝုိင္းဝန္းကူညီဖို႔ အေမရိကန္က စုုစည္းလုပ္ေဆာင္သြားမွာျဖစ္ၿပီး အဲဒီအကူအညီေတြကေန ဟားမားစ္စစ္ေသြးႂကြအဖြဲ႔ အက်ဳိးမျဖစ္ေစမယ့္ နည္းလမ္းေတြနဲ႔ လုပ္ေဆာင္သြားမယ္လုိ႔လည္း ဝန္ႀကီး Blinken ကေျပာပါတယ္။

ပါလက္စတိုင္းအာဏာပိုင္အဖြဲ႔သမၼတ Mahmoud Abbas ၊ ဝန္ႀကီးခ်ဳပ္ Mohammad Shtayyeh တို႔နဲ႔ ရာမာလာၿမိဳ႔မွာ ေတြ႔ဆံုၿပီးတဲ့ေနာက္ အကူအညီရရွိေရး ႀကိဳးပမ္းခ်က္ေတြနဲ႔ပတ္သက္ၿပီး ဒီကေန႔ေႏွာင္းပိုင္းမွာ ဝန္ႀကီး Blinken ကေၾကညာဖို႔ စီစဥ္ထားပါတယ္။

အေမရိကန္က ေထာက္ခံမႈျပသတဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Netanyahu က ေျပာသလို ဟားမားစ္အဖြဲ႔အေနနဲ႔ အပစ္အခတ္ရပ္စဲထားတာကို ထိန္းသိ္မ္းဖို႔လည္း သတိေပးစကားေျပာခဲ့ပါတယ္။

...........................................

{{Unicode}}

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အထူးအလေးပေး ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းကစပြီး အသက်ဝင်ခဲ့တဲ့ အစ္စရေးလ်နဲ့ ဟားမားစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးပေါ်မှာ အခြေပြုပြီး ကြိုးပမ်းလုပ်ဆောင်မှုရဲ့ တစိတ်တပိုင်းအဖြစ် ဂျေရုစလင်မ်မြို့မှာ ရောက်နေချိန်အတွင်း ဝန်ကြီး Blinken က အဲဒီလိုပြောခဲ့တာပါ။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတွေအကြား တိုက်ခိုက်ကြချိန်အတွင်း နှစ်ဘက်စလုံးမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ပြီးတော့ မေ ျှာ်လင့်ချက်၊ လေးစားမှုနဲ့ ယုံကြည်မှုတို့ကို ပြန်တည်ဆောက်ဖို့ လုပ်ဆောင်ရမှာတွေ အများကြီးရှိတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netyanyahu နဲ့ ဒီကနေ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Blinken ကပြောသွားပါတယ်။

"ထိခိုက်သေဆုံးမှုတွေကို ကိန်းဂဏန်းတွေအဖြစ် ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတခုချင်းစီနောက်မှာ လူသားတဦးချင်းစီ ရှိနေတာပါ။ သမီးတဦး၊ သားတဦး၊ ဖခင်တဦး၊ မိခင်တဦး၊ အဖိုးအဖွားတဦး၊ အကောင်းဆုံးသူငယ်ချင်းတဦး စသည်အားဖြင့် ရှိနေပါတယ်။ Talmud ကျမ်းပါ သင်ပြချက်အရဆိုရင် ဆုံးရှုံးရတဲ့ အသက်တချောင်းဟာ ပါလက်စတိုင်းပဲဖြစ်ဖြစ် အစ္စရေးလ်ပဲဖြစ်ဖြစ် အသက်တချောင်း ဆုံးရှုံးရတာဟာ ကမ္ဘာကြီးတခုလုံးကို ဆုံးရှုံးရတာပါပဲ" လို့ ဝန်ကြီး Blinken ကပြောပါတယ်"

ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာက ဝိုင်းဝန်းကူညီဖို့ အမေရိကန်က စုစည်းလုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီအကူအညီတွေကနေ ဟားမားစ်စစ်သွေးကြွအဖွဲ့ အကျိုးမဖြစ်စေမယ့် နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သမ္မတ Mahmoud Abbas ၊ ဝန်ကြီးချုပ် Mohammad Shtayyeh တို့နဲ့ ရာမာလာမြို့မှာ တွေ့ဆုံပြီးတဲ့နောက် အကူအညီရရှိရေး ကြိုးပမ်းချက်တွေနဲ့ပတ်သက်ပြီး ဒီကနေ့နှောင်းပိုင်းမှာ ဝန်ကြီး Blinken ကကြေညာဖို့ စီစဉ်ထားပါတယ်။

အမေရိကန်က ထောက်ခံမှုပြသတဲ့အပေါ် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် Netanyahu က ပြောသလို ဟားမားစ်အဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲထားတာကို ထိန်းသိမ်းဖို့လည်း သတိပေးစကားပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG