သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး အေရွ႕အလယ္ပိုင္းေဒသသြားေရာက္


Antony Blinken

{{Zawgyi/Unicode}}

အစၥေရးနဲ႔ ဟားမတ္အၾကား ေသာၾကာေန႔အေစာပိုင္း အပစ္အခတ္ရပ္စဲေရးယူထားၿပီးတဲ့ေနာက္၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ အခု တနင္းလာေန႔ မွာ အေရွ႕အလယ္ပိုင္းေဒသကိုသြားေရာက္ေနပါတယ္။ မစၥတာ Blinken ဟာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္နဲ႔ အေရွ႕အလယ္ပိုင္းေဒသကို ပထမဦးဆံုးသြားေရာက္တာလည္းျဖစ္ပါတယ္။

ဂါဇာကမ္းေျမာင္ေဒသ အပစ္ရပ္ေရး အေမရိကန္အစိုးရရဲ႕ ႀကိဳးပမ္းအားထုတ္မႈ တစိတ္တပိုင္းအျဖစ္နဲ႔ မစၥတာ Blinken ဟာ အစၥေရး၊ ပါလက္စတုိင္းအျပင္အျခား ေဒသတြင္း ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ပါ ေတြ႔ဆံု ေဆြးေႏြးဖုိ႔ရွိပါတယ္။

ဂါဇာနဲ႔ ဂါဇာေဒသျပန္လည္တည္ေဆာက္ေရးႀကိဳးပမ္းမႈေတြမွာ ႏိုင္ငံတကာေထာက္ခံမႈေတြရေအာင္နဲ႔ လူသားခ်င္းစာနာမူအကူအညီေတြေပးႏိုင္ေရးအတြက္ ပါလက္စတိ္ုငးအာဏာပိုင္ေတြ၊ ကုလသမဂၢအဖဲြ႕ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အေမရိကန္ျပည္ေထာင္စုက ပိုင္းျဖတ္ထားတယ္လို႔ဆိုပါတယ္။

တခ်ိန္တည္းမွာပဲ အီဂ်စ္က ညွိႏႈိင္းေရးမႉးေတြကလည္း ဂါဇာနယ္စပ္ကို သြားေရာက္ခဲ့ၿပီး လက္ရွိ အပစ္ရပ္ထားတဲ့အေျခအေနကို ဆက္ထိန္းထားႏုိင္ေရး အေနာက္ဘက္ ကမ္းေျမာင္ေဒသ အေျခစိုက္ ဟားမတ္စ္စ္ ပါလက္စတုိင္း သမၼတ Mahmoud Abbas နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ အစၥေရးနဲ႕ ဟာမတ္ဦးေဆာင္တဲ့ပါလက္စတိ္ုင္းတို႔အၾကား ဂါဇာေဒသအပစ္အခတ္ရပ္စဲေရးရေအာင္ အီဂ်စ္က ၾကား၀င္ညိႈႏိႈင္းခဲ့တာပါ။

ကုလသမဂၢအဖြဲ႔ လံုၿခံဳေရးေကာင္စီအဖြဲ႔ဝင္ႏုိင္ငံေတြကလည္း အစၥေရးနဲ႔ ဟားမတ္စ္တို႔ၾကား အပစ္ရပ္ ထားတာကို ႀကိဳဆိုခဲ့ၾကပါတယ္။ ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးအျပည့္အဝရရွိေအာင္ ျပန္ၿပီး ေဆာင္ရြက္ဖို႔၊ အစၥေရးနဲ႔ပါလက္စတုိင္း ဒီမိုကရက္ႏွစ္ႏိုင္ငံၾကား ေဘးကင္းလံုၿခံဳစြာနဲ႔ ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲ ေနထုိင္ေရးနဲ႔ နယ္စပ္ေတြကို အသိအမွတ္ျပဳၾကဖို႔ စတဲ့အခ်က္ေတြကိုလည္း ကုလ လံုျခံဳေရးေကာင္စီက ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂါဇာအေရးကၽြမ္းက်င္သူတခ်ဳိ႕ကေတာ့ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီးျဖစ္လာတဲ့ ေရရွည္ပဋိပကၡကို အဆံုးသတ္ေရးကိစၥမွာ ဒီအပစ္ရပ္ဆုိင္းထားမႈတခုနဲ႔ ၿပီးသြားမွာမဟုတ္ဘူးလို႔ ေျပာေနၾကပါတယ္။

......................................

{{Unicode}}

အစ္စရေးနဲ့ ဟားမတ်အကြား သောကြာနေ့အစောပိုင်း အပစ်အခတ်ရပ်စဲရေးယူထားပြီးတဲ့နောက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခု တနင်းလာနေ့ မှာ အရှေ့အလယ်ပိုင်းဒေသကိုသွားရောက်နေပါတယ်။ မစ္စတာ Blinken ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ အရှေ့အလယ်ပိုင်းဒေသကို ပထမဦးဆုံးသွားရောက်တာလည်းဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး အမေရိကန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်းအဖြစ်နဲ့ မစ္စတာ Blinken ဟာ အစ္စရေး၊ ပါလက်စတိုင်းအပြင်အခြား ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။

ဂါဇာနဲ့ ဂါဇာဒေသပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေမှာ နိုင်ငံတကာထောက်ခံမှုတွေရအောင်နဲ့ လူသားချင်းစာနာမူအကူအညီတွေပေးနိုင်ရေးအတွက် ပါလက်စတိုငးအာဏာပိုင်တွေ၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ အီဂျစ်က ညှိနှိုင်းရေးမှူးတွေကလည်း ဂါဇာနယ်စပ်ကို သွားရောက်ခဲ့ပြီး လက်ရှိ အပစ်ရပ်ထားတဲ့အခြေအနေကို ဆက်ထိန်းထားနိုင်ရေး အနောက်ဘက် ကမ်းမြောင်ဒေသ အခြေစိုက် ဟားမတ်စ်စ် ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမတ်ဦးဆောင်တဲ့ပါလက်စတိုင်းတို့အကြား ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးရအောင် အီဂျစ်က ကြားဝင်ညှိုနှိုင်းခဲ့တာပါ။

ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ရပ် ထားတာကို ကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်းမှာ ငြိမ်းချမ်းရေးအပြည့်အဝရရှိအောင် ပြန်ပြီး ဆောင်ရွက်ဖို့၊ အစ္စရေးနဲ့ပါလက်စတိုင်း ဒီမိုကရက်နှစ်နိုင်ငံကြား ဘေးကင်းလုံခြုံစွာနဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးနဲ့ နယ်စပ်တွေကို အသိအမှတ်ပြုကြဖို့ စတဲ့အချက်တွေကိုလည်း ကုလ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂါဇာအရေးကျွမ်းကျင်သူတချို့ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီးဖြစ်လာတဲ့ ရေရှည်ပဋိပက္ခကို အဆုံးသတ်ရေးကိစ္စမှာ ဒီအပစ်ရပ်ဆိုင်းထားမှုတခုနဲ့ ပြီးသွားမှာမဟုတ်ဘူးလို့ ပြောနေကြပါတယ်။

XS
SM
MD
LG