သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရး နဲ႔ ဟာမာ႔စ္ အပစ္ရပ္သေဘာတူၾကၿပီ


(Zawgyi/Unicode)

၁၁ ရက္ၾကာ အျပန္အလွန္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးလ္နဲ႔ ဂါဇာေဒသက စစ္ေသြးႂကြေတြၾကား အပစ္အခတ္ ရပ္စဲဖို႔ တၿပိဳင္တည္းလိုလို ေၾကညာလိုက္ၾကပါတယ္။ ဂါဇာေဒသစံေတာ္ခ်ိန္ ေသာၾကာေန႔ မနက္ ၂ နာရီကစ အပစ္အခတ္ ရပ္စဲေရး စတင္ အသက္၀င္မွာျဖစ္ေၾကာင္း ဟာမတ္စ္အဖဲြ႕ တာ၀န္ရွိသူေတြက Reuters သတင္းဌာနကို အတည္ျပဳခဲ့တာပါ။

အစၥေရးလ္ႏိုင္ငံကလည္း ၀န္ႀကီးခ်ဳပ္ရဲ႕ လုံျခံဳေရးဆိုင္ရာ ၀န္ႀကီးအဖဲြ႕ ၾကာသပေတးေန႔ ေႏွာင္းပိုင္း အစည္းအေ၀း အၿပီးမွာပဲ အပစ္အခတ္ ရပ္စဲေရး ေၾကညာခဲ့ပါတယ္။ အစၥေရး ၀န္ႀကီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အီဂ်စ္ႏိုင္ငံက ၾကား၀င္ေစ့စပ္ အဆိုျပဳခဲ့တဲ့ ကမ္းလွမ္းခ်က္ကို အစၥေရး အစိုးရအဖဲြ႕ရဲ႕ လုံျခံဳေရးဆိုင္ရာ အစည္းအေ၀းက တခဲနက္ အတည္ျပဳလိုက္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အပစ္အခတ္ ရပ္စဲေရးအတြက္ ၾကား၀င္ ညႇိႏႈိင္းေပးခဲ့တဲ့ အီဂ်စ္ႏိုင္ငံကိုေတာ့ အေမရိကန္ သမၼတ Joe Biden က ခ်ီးက်ဳးစကား ေျပာၾကားခဲ့သလို၊ အစၥေရးလ္နဲ႔ ပါလက္စတိုင္းၾကား ၿငိမ္းခ်မ္းစြာ အတူယွဥ္တဲြ ေနထိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာဆိုလိုက္ပါတယ္။

“အစၥေရးနဲ႔ ပါလက္စတိုင္း ၂ ဖက္စလုံး ေဘးကင္းလုံျခံဳမႈရွိရွိ ေနထိုင္ႏိုင္ဖို႔ ညီတူညီမွ် အခြင့္အေရး ရွိသလို၊ လြတ္လပ္မႈ၊ သာယာ၀ေျပာမႈနဲ႔ ဒီမိုကေရစီကိုလည္း ခံစားထိုက္တယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္။ ဒီလိုျဖစ္ေအာင္လည္း က်ေနာ္အစိုးရက မနားမေန ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။” လို႔ အစၥေရးနဲ႔ ပါလက္စတိုင္းတို႔ အပစ္အခတ္ရပ္စဲေရး ေၾကညာခဲ့တဲ့ ၾကာသပေတးေန႔က အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

ေဂ်႐ုဆလင္မွာ ပါလက္စတိုင္းေတြအေပၚ အစၥေရးလ္က ဖိႏွိပ္မႈေတြ က်ဳးလြန္ခဲ့တယ္ဆိုၿပီး ေမလလ ၁၀ ရက္ေန႔မွာပဲ ဟာမတ္စ္ အဖဲြ႕က အစၥေရးလ္ကို ေရာ့ကတ္ေတြနဲ႔ ပစ္ခတ္ခဲ့ရာက ပဋိပကၡေတြ စတင္ျဖစ္ပြားခဲ့တာပါ။ ၁၁ ရက္ၾကာ တိုက္ခိုက္မႈအတြင္း ဂါဇာေဒသမွာ ကေလး ၆၅ ေယာက္ အပါအ၀င္ ေသဆုံးသူ ၂၃၀ ရွိေၾကာင္း ေဒသခံက်န္းမာေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။

အစၥေရးႏိုင္ငံမွာလည္း ေသဆုံးသူ ၁၂ ေယာက္ရွိေၾကာင္း အာဏာပိုင္ေတြက ေျပာဆိုခဲ့တာပါ။ တိုက္ခိုက္မႈေတြေၾကာင့္ ဂါဇာေဒသမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ အေရအတြက္ကေတာ့ ၇၂,၀၀၀ ေက်ာ္ ရွိခဲ့ေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။

အစၥေရး နဲ႔ ဟာမာ႔စ္ အပစ္ရပ္သေဘာတူၾကၿပီ
please wait

No media source currently available

0:00 0:01:56 0:00
တိုက္႐ိုက္ လင့္ခ္


..........

အစ္စရေး နဲ့ ဟာမာ့စ် အပစ်ရပ်သဘောတူကြပြီ
(Unicode)

၁၁ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးလ်နဲ့ ဂါဇာဒေသက စစ်သွေးကြွတွေကြား အပစ်အခတ် ရပ်စဲဖို့ တပြိုင်တည်းလိုလို ကြေညာလိုက်ကြပါတယ်။ ဂါဇာဒေသစံတော်ချိန် သောကြာနေ့ မနက် ၂ နာရီကစ အပစ်အခတ် ရပ်စဲရေး စတင် အသက်ဝင်မှာဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့ တာဝန်ရှိသူတွေက Reuters သတင်းဌာနကို အတည်ပြုခဲ့တာပါ။

အစ္စရေးလ်နိုင်ငံကလည်း ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့ ကြာသပတေးနေ့ နှောင်းပိုင်း အစည်းအဝေး အပြီးမှာပဲ အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ် အဆိုပြုခဲ့တဲ့ ကမ်းလှမ်းချက်ကို အစ္စရေး အစိုးရအဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက တခဲနက် အတည်ပြုလိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အီဂျစ်နိုင်ငံကိုတော့ အမေရိကန် သမ္မတ Joe Biden က ချီးကျုးစကား ပြောကြားခဲ့သလို၊ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်း ၂ ဖက်စလုံး ဘေးကင်းလုံခြုံမှုရှိရှိ နေထိုင်နိုင်ဖို့ ညီတူညီမျှ အခွင့်အရေး ရှိသလို၊ လွတ်လပ်မှု၊ သာယာဝပြောမှုနဲ့ ဒီမိုကရေစီကိုလည်း ခံစားထိုက်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီလိုဖြစ်အောင်လည်း ကျနော်အစိုးရက မနားမနေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။” လို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဂျေရုဆလင်မှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးလ်က ဖိနှိပ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး မေလလ ၁၀ ရက်နေ့မှာပဲ ဟာမတ်စ် အဖွဲ့က အစ္စရေးလ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာက ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ၁၁ ရက်ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာဒေသမှာ ကလေး ၆၅ ယောက် အပါအဝင် သေဆုံးသူ ၂၃၀ ရှိကြောင်း ဒေသခံကျန်းမာရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးနိုင်ငံမှာလည်း သေဆုံးသူ ၁၂ ယောက်ရှိကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။ တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ကတော့ ၇၂,၀၀၀ ကျော် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG