သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကိုဗစ်ဒုတိယလှိုင်း ဆေးဝန်ထမ်း ၂၄၄ ဦး အသက်ဆုံးရှုံး


အိန္ဒိယနိုင်ငံ Mumbai မြို့ရှိ ဆေးရုံတခုက ကျန်းမာရေးဝန်ထမ်းများ။ (မေ ၀၆၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ Mumbai မြို့ရှိ ဆေးရုံတခုက ကျန်းမာရေးဝန်ထမ်းများ။ (မေ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ကူးစက်မှုတွေ ကြုံရတဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာတင် ဆေးဝန်ထမ်း ၂၄၄ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အိန္ဒိယဆရာဝန်များအသင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာလည်း ကိုဗစ်ကြောင့် သေဆုံးရတဲ့ ဆရာဝန် အယောက် ၅၀ ရှိပြီး ဒီရောဂါစချိန်ထဲကဆိုရင်တော့ စုစုပေါင်း ဆရာဝန် ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီလို့လည်း ဒီဆရာဝန်အသင်းက ဆိုပါတယ်။

ကာကွယ်ဆေး လုံလုံလောက်လောက် မရတာက ဆရာဝန်တွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ သေခဲ့ရတဲ့ ဆရာဝန် ၂၄၄ ဦးထဲမှာ ၃% ကပဲ ကာကွယ်ဆေးရခဲ့တယ်လို့ ဒီအသင်းက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် သေဆုံးစေတဲ့ အကြောင်းရင်းတွေကတော့ ဝန်ထမ်းအင်အားမလုံလောက်တာနဲ့ အလုပ်ဝန်ပိလာတာတွေဖြစ်တယ်လို့လည်း ဒီဆရာဝန်များအသင်းက ဆက်ထောက်ပြပါတယ်။

နိုင်ငံခြားဘွဲ့ရ အိန္ဒိယဆရာဝန်များအသင်းကလည်း နိုင်ငံခြားမှာ ဆေးကျောင်းဆင်း၊ ဘွဲ့ရပြီးသားသူတွေအနေနဲ့ အိန္ဒိယမှာ ကုသခွင့်လိုင်စင်လျှောက်တာ မရသေးတာကြောင့် ဝင်မကူနိုင်ဘူးဖြစ်နေတာမို့ သူတို့ကို အမြန်ဆုံးလိုင်စင်ထုတ်ပေးသင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။

အခုလိုအချိန်မှာ အရင်ကိုဗစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တဲ့ ထိုင်ဝမ်မှာ ပိုးတွေ့သူသစ် တက်လာနေပြီး ပထမဆုံး ပိတ်ဆို့ကန့်သတ်မှုတွေ ပြင်းပြင်းထန်ထန် စလုပ်နေရပါပြီ။

ပြီးခဲ့တဲ့ သောကြာကနေ ဒီနေ့ ဗုဒ္ဓဟူးအထိ ထိုင်ဝမ်မှာ ပိုးတွေ့သူ ၁,၂၀၀ ရှိလာပြီး ဒီအထဲ တရက်ထဲစံချိန်သစ် ၃၃၃ ဦးမှာတွေ့ခဲ့ခါ ရုပ်ရှင်ရုံတွေ၊ စာကြည့်တိုက်နဲ့ နားနေရာအပါအဝင် အများသွားလာတဲ့နေရာတွေကို မေလ ၂၈ ရက်ထိ ပိတ်လိုက်ပြီလို့ အစိုးရကကြေညာခဲ့ပါတယ်။

ကျောင်းအများစုကိုလည်း ပိတ်ဖို့ (သို့မဟုတ်) အင်တာနက် Online ကနေပဲ စသင်ဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယကိုဗစ်ဒုတိယလှိုင်း ဆေးဝန်ထမ်း ၂၄၄ ဦး အသက်ဆုံးရှုံး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG