သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံမွာ အင္အားျပင္း ဆိုက္ကလံုးမုန္တိုင္း ရင္ဆိုင္ရ


အိႏိၵယႏိုင္ငံ Mumbai ၿမိဳ႕ ျမင္ကြင္း။ (ေမ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

အာေရဘီယံပင္လယ္ထဲက အားေကာင္းေနတဲ့ “ေတာက္တဲ့”ဆိုတဲ့ ဆိုက္ကလံုး မုန္တိုင္းဟာ အိႏၵိယႏိုင္ငံရဲ႕ အေနာက္ဘက္ကမ္း႐ိုးတန္းကို တနလၤာေန႔ မနက္အေစာပိုင္းက ဦးတည္လာတာေၾကာင့္ ဒီမတိုင္ခင္ေလးမွာပဲ ေထာင္ေပါင္းမ်ားစြာရွိတဲ့ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေပးခဲ့ပါတယ္။

မုန္တုိင္း ေတာက္တဲ့ေၾကာင့္ အိႏၵိိယေတာင္ပိုင္းမွာ လူ ၆ ဦး ေသဆံုးခဲ့ၿပီး အခု အေနာက္ဘက္ကမ္း႐ိုး တန္းမွာ ရွိတဲ့ ဂူဂ်ာရတ္ျပည္နယ္ကို တနာရီ မုိင္ ၁၁၀ ႏႈန္းေလာက္နဲ႔ ေရြ႕လ်ားလာေနၿပီး မိုးသည္းထန္ ေျမၿပိဳတာေတြ ျဖစ္ႏုိင္ေၾကာင္း အိႏၵိယ မုိးဇလ ဌာနက ထုတ္ျပန္ထားပါတယ္။

အာေရဘီယံပင္လယ္ျပင္ရဲ႕ အေရွ႕အလယ္ပိုင္းမွာ လိႈင္းလံုးေတြဟာ ၁၄ မီတာေလာက္အထိ ျမင့္ႏိုင္တဲ့အတြက္ ဒီလိႈင္းအႏၱရာယ္ျဖစ္ႏိုင္ေျခရွိေၾကာင္း အိႏၵိယမုိးဇလဌာန ဒါ႐ိုက္တာခ်ဳပ္ မ႐ူတြန္ေဂ်း မိုဟာဖထရာ က ေျပာပါတယ္။

ဆိုင္ကလံုး မုန္တိုင္းလမ္းေၾကာင္း ျဖစ္လာႏိုင္တဲ့ ပင္လယ္ကမ္းေျခ ေျမနိမ့္ပိုင္းမွာ ေနထုိင္ၾကတဲ့ ျပည္သူ ၁၅၀,၀၀၀ ေလာက္ကို တနဂၤေႏြေန႔ကတည္းက ေဘးလြတ္ရာကို ေရႊ႕ေျပာင္းဖို႔ ညႊန္ၾကားထားပါတယ္။

ဒီဆုိင္ကလံုးမုန္တုိင္း ေတာက္တဲ့ဟာ ဂူဂ်ာရတ္ျပည္နယ္ကိုျဖတ္ၿပီး တနာရီကို မုိင္ ၁၁၀ နီးပါးနဲ႔ တုိက္ခတ္လာမယ္လို႔ ခတ္မွတ္ထားပါတယ္။ စစ္တပ္၊ ေရတပ္နဲ႔ ကမ္း႐ိုးတန္း အေစာင့္တပ္တို႔က ေထာင္ေပါင္မ်ားစြာေသာ ကူညီကယ္ဆယ္ေရးအဖြဲ႔ေတြကို သေဘၤာေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ တပ္ျဖန္႔ခ်ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံမှာ အင်အားပြင်း ဆိုက်ကလုံးမုန်တိုင်း ရင်ဆိုင်ရ

အာရေဘီယံပင်လယ်ထဲက အားကောင်းနေတဲ့ “တောက်တဲ့”ဆိုတဲ့ ဆိုက်ကလုံး မုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းကို တနင်္လာနေ့ မနက်အစောပိုင်းက ဦးတည်လာတာကြောင့် ဒီမတိုင်ခင်လေးမှာပဲ ထောင်ပေါင်းများစွာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပါတယ်။

မုန်တိုင်း တောက်တဲ့ကြောင့် အိန္ဒိယတောင်ပိုင်းမှာ လူ ၆ ဦး သေဆုံးခဲ့ပြီး အခု အနောက်ဘက်ကမ်းရိုး တန်းမှာ ရှိတဲ့ ဂူဂျာရတ်ပြည်နယ်ကို တနာရီ မိုင် ၁၁၀ နှုန်းလောက်နဲ့ ရွေ့လျားလာနေပြီး မိုးသည်းထန် မြေပြိုတာတွေ ဖြစ်နိုင်ကြောင်း အိန္ဒိယ မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။

အာရေဘီယံပင်လယ်ပြင်ရဲ့ အရှေ့အလယ်ပိုင်းမှာ လှိုင်းလုံးတွေဟာ ၁၄ မီတာလောက်အထိ မြင့်နိုင်တဲ့အတွက် ဒီလှိုင်းအန္တရာယ်ဖြစ်နိုင်ခြေရှိကြောင်း အိန္ဒိယမိုးဇလဌာန ဒါရိုက်တာချုပ် မရူတွန်ဂျေး မိုဟာဖထရာ က ပြောပါတယ်။

ဆိုင်ကလုံး မုန်တိုင်းလမ်းကြောင်း ဖြစ်လာနိုင်တဲ့ ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူ ၁၅၀,၀၀၀ လောက်ကို တနင်္ဂနွေနေ့ကတည်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။

ဒီဆိုင်ကလုံးမုန်တိုင်း တောက်တဲ့ဟာ ဂူဂျာရတ်ပြည်နယ်ကိုဖြတ်ပြီး တနာရီကို မိုင် ၁၁၀ နီးပါးနဲ့ တိုက်ခတ်လာမယ်လို့ ခတ်မှတ်ထားပါတယ်။ စစ်တပ်၊ ရေတပ်နဲ့ ကမ်းရိုးတန်း အစောင့်တပ်တို့က ထောင်ပေါင်များစွာသော ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေနဲ့ တပ်ဖြန့်ချပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG