သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ဒိန္းမတ္ႏိုင္ငံေရာက္၊ ဥတုရာသီအေရး အဓိက ေဆြးေႏြးမည္


ဒိန္းမတ္ဘုရင္မႀကီး Margrethe II (ဝဲ) နဲ႔ အေမရိကန္နုိင္ငံျခားေရးဝန္ႀကီး Anthony Blinken (ယာ) တို႔ Denmark ႏိုင္ငံ Copenhagen ၿမိဳ႕ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ေမ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္နုိင္ငံျခားေရး၀န္ႀကီး Anthony Blinken ဟာ ဥတုရာသီအေရး၊ အာတိတ္စက္၀ုိင္းေဒသ ဆုိင္ရာမူ၀ါဒနဲ႔ ရုရွား အေရးကိစၥေတြကို ေဆြးေႏြးဖို႔ ဒိန္းမတ္ႏုိင္ငံကို ေရာက္ရွိေနပါတယ္။ အစၥေရးလ္-ပါလက္စတုိင္းေဒသ အၾကမ္းဖက္မႈေတြ တိုးလာေနတဲ့ ကိစၥကို ျပင္းထန္စြာ ကိုင္တြယ္ဖို႔ ဘုိင္ဒန္အစိုးရကို ေတာင္းဆိုမႈေတြ တိုးလာခ်ိန္မွာပဲ ၀န္ႀကီး Blinken ရဲ ႔ ခရီးစဥ္ေပၚေပါက္လာတာျဖစ္ပါတယ္။

ဒိန္းမတ္ဘုရင္မႀကီး Margrethe နဲ႔ ႏုိင္ငံျခားေရး၀န္ႀကီး Jeppe Kofod တို႔နဲ႔လည္း ကိုပင္ေဟဂင္ၿမိဳ ႔မွာ ၀န္ႀကီး Blinken ဒီကေန႔ ေတြ႔ဆုံခဲ့ပါတယ္။ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္တစိတ္တပုိင္းရထားတဲ့ ဒိန္မတ္နုိင္ငံေျမာက္ဘက္စြန္းက Greenland နဲ႔ Faeroe ကၽြန္းရဲ ႔ႏုိင္ငံျခားေရး၀န္ႀကီး Mette Frederiksen နဲ႔လည္း မစၥတာ Blinken ေတြ႔ဆုံခဲ့ပါတယ္။ ဒီခရီးစဥ္အတြင္း ဥတုရာသီေျပာင္းလဲ ေဖာက္ျပန္မႈ တားဆီးေရးကိစၥေတြကို အဓိကေဆြးေႏြးခဲ့တယ္လု႔ိ ခန္႔မွန္းရပါတယ္။

သမၼတေဟာင္း Donald Trump လက္ထက္မွာ ဥတုရာသီေျပာင္းလဲမႈေၾကာင့္ ေပၚေပါက္လာတ့ဲ ၿခိမ္းေျခာက္မႈေတြကို ၄ ႏွစ္ၾကာ ေလ်ာ့ေပါ့ေျပာဆိုခဲ့တဲ့အတြက္ သမၼတဘုိင္ဒန္အစိုးရက ဒီကိစၥရပ္ေတြမွာ အေမရိကန္ရဲ ႔ ရပ္တည္ခ်က္ေတြအေပၚ မဟာမိတ္ႏုိင္ငံေတြက ျပန္ၿပီးယုံၾကည္လက္ခံလာေအာင္ ၾကိဳးပမ္း လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

အာတိတ္ေကာင္စီအစည္းအေ၀းကို ၀န္ႀကီး Blinken ဆက္ၿပီး တက္ေရာက္ဖို႔ ရွိပါတယ္။ အေမရိကန္နဲ႔ ရုရွားႏုိ္င္ငံၾကား ဆက္ဆံေရးေတြ သိသိသာသာတင္းမာေနတဲ့ အခ်ိန္မွာ ၀န္ႀကီး Blinken နဲ႔ ရုရွားႏုိင္ငံျခားေရး၀န္ႀကီး Sergey Lavrov တို႔ ဒီအစည္းအေ၀းမွာ ပထမဆုံး မ်က္ႏွာခ်င္းဆုိင္ေတြ႔ဆုံၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်နိုင်ငံခြားရေးဝန်ကြီး ဒိန်းမတ်နိုင်ငံရောက်၊ ဥတုရာသီအရေး အဓိက ဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ ဥတုရာသီအရေး၊ အာတိတ်စက်ဝိုင်းဒေသ ဆိုင်ရာမူဝါဒနဲ့ ရုရှား အရေးကိစ္စတွေကို ဆွေးနွေးဖို့ ဒိန်းမတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ အစ္စရေးလ်-ပါလက်စတိုင်းဒေသ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ ကိစ္စကို ပြင်းထန်စွာ ကိုင်တွယ်ဖို့ ဘိုင်ဒန်အစိုးရကို တောင်းဆိုမှုတွေ တိုးလာချိန်မှာပဲ ဝန်ကြီး Blinken ရဲ့ ခရီးစဉ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဒိန်းမတ်ဘုရင်မကြီး Margrethe နဲ့ နိုင်ငံခြားရေးဝန်ကြီး Jeppe Kofod တို့နဲ့လည်း ကိုပင်ဟေဂင်မြို့မှာ ဝန်ကြီး Blinken ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစိတ်တပိုင်းရထားတဲ့ ဒိန်မတ်နိုင်ငံမြောက်ဘက်စွန်းက Greenland နဲ့ Faeroe ကျွန်းရဲ့နိုင်ငံခြားရေးဝန်ကြီး Mette Frederiksen နဲ့လည်း မစ္စတာ Blinken တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ဥတုရာသီပြောင်းလဲ ဖောက်ပြန်မှု တားဆီးရေးကိစ္စတွေကို အဓိကဆွေးနွေးခဲ့တယ်လု့ိ ခန့်မှန်းရပါတယ်။

သမ္မတဟောင်း Donald Trump လက်ထက်မှာ ဥတုရာသီပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ၄ နှစ်ကြာ လျော့ပေါ့ပြောဆိုခဲ့တဲ့အတွက် သမ္မတဘိုင်ဒန်အစိုးရက ဒီကိစ္စရပ်တွေမှာ အမေရိကန်ရဲ့ ရပ်တည်ချက်တွေအပေါ် မဟာမိတ်နိုင်ငံတွေက ပြန်ပြီးယုံကြည်လက်ခံလာအောင် ကြိုးပမ်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာတိတ်ကောင်စီအစည်းအဝေးကို ဝန်ကြီး Blinken ဆက်ပြီး တက်ရောက်ဖို့ ရှိပါတယ်။ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးတွေ သိသိသာသာတင်းမာနေတဲ့ အချိန်မှာ ဝန်ကြီး Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဒီအစည်းအဝေးမှာ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG