သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ဥေရာပခရီး ထြက္ခြာ


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken. (ဧၿပီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ လန္ဒန္နဲ႔ Kyiv ၿမိဳ႕ေတြမွာ ေတြ႔ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ဖုိ႔အတြက္ ဒီကေန႔ တနဂၤေႏြေန႔မွာ အေမရိကန္ကေန ထြက္ခြာမွာ ျဖစ္ပါတယ္။

ဝန္ႀကီး Blinken ဟာ လန္ဒန္ၿမိဳ႕ကုိ ဦးစြာ သြားေရာက္မွာျဖစ္ၿပီး အဲဒီမွာ G-7 စက္မႈဖြံ႔ၿဖိဳးတဲ့ ထိပ္သီး ၇ ႏုိင္ငံက ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ယူကရိန္းႏုိင္ငံ၊ Kyiv ၿမိဳ႕ကုိ ခရီးဆက္မွာျဖစ္ၿပီး အဲဒီမွာ ယူကရိန္းရဲ႕ အခ်ဳပ္အျခာ ပုိင္ဆုိင္မႈကုိ ၿခိမ္းေျခာက္လာေနတဲ့ ႐ုရွားႏုိင္ငံအေရးကိစၥကုိ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

လန္ဒန္ၿမိဳ႕မွာ ျပဳလုပ္မယ့္ G-7 ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆုံမႈဟာ လာမယ့္ ဇြန္လအတြင္း အဂၤလန္ႏုိင္ငံ၊ Conwall မွာ က်င္းပမယ့္ G-7 ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးစည္းေဝးပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့ စည္းေဝးပြဲ ျဖစ္ပါတယ္။

ဒီ ဝန္ႀကီးအဆင့္ စည္းေဝးပြဲအတြင္း လက္ရွိ ရင္ဆုိင္ေနရတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္၊ ဥတုရာသီေျပာင္းလဲမႈ စတဲ့ စိန္ေခၚမႈေတြအေၾကာင္းကုိလည္း ေဆြးေႏြးၾကဖုိ႔ ရွိပါတယ္။

ဒီခရီးစဥ္အတြင္း ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ Boris Johnson၊ ႏုိင္ငံျခားေရးဝန္ႀကီး Dominic Raab တုိ႔နဲ႔လည္း ဝန္ႀကီး Blinken ေတြ႔ဆုံဖုိ႔ရွိပါတယ္။

Kyiv ၿမိဳ႕ကုိ ေရာက္တဲ့အခါမွာေတာ့ ႐ုရွားရဲ႕ ၿခိမ္းေျခာက္မႈ အႏၱရာယ္ေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ယူကရိန္းကုိ အေမရိကန္က ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ သမၼတ Vlolodymyr Zelenskyy နဲ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ဥေရာပခရီး ထြက္ခြာ
please wait

No media source currently available

0:00 0:00:27 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကန်နိုင်ငံခြားရေးဝန်ကြီး ဥရောပခရီး ထွက်ခွာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ လန်ဒန်နဲ့ Kyiv မြို့တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် ဒီကနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဝန်ကြီး Blinken ဟာ လန်ဒန်မြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲဒီမှာ G-7 စက်မှုဖွံ့ဖြိုးတဲ့ ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ ယူကရိန်းရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာနေတဲ့ ရုရှားနိုင်ငံအရေးကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာ ပြုလုပ်မယ့် G-7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှုဟာ လာမယ့် ဇွန်လအတွင်း အင်္ဂလန်နိုင်ငံ၊ Conwall မှာ ကျင်းပမယ့် G-7 ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ စည်းဝေးပွဲ ဖြစ်ပါတယ်။

ဒီ ဝန်ကြီးအဆင့် စည်းဝေးပွဲအတွင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်၊ ဥတုရာသီပြောင်းလဲမှု စတဲ့ စိန်ခေါ်မှုတွေအကြောင်းကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်း ဗြိတိသျှဝန်ကြီးချုပ် Boris Johnson၊ နိုင်ငံခြားရေးဝန်ကြီး Dominic Raab တို့နဲ့လည်း ဝန်ကြီး Blinken တွေ့ဆုံဖို့ရှိပါတယ်။

Kyiv မြို့ကို ရောက်တဲ့အခါမှာတော့ ရုရှားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို အမေရိကန်က ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ သမ္မတ Vlolodymyr Zelenskyy နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG