သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ဒုတိယလိႈင္း ေက်းလက္ထိ ပ်ံ႕ႏွံ႔


(Zawgyi/Unicode)

ျပင္းထန္တဲ့ ကိုဗစ္ကပ္ေဘး ဒုတိယလႈိင္းေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အက်ပ္အတည္း ျဖစ္ေနတဲ့ အိႏိၵယႏိုင္ငံမွာေတာ့ အခုဆိုရင္ ကပ္ေဘးဟာ ၿမိဳ ့ႀကီးေတြကေန ၿမိဳ႕ ငယ္၊ ရြာငယ္ေတြအထိ ႐ိုက္ခက္လို ့ေနပါၿပီ။ ႏိုင္ငံ့လူဦးေရရဲ႕ သံုးပံုႏွစ္ပံုေနထိုင္ၾကတဲ့ ေက်းလက္ေဒသေတြမွာ ကိုဗစ္ေရာဂါပ်ံ႕ႏွံ ့မႈကို စိန္ေခၚမႈအသစ္တရပ္အျဖစ္ အႀကီးအက်ယ္ တံု ့ျပန္တိုက္ခိုက္ေနရတယ္လို ့က်န္းမာေရး အရာရွိေတြက ေျပာပါတယ္။

က်န္းမာေရးဆိုင္ရာ အေဆာက္အဦးေတြ မလံုေလာက္ေတာ့တာေၾကာင့္ အိမ္အျပင္ဘက္မွာပဲ လူနာကိုကုသေနရတယ္လို ့ ဆိုပါတယ္။

ေဆးရံုေတြမွာ ကုတင္ေတြေရာ ဆရာ၀န္ေတြပါမရွိၾကေတာ့ပဲ မကုသႏိုင္ေတာ့ဘူးလို ့ဆိုပါတယ္။ ဒါ့အျပင္ ပုဂၢလိက ေဆးရံု ဒါမွမဟုတ္ ေဆးခန္းေတြမွာလည္း ေဆးၫႊန္းေလာက္ပဲေပးတာမို ့ လူနာေတြဟာ ကူရာကယ္ရာမဲ့ ေနတယ္လို ့ လူနာေဆြမ်ိဴးတဦးက ဆိုပါတယ္။

ေဒလီကဲ့သို ့ၿမိဳ ့ႀကီးေတြမွာ နည္းနည္းေလ်ာ့နည္းသက္သာလာတဲ့ ကိုဗစ္ဒုတိယလႈိုင္းဟာ ေက်းလက္ေတာရြာေတြဆီေရာက္ရွိလာၿပီးေနာက္ ေက်း ရြာေတြမွာေတာ့ သူတို ့ရဲ႕ ေဆြမ်ိဴးေတြ ဘယ္လိုဆံုးရွဳံးသြားရတယ္ဆိုတာကို ၀မ္းနည္းပက္လက္ေျပာဆိုေနၾကပါတယ္။

၀န္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ အခုလို သတိေပးထားပါတယ္။

“ အခုအခါမွာေတာ့ ကူးစက္မႈေတြဟာ ေက်းလက္ေတာရြာေတြဆီကို အလ်င္အျမန္ ေရာက္ရွိလာေနၿပီး တိုင္းျပည္ရဲ႕ အစိုးရအဖြဲ ့ေတြအားလံုး ဒါကို ႀကိဳးစားၿပီး ရပ္တန္ ့ဖို ့လုပ္ေဆာင္ေနပါတယ္။ ေက်းလက္ျပည္သူေတြရဲ႕ သတိရွိမႈနဲ ့ ပူးေပါင္းေဆာင္ရြက္မႈေတြဟာ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အေရးႀကီးပါတယ္”

မျပည့္မစံုတဲ့ က်န္းမာေရး အေဆာက္အဦးေတြအတြက္ အစိုးရအေနနဲ ့ ေဆးရံုကုတင္ေတြနဲ ့ ေအာင္ဆီဂ်င္အေထာက္အပံ့ေတြကို တိုးႁမွင့္သြားမွာျဖစ္ေပမယ့္လည္း လိုသေလာက္ျဖည့္ေပးႏိုင္မလားဆိုတာကေတာ့ စိန္ေခၚခ်က္ျဖစ္ေနပါတယ္။

က်န္းမာေရးကၽြမ္းက်င္သူေတြကေတာ့ တိုင္းျပည္လူဦးေရရဲ႕ သံုးပံု ႏွစ္ပံုေနထိုင္ၾကတဲ့ ေက်းလက္ေဒသေတြမွာ ကာကြယ္ေဆးထိုးေပးႏႈန္းေႏွးေကြးတာဟာ အိႏိၵယႏိုင္ငံအေနနဲ ့ကိုဗစ္ဒုတိယလႈိင္းကို တုံ ့ျပန္ရာမွာ အခက္အခဲျဖစ္ရတယ္လို ့ဆိုပါတယ္။

အိႏိၵယ ကိုဗစ္ဒုတိယလိႈင္း ေက်းလက္ထိ ပ်ံ႕ႏွံ႔
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

............

အိန္ဒိယ ကိုဗစ်ဒုတိယလှိုင်း ကျေးလက်ထိ ပျံ့နှံ့

(Unicode)

ပြင်းထန်တဲ့ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာတော့ အခုဆိုရင် ကပ်ဘေးဟာ မြို့ကြီးတွေကနေ မြို့ ငယ်၊ ရွာငယ်တွေအထိ ရိုက်ခက်လို့နေပါပြီ။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံနှစ်ပုံနေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ရောဂါပျံ့နှံ့မှုကို စိန်ခေါ်မှုအသစ်တရပ်အဖြစ် အကြီးအကျယ် တုံ့ပြန်တိုက်ခိုက်နေရတယ်လို့ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာ အဆောက်အဦးတွေ မလုံလောက်တော့တာကြောင့် အိမ်အပြင်ဘက်မှာပဲ လူနာကိုကုသနေရတယ်လို့ ဆိုပါတယ်။

ဆေးရုံတွေမှာ ကုတင်တွေရော ဆရာဝန်တွေပါမရှိကြတော့ပဲ မကုသနိုင်တော့ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက ဆေးရုံ ဒါမှမဟုတ် ဆေးခန်းတွေမှာလည်း ဆေးညွှန်းလောက်ပဲပေးတာမို့ လူနာတွေဟာ ကူရာကယ်ရာမဲ့ နေတယ်လို့ လူနာဆွေမျိူးတဦးက ဆိုပါတယ်။

ဒေလီကဲ့သို့မြို့ကြီးတွေမှာ နည်းနည်းလျော့နည်းသက်သာလာတဲ့ ကိုဗစ်ဒုတိယလှိုင်းဟာ ကျေးလက်တောရွာတွေဆီရောက်ရှိလာပြီးနောက် ကျေး ရွာတွေမှာတော့ သူတို့ရဲ့ ဆွေမျိူးတွေ ဘယ်လိုဆုံးရှုံးသွားရတယ်ဆိုတာကို ဝမ်းနည်းပက်လက်ပြောဆိုနေကြပါတယ်။

ဝန်ကြီးချုပ် Narendra Modi ကတော့ အခုလို သတိပေးထားပါတယ်။

“ အခုအခါမှာတော့ ကူးစက်မှုတွေဟာ ကျေးလက်တောရွာတွေဆီကို အလျင်အမြန် ရောက်ရှိလာနေပြီး တိုင်းပြည်ရဲ့ အစိုးရအဖွဲ့တွေအားလုံး ဒါကို ကြိုးစားပြီး ရပ်တန့်ဖို့လုပ်ဆောင်နေပါတယ်။ ကျေးလက်ပြည်သူတွေရဲ့ သတိရှိမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရောဂါထိန်းချုပ်ရေးအတွက် အရေးကြီးပါတယ်”

မပြည့်မစုံတဲ့ ကျန်းမာရေး အဆောက်အဦးတွေအတွက် အစိုးရအနေနဲ့ ဆေးရုံကုတင်တွေနဲ့ အောင်ဆီဂျင်အထောက်အပံ့တွေကို တိုးမြှင့်သွားမှာဖြစ်ပေမယ့်လည်း လိုသလောက်ဖြည့်ပေးနိုင်မလားဆိုတာကတော့ စိန်ခေါ်ချက်ဖြစ်နေပါတယ်။

ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ တိုင်းပြည်လူဦးရေရဲ့ သုံးပုံ နှစ်ပုံနေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ ကာကွယ်ဆေးထိုးပေးနှုန်းနှေးကွေးတာဟာ အိန္ဒိယနိုင်ငံအနေနဲ့ကိုဗစ်ဒုတိယလှိုင်းကို တုံ့ပြန်ရာမှာ အခက်အခဲဖြစ်ရတယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG