သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVAX အစီအစဉ်အတွက် ကာကွယ်ဆေးတိုးထုတ်ဖို့ WHO တိုက်တွန်း


ကိုဗစ်ကူးစက်သူများကို အိန္ဒိယနိုင်ငံ New Delhi မြို့ရှိ ဆေးရုံတခုမှာ ကုသပေးနေတဲ့ မြင်ကွင်း။ (မေ ၀၁၊ ၂၀၂၁)
ကိုဗစ်ကူးစက်သူများကို အိန္ဒိယနိုင်ငံ New Delhi မြို့ရှိ ဆေးရုံတခုမှာ ကုသပေးနေတဲ့ မြင်ကွင်း။ (မေ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံကနေ COVID-19 ရောဂါကာကွယ်ဆေး တင်ပို့မှု ပြတ်တောက်သွားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့COVAX ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဉ်အတွက် သတ်မှတ်ချိန်ထက်စောပြီး ဆေးကုမ္ပဏီတွေ ကာကွယ်ဆေးထုတ်ပေးဖို့ WHO ကတိုက်တွန်းလိုက်ပါတယ်။

“AstraZeneca ကုမ္ပဏီက သူ့ကာကွယ်ဆေးတွေ မြန်မြန်ဆန်ဆန် တိုးပြီးထုတ်လုပ်ဖြန့်ဖြူးပေးနေတဲ့အတိုင်း တခြားကုမ္ပဏီတွေလည်း လိုက်လုပ်ဖို့လိုပါတယ်။” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောဆိုသွားပါတယ်။ အထူးသဖြင့် COVAX အစီအစဉ်အတွက် ဒုတိယနှစ်ဝက်မှာ Pfizer ကာကွယ်ဆေးသန်း ၄၀ ထုတ်လုပ်ပေးဖို့နဲ့ Moderna ကုမ္ပဏီကတော့ လာမယ့် ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆင်းရဲ နွမ်းပါးတဲ့တိုင်းပြည်တွေအတွက် ကာကွယ်ဆေးဖြန့်ဖြူးတဲ့ WHO ရဲ့ COVAX အစီအစဉ်အတွက် AstraZeneca ဆေးတွေကို အိန္ဒိယနိုင်ငံ Serum Institute က အကြီးအကျယ်ထုတ်လုပ်ပေးနေတာပါ။ ဒါပေမဲ့လည်း အိန္ဒိယမှာ ကပ်ရောဂါကူးစက်မှုဒဏ်ကို အကြီးအကျယ် ထပ်ပြီး ရင်ဆိုင်နေရတဲ့အတွက် အဲဒီကာကွယ်ဆေးတွေကို ပြည်တွင်းမှာပဲ အသုံးပြုနေရပါတယ်။ COVAX အစီအစဉ်အတွက် မေလကုန်လောက်မှာ ခန့်မှန်းခြေ ကာကွယ်ဆေးသန်းပေါင်း ၁၄၀ လောက်ပြတ်လပ်သွားနိုင်တဲ့အတွက် စက်မှုအင်အားကြီး ၇ နိုင်ငံ G7 တို့က အရေးအပေါ် ဆောင်ရွက်ချက်အဖြစ် ဝိုင်းဝန်း ကူညီပေးကြဖို့ ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲကလည်း တနင်္လာနေ့မှာ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG