သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရး- ပါလက္စတိုင္း ခ်က္ခ်င္းအပစ္ရပ္ဖို႔ ကုလအႀကီးအကဲ ေတာင္းဆို


ကုလသမဂၢ အႀကီးအကဲ Antonio Guterres

(Zawgyi/Unicode)

ဂါဇာေဒသမွာ အစၥေရးနဲ႔ ဟာမတ္စ္စစ္ေသြးႂကြေတြၾကား တိုက္ခိုက္မႈေတြေၾကာင့္ ေသေက်ထိခိုက္မႈေတြနဲ႔ ထိခိုက္ပ်က္စီးမႈေတြ တိုးလာေနခ်ိန္မွာပဲ အျမန္ဆုံး အပစ္အခတ္ ရပ္စဲၾကဖို႔ ကုလသမဂၢ အႀကီးအကဲက ေတာင္းဆိုလိုက္ပါတယ္။

“တိုက္ခိုက္မႈေတြ ခ်က္ခ်င္းရပ္ၾကပါ။ ရန္လိုတဲ့ လုပ္ရပ္ေတြကို ရပ္ၾကဖို႔ သက္ဆိုင္သူ အားလုံးကို ပန္ၾကားလိုပါတယ္။ ခ်က္ခ်င္း အပစ္အခတ္ ရပ္စဲၾကဖို႔လည္း သက္ဆိုင္သူေတြ အားလုံးကို ထပ္မံတိုက္တြန္းလိုပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ၾကာသပေတးေန႔က ေျပာဆိုသြားတာပါ။

ေဒသတြင္းမွာ လုံျခံဳေရးနဲ႔ စာနာမႈဆိုင္ရာ ျပႆနာႀကီးအျဖစ္ ႀကီးထြားမလာေအာင္ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔လည္း အာရပ္နဲ႔ မြတ္ဆလင္ႏိုင္ငံေတြရဲ႕ ပန္ၾကားခ်က္အရ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ သီးသန္႔အစည္းအေ၀းမွာ အတြင္းေရးမွဴးခ်ဳပ္က သတိေပးခဲ့ပါတယ္။ စစ္ျဖစ္တဲ့ အခါမ်ဳိးမွာေတာင္ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ က်င့္သုံးၾကရၿပီး၊ အရပ္သားျပည္သူေတြကို ဦးစားေပး ကာကြယ္ေစာင့္ေရွာက္ၾကရတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။

ဂါဇာေဒသမွာ ကေလးငယ္ ၆၅ ေယာက္ အပါအ၀င္ ေသဆုံးသူ ၂၃၀ ရွိေၾကာင္း ေဒသခံက်န္းမာေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားသလို၊ အစၥေရးလ္ႏိုင္ငံ ဖက္မွာလည္း ေသဆုံးသူ ၁၂ ေယာက္ရွိေၾကာင္း အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။ ဂါဇာေဒသမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ အေရအတြက္ကေတာ့ ၅၈၀၀၀ ေက်ာ္ ရွိေနပါတယ္။

ကမာၻေပၚမွာ ငရဲဆိုတာ ရွိမယ္ဆိုရင္ ဂါဇာေဒသက ကေလးေတြရဲ႕ ဘ၀ဟာ ငရဲက်ေနတာနဲ႔ အတူတူပဲလို႔လည္း အတြင္းေရးမွဴးခ်ဳပ္က ေျပာခဲ့တာပါ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားရတာ ၁၄ လၾကာ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ပထမဆုံးအႀကိမ္ လူကိုယ္တိုင္ တက္ေရာက္ၾကတဲ့ အစည္းအေ၀းကိုေတာ့ ႏိုင္ငံတကာက ႏိုင္ငံျခားေရး၀န္ႀကီး ၁ ဒါဇင္ေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။

.............

အစ္စရေး- ပါလက်စတိုင်း ချက်ချင်းအပစ်ရပ်ဖို့ ကုလအကြီးအကဲ တောင်းဆို
(Unicode)

ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေကြား တိုက်ခိုက်မှုတွေကြောင့် သေကျေထိခိုက်မှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ တိုးလာနေချိန်မှာပဲ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။

“တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ကြပါ။ ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်ကြဖို့ သက်ဆိုင်သူ အားလုံးကို ပန်ကြားလိုပါတယ်။ ချက်ချင်း အပစ်အခတ် ရပ်စဲကြဖို့လည်း သက်ဆိုင်သူတွေ အားလုံးကို ထပ်မံတိုက်တွန်းလိုပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကြာသပတေးနေ့က ပြောဆိုသွားတာပါ။

ဒေသတွင်းမှာ လုံခြုံရေးနဲ့ စာနာမှုဆိုင်ရာ ပြဿနာကြီးအဖြစ် ကြီးထွားမလာအောင် တင်းမာမှုတွေ လျှော့ချဖို့လည်း အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေရဲ့ ပန်ကြားချက်အရ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သီးသန့်အစည်းအဝေးမှာ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။ စစ်ဖြစ်တဲ့ အခါမျိုးမှာတောင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျင့်သုံးကြရပြီး၊ အရပ်သားပြည်သူတွေကို ဦးစားပေး ကာကွယ်စောင့်ရှောက်ကြရတယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဂါဇာဒေသမှာ ကလေးငယ် ၆၅ ယောက် အပါအဝင် သေဆုံးသူ ၂၃၀ ရှိကြောင်း ဒေသခံကျန်းမာရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားသလို၊ အစ္စရေးလ်နိုင်ငံ ဖက်မှာလည်း သေဆုံးသူ ၁၂ ယောက်ရှိကြောင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ ဂါဇာဒေသမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ကတော့ ၅၈၀၀၀ ကျော် ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ ငရဲဆိုတာ ရှိမယ်ဆိုရင် ဂါဇာဒေသက ကလေးတွေရဲ့ ဘဝဟာ ငရဲကျနေတာနဲ့ အတူတူပဲလို့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရတာ ၁၄ လကြာ ကုလသမဂ္ဂ ရုံးချုပ်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် တက်ရောက်ကြတဲ့ အစည်းအဝေးကိုတော့ နိုင်ငံတကာက နိုင်ငံခြားရေးဝန်ကြီး ၁ ဒါဇင်လောက် တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG