သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းသူများ ဝင်ရောက်မှု နည်းလမ်းအားလုံးသုံးကာကွယ်မည် - စပိန်ဝန်ကြီးချုပ်


စပိန်နဲ့ မော်ရိုကိုနယ်စပ်ရှိ El Tarajal ကမ်းခြေကနေ မော်ရိုကိုနိုင်ငံထဲ ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းသူများ။ (မေ ၁၉၊ ၂၀၂၁)
စပိန်နဲ့ မော်ရိုကိုနယ်စပ်ရှိ El Tarajal ကမ်းခြေကနေ မော်ရိုကိုနိုင်ငံထဲ ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းသူများ။ (မေ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

စပိန်ဝန်ကြီးချုပ်က Ceuta နယ်မြေတည်ငြိမ်ရေးအတွက် မော်ရိုကိုက ရွှေ့ပြောင်းလာသူတွေ မကြုံစဖူးအများကြီး ဝင်လာတာကို ရတဲ့နည်းအားလုံးသုံး ကာကွယ်သွားမယ်လို့ မနေ့က ကတိပြုလိုက်ပါတယ်။

လူဦးရေ ၈၅,၀၀၀ ရှိပြီး မော်ရိုကိုက ဝိုင်းပတ်တည်ရှိနေတဲ့ ဒီကမ်းခြေမြို့ ရှိရာဒေသကို ခရီးထွက်မလာခင် စပိန်ဝန်ကြီးချုပ် Pedro Sanchez က အခုပြဿနာက စပိန်နဲ့ ဥရောပ နှစ်ခုလုံးအတွက် ကြီးမားတဲ့ အကြပ်အတည်းပါလို့ ဆိုပါတယ်။

“တရားမဝင် ဝင်ရောက်လာခဲ့သူတွေကို ချက်ချင်းပြန်ပို့ဖို့ ကျနော်အနေနဲ့ ရှေ့ဆက်လုပ်ဆောင်နေပါတယ်။ မော်ရိုကိုနိုင်ငံဘက်က ဝင်လာတဲ့ လူပေါင်း ၄,၈၀၀ အထိကို ပြန်ပို့ထားပြီးပါပြီ။ ဒီလူတွေက Ceuta မြို့ထဲ တရားမဝင်ရောက်နေခဲ့တာ ၂ ရက် ကျော်သွားခဲ့ပါတယ်။” လို့ သူကပြောသွားတာပါ။

ဝန်ကြီးချုပ် Sanchez က ဆက်ပြီး နောက်ဝင်လာတဲ့နေရာ တစ်ခုမှာတော့ ဒီလူသားဘေးဒုက္ခပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ လူအင်အားနဲ့ အဆောက်အအုံအင်အားတွေကိုလည်း ပို့ထားပြီးပါပြီလို့ ဆိုပါတယ်။

အဲ့ဒီဘက်မှာလည်း Pineres စခန်းကို ပြန်ဖွင့်ပေးထားပြီး အသက်မပြည့်သေးသူ ၁၆၀ နဲ့ အခု ဒုက္ခဒဏ်ခံနိုင်ဖို့ အားနည်းသူတွေကို ပို့ထားပေးပါတယ်လို့လည်း ဝန်ကြီးချုပ် Sanchez က ရှင်းပြခဲ့ပါတယ်။

ဒီရွှေ့ပြောင်းဝင်ရောက်လာမှု ပြဿနာဖြစ်လာတာက တရားမဝင်အဖွဲ့အဖြစ်ကြေညာခံထားရတဲ့ Poisario Front ခေါင်းဆောင် Brahim Gali ကို COVID-19 ရောဂါကုပေးဖို့ စပိန်က ခေါ်ဆောင်လာခဲ့တာကနေ စတဲ့ စပိန်နဲ့ မော်ရိုကိုအစိုးရတွေအကြား ပဋိပက္ခမြင့်တက်လာချိန်မှာ ဖြစ်လာတာပါ။

တရားဝန်အစိုးရ အတည်ပြုမှုတွေ မရှိသေးပေမဲ့ သတင်းမီဒီယာတွေနဲ့ ဗီဒီယိုရုပ်သံ ဖော်ပြချက်တွေအရတော့ မော်ရိုအာဏာပိုင်တွေအနေနဲ့ ဒီရွှေ့ပြောင်းသူတွေ စပိန်ဘက်ထွက်လာနေတာကို တားမြစ်တာ မတွေ့ရသေးပါဘူး။

မော်ရိုကိုနယ်စပ်ကနေ ၁၀ မီတာ ခြံစည်းရိုးနဲ့ ပိုင်းခြားထားတဲ့ Ceuta မြို့ထဲကို လူအပြည့်အလျှံ တင်လာတဲ့သဘောၤတွေနဲ့အပြင် လှေလှော်လာသူတွေနဲ့ ရေကူးလာသူတွေ စုစုပေါင်း ၈,၀၀၀ ခန့် အခုလို ဝင်ရောက်လာခဲ့ရာမှာ တစ်ဦးသေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG