သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump ရဲ႕ မူ၀ါဒကို ျပန္ျပင္တဲ႔ အတြက္ ေတာင္းပန္မည္မဟုတ္(သမၼတ Biden)


အေမရိကန္သမၼတ Joe Biden အိမ္ျဖဴေတာ္မွ မိန္ ့ခြန္းေျပာၾကားစဥ္ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ထရမ့္ေခတ္က တင္းၾကပ္တဲ့ လူ၀င္မႈၾကီးၾကပ္ေရး မူ၀ါဒတခ်ိဳ ့ကို လိုက္မလုပ္တဲ့အတြက္ သူ ့အေနနဲ ့ ေတာင္းပန္ဖို ့မရွိဘူးလို ့သမၼတ ဂ်ိဴးဘိုင္ဒန္က ေျပာဆိုလိုက္ပါတယ္။

“လုပ္ေဆာင္ခဲ့တဲ့ မူ၀ါဒေတြအားလံုးက ဘာမွ အသံုးမက်ခဲ့ဘူး။ ၀င္ေရာက္အေျခခ်သူ အေရအတြက္လည္း က်မသြားခဲ့ဘူး။ မိခင္ေတြနဲ ့ကေလးေတြကို ခြဲထားတဲ့ အရင္မူ၀ါဒေတြ အတုိင္းလုိက္မလုပ္လို ့လဲ ဘာမွ ေတာင္းပန္စရာမရွိဘူး” လို ့သမၼတ ဘိုင္ဒန္က ေျပာဆိုသြားတာပါ။

အသက္ ၁၈ ေအာက္ နိုင္ငံေရးခိုလွဳံခြင့္ေတာင္းခံသူေတြကို အလိုအေလ်ာက္ နွင္ထုတ္မယ့္ ထရမ့္မူ၀ါဒ ဆက္ျပီး မက်င့္သံုးေတာ့ဘူးလို ့ဘိုင္ဒန္အစိုးရက ေဖေဖာ္၀ါရီလ၂ ရက္က ေၾကညာခဲ့ပါတယ္။ နွစ္ပတ္အၾကာမွာပဲ အိမ္ျဖဴေတာ္က ခိုလွုံခြင့္ေတာင္းခံသူ မကၠဆီကန္ ၂၅၀၀၀ ကို လက္ခံဖို ့စီစဥ္ေနတယ္လို ့ေၾကညာခဲ့ပါတယ္။

အဲဒီကတည္းက အေမရိကန္ျပည္ေထာင္စုထဲကို ျဖတ္ေက်ာ္၀င္ေရာက္လာတဲ့ ငယ္ရြယ္တဲ့ ေရြ ့ေျပာင္းအေျခခ်သူ အေရအတြက္ ျမင့္တက္လာခဲ့ပါတယ္။ အေကာက္အခြန္နဲ ့နယ္စပ္လံုျခံဳေရး၊ က်န္းမာေရးအရာရွိေတြဟာလည္း အဆိုပါ ကေလးငယ္ေတြနဲ ့လံုးပမ္းေနရပါတယ္။ တရားမ၀င္ ေရႊ ့ေျပာင္းအေျခခ်လာသူေတြထဲမွာ အရြယ္ေရာက္ျပီးသူေတြနဲ ့မိသားစု၀င္ေတြလည္း ထို ့အတူပဲ မ်ားျပားလာတယ္လို ့ လူ၀င္မွုအရာ၇ွိေတြကေျပာပါတယ္။

ဘုိင္ဒန္ကေတာ့ သူ ့အစိုးရအေနနဲ ့ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္လာတဲ့ ကေလးငယ္အေရအတြက္ကို စီမံခန္ ့ခြဲဖို ့အေျဖရွာေနတယ္လို ့ဆိုပါတယ္။ ဒါဟာ ထရမ့္ရဲ့ အသံုးမက်ခဲ့တဲ့ မူ၀ါဒေတြေၾကာင့္လို ့လည္း ဘိုင္ဒန္ရဲ့ အရာရွိေတြက ဆိုပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္


Donald Trump ရဲ့ မူဝါဒကို ပြန်ပြင်တဲ့ အတွက် တောင်းပန်မည်မဟုတ် (သမ္မတ Biden)

(Unicode)

ထရမ့်ခေတ်က တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတချို့ကို လိုက်မလုပ်တဲ့အတွက် သူ့အနေနဲ့ တောင်းပန်ဖို့မရှိဘူးလို့သမ္မတ ဂျိူးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။

“လုပ်ဆောင်ခဲ့တဲ့ မူဝါဒတွေအားလုံးက ဘာမှ အသုံးမကျခဲ့ဘူး။ ဝင်ရောက်အခြေချသူ အရေအတွက်လည်း ကျမသွားခဲ့ဘူး။ မိခင်တွေနဲ့ကလေးတွေကို ခွဲထားတဲ့ အရင်မူဝါဒတွေ အတိုင်းလိုက်မလုပ်လို့လဲ ဘာမှ တောင်းပန်စရာမရှိဘူး” လို့သမ္မတ ဘိုင်ဒန်က ပြောဆိုသွားတာပါ။

အသက် ၁၈ အောက် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေကို အလိုအလျောက် နှင်ထုတ်မယ့် ထရမ့်မူဝါဒ ဆက်ပြီး မကျင့်သုံးတော့ဘူးလို့ဘိုင်ဒန်အစိုးရက ဖေဖော်ဝါရီလ၂ ရက်က ကြေညာခဲ့ပါတယ်။ နှစ်ပတ်အကြာမှာပဲ အိမ်ဖြူတော်က ခိုလှုံခွင့်တောင်းခံသူ မက္ကဆီကန် ၂၅၀၀၀ ကို လက်ခံဖို့စီစဉ်နေတယ်လို့ကြေညာခဲ့ပါတယ်။

အဲဒီကတည်းက အမေရိကန်ပြည်ထောင်စုထဲကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ငယ်ရွယ်တဲ့ ရွေ့ပြောင်းအခြေချသူ အရေအတွက် မြင့်တက်လာခဲ့ပါတယ်။ အကောက်အခွန်နဲ့နယ်စပ်လုံခြုံရေး၊ ကျန်းမာရေးအရာရှိတွေဟာလည်း အဆိုပါ ကလေးငယ်တွေနဲ့လုံးပမ်းနေရပါတယ်။ တရားမဝင် ရွှေ့ပြောင်းအခြေချလာသူတွေထဲမှာ အရွယ်ရောက်ပြီးသူတွေနဲ့မိသားစုဝင်တွေလည်း ထို့အတူပဲ များပြားလာတယ်လို့ လူဝင်မှုအရာရှိတွေကပြောပါတယ်။

ဘိုင်ဒန်ကတော့ သူ့အစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကလေးငယ်အရေအတွက်ကို စီမံခန့်ခွဲဖို့အဖြေရှာနေတယ်လို့ဆိုပါတယ်။ ဒါဟာ ထရမ့်ရဲ့ အသုံးမကျခဲ့တဲ့ မူဝါဒတွေကြောင့်လို့လည်း ဘိုင်ဒန်ရဲ့ အရာရှိတွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG