သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump ကို အေရးယူဖို႔စဲြခ်က္ မေအာင္ျမင္


အေမရိကန္သမၼတေဟာင္း Donald Trump။

[Zawgyi/Unicode]

အေမရိကန္လႊတ္ေတာ္ကို သူ႔ကို ေထာက္ခံတဲ့ လူအုပ္ႀကီး ဝင္ေရာက္ စီးနင္းေအာင္ ေသြးထိုးလႈံ႕ေဆာ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားစြဲဆိုခံေနရတဲ့ သမၼတေဟာင္း ေဒၚနယ္ထရမ့္ အျပစ္ကင္းလြတ္ေၾကာင္း အထက္လႊတ္ေတာ္က စေနေန႔က ဆုံးျဖတ္ခဲ့ပါတယ္။

"ေထာက္ခံမဲ ၅၇ မဲ၊ ကန္႔ကြက္မဲ ၄၃ မဲ ရွိၿပီး အျပစ္ရွိေၾကာင္း ဆုံးျဖတ္ဖို႔ မဲ သုံးပုံႏွစ္ပုံ ျပည့္မီျခင္း မရွိတဲ့အတြက္ တရားစြဲဆိုခ်က္ကေန သမၼတေဟာင္း ေဒၚနယ္ထရမ့္ အျပစ္ကင္းလြတ္ေၾကာင္း အထက္လႊတ္ေတာ္က စီရင္ခ်က္ ခ်မွတ္ပါတယ္။" လို႔ သဘာပတိျဖစ္သူ Vermont ျပည္နယ္ အထက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ Patrick Leahy က ေၾကညာခဲ့ပါတယ္။

ဒါေၾကာင့္ လူ ငါး ဦး ေသဆုံးခဲ့ရတဲ့ လႊတ္ေတာ္ကို စီးနင္းမႈ ျဖစ္ပြားေအာင္ တိုက္႐ိုက္ ေသြးထိုးလႈံ႕ေဆာ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္ကေန သမၼတေဟာင္း Donald Trump အျပစ္ကင္းလြတ္ခဲ့ၿပီ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ရာမွာ ရစ္ပတ္ဘလင္ကန္ အမတ္ ၇ ဦးက ဒီမိုကရက္ အမတ္ေတြနဲ႔အတူ မဲေပးခဲ့ၾကတာပါ။ ဒါေပမဲ့ သမၼတေဟာင္းကို အျပစ္ေပးႏိုင္မယ့္ အထက္လႊတ္ေတာ္ အမတ္ ၆၇ ေယာက္ရဲ႕ မဲရဖို႔ ၁၀ မဲလိုခဲ့ပါတယ္။

သမၼတေဟာင္း ထရမ့္ဟာ အေမရိကန္ သမိုင္းမွာ ကြန္ဂရက္ရဲ႕ တရားစြဲဆိုမႈ ႏွစ္ ႀကိမ္ခံရတဲ့ တစ္ဦးတည္းေသာ သမၼတလည္း ျဖစ္ပါတယ္။

ပထမတစ္ႀကိမ္က အဲဒီ အခ်ိန္က သမၼတ ထရမ့္က ဒီမိုကရက္တစ္ ၿပိဳင္ဘက္ Joe Biden ရဲ႕ ဂုဏ္သိကၡာ ထိခိုက္နစ္နာေအာင္လုပ္ဖို႔ ယူကရိန္း သမၼတကို တိုက္တြန္းခဲ့တဲ့ အမႈ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံေရးထဲ ျပည္ပစြက္ဖက္မႈ ရွိေအာင္ တိုက္တြန္း လုပ္ေဆာင္တဲ့ စြဲခ်က္နဲ႔ တရားစြဲဆို ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

အခုလို ဒုတိယအႀကိမ္ တရားစြဲဆိုခံရတာကေန အျပစ္ကင္းလြတ္ခံရၿပီးတဲ့ေနာက္ သမၼတေဟာင္း ထရမ့္က ဒါဟာ အေမရိကန္သမိုင္းမွာ အႀကီးက်ယ္ဆုံး ဒုတိယအႀကိမ္ အျပစ္မရွိ အျပစ္ရွာခံရမႈႀကီး ျဖစ္ေၾကာင္းနဲ႔ တျခား ဘယ္သမၼတကမွ ဒီလို အျဖစ္မ်ိဳး ႀကဳံေတြ႕ခဲ့ရျခင္း မရွိေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတဟောင်း Trump ကို အရေးယူဖို့စွဲချက် မအောင်မြင်

အမေရိကန်လွှတ်တော်ကို သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီး ဝင်ရောက် စီးနင်းအောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပြစ်ကင်းလွတ်ကြောင်း အထက်လွှတ်တော်က စနေနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

"ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ ရှိပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ မဲ သုံးပုံနှစ်ပုံ ပြည့်မီခြင်း မရှိတဲ့အတွက် တရားစွဲဆိုချက်ကနေ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပြစ်ကင်းလွတ်ကြောင်း အထက်လွှတ်တော်က စီရင်ချက် ချမှတ်ပါတယ်။" လို့ သဘာပတိဖြစ်သူ Vermont ပြည်နယ် အထက်လွှတ်တော် ဒီမိုကရက်အမတ် Patrick Leahy က ကြေညာခဲ့ပါတယ်။

ဒါကြောင့် လူ ငါး ဦး သေဆုံးခဲ့ရတဲ့ လွှတ်တော်ကို စီးနင်းမှု ဖြစ်ပွားအောင် တိုက်ရိုက် သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်ကနေ သမ္မတဟောင်း Donald Trump အပြစ်ကင်းလွတ်ခဲ့ပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ရစ်ပတ်ဘလင်ကန် အမတ် ၇ ဦးက ဒီမိုကရက် အမတ်တွေနဲ့အတူ မဲပေးခဲ့ကြတာပါ။ ဒါပေမဲ့ သမ္မတဟောင်းကို အပြစ်ပေးနိုင်မယ့် အထက်လွှတ်တော် အမတ် ၆၇ ယောက်ရဲ့ မဲရဖို့ ၁၀ မဲလိုခဲ့ပါတယ်။

သမ္မတဟောင်း ထရမ့်ဟာ အမေရိကန် သမိုင်းမှာ ကွန်ဂရက်ရဲ့ တရားစွဲဆိုမှု နှစ် ကြိမ်ခံရတဲ့ တစ်ဦးတည်းသော သမ္မတလည်း ဖြစ်ပါတယ်။

ပထမတစ်ကြိမ်က အဲဒီ အချိန်က သမ္မတ ထရမ့်က ဒီမိုကရက်တစ် ပြိုင်ဘက် Joe Biden ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင်လုပ်ဖို့ ယူကရိန်း သမ္မတကို တိုက်တွန်းခဲ့တဲ့ အမှု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးထဲ ပြည်ပစွက်ဖက်မှု ရှိအောင် တိုက်တွန်း လုပ်ဆောင်တဲ့ စွဲချက်နဲ့ တရားစွဲဆို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလို ဒုတိယအကြိမ် တရားစွဲဆိုခံရတာကနေ အပြစ်ကင်းလွတ်ခံရပြီးတဲ့နောက် သမ္မတဟောင်း ထရမ့်က ဒါဟာ အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး ဒုတိယအကြိမ် အပြစ်မရှိ အပြစ်ရှာခံရမှုကြီး ဖြစ်ကြောင်းနဲ့ တခြား ဘယ်သမ္မတကမှ ဒီလို အဖြစ်မျိုး ကြုံတွေ့ခဲ့ရခြင်း မရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG