သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump အေပၚ တရားစြဲဆိုမႈ ေနာက္ဆံုးအေျခအေန


(Zawgyi/Unicode)

သမၼတေဟာင္း Donald Trump ကို အထက္လႊတ္ေတာ္မွာ တရားစြဲဆိုထားတာဟာ အခုၾကာသပေတးေန ့မွာေတာ့ အဆံုးသတ္ပိုင္းကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့လက လႊတ္ေတာ္အေဆာက္အဦးအတြင္း ၀ရုန္းသံုးကားျဖစ္ေအာင္ သမၼတေဟာင္း ထရမ့္ခိုင္းတဲ့အတိုင္းလုပ္ခဲ့တယ္လို ့ပုန္ကန္ေသာင္းက်န္းသူေတာ္ေတာ္မ်ားမ်ားရဲ႕ ေျပာဆိုမွုကို တရားစြဲဆိုထားတဲ့ လႊတ္ေတာ္အမတ္ေတြက ကိုးကားခဲ့ၾကပါတယ္။

ေအာက္လႊတ္ေတာ္ရဲ့ ထရမ့္ကို တရားစြဲဆိုထားတဲ့ Colorado ျပည္နယ္ ကြန္ဂရက္အမတ္တဦးျဖစ္တဲ့ Diana DeGette ကေတာ့ ဒါဟာ သူပုန္ေတြကို သူတို ့တပ္ခ်ဳပ္က အမိန္ ့ေပးတာျဖစ္တယ္လို ့ယံုၾကည္ရၿပီး ပုန္ကန္သူေတြက သူတို ့ဟာ သမၼတအမိန္ ့အတိုင္းလိုက္နာတာပါလို ့ရဲကို ရွင္းရွင္းလင္းလင္း ထြက္ဆိုထားၿပီျဖစ္တယ္လို ့ေျပာပါတယ္။

ဆက္လက္ၿပီး သူမက ပုန္ကန္ေသာင္းက်န္းသူေတြ မေအာင္ျမင္ခဲ့ေၾကာင္းနဲ ့ ငရဲပြက္သလို တိုက္ခိုက္ဖို ့သူတို ့ကို ထရမ့္က ေျပာခဲ့ၿပီး သမၼတက ေျပာလို ့လည္း သူတို ့က အဲဒီေနရာကို ေရာက္ရွိသြားတာ လို ့ေျပာသြားပါတယ္။

ေနာက္ထပ္ ေအာက္လႊတ္ေတာ္ရဲ့ တရားစြဲဆိုေရး မန္ေနဂ်ာတဦးျဖစ္တဲ့ ကယ္လီဖိုးနီးယား ကြန္ဂရက္အမတ္ Ted Lieu ကလည္း ဇန္န၀ါရီ ၆ ရက္ေန ့က ေပၚေပါက္ခဲ့တဲ့ အသက္အႏၱရာယ္ထိခိုက္ေစေလာက္တဲ့ ၀ရုန္းသုန္းကားျဖစ္စဥ္အေပၚမွာ ထရမ့္အေနနဲ ့ေနာင္တရတဲ့ပံု မျပပါဘူး လို ့ဆိုပါတယ္။

အထက္လႊတ္ေတာ္ထဲက ထရမ့္ေထာက္ခံသူ Republican အမတ္ေတြကေတာ့ ထရမ့္ကို တရားစြဲဆိုထားမွုအေပၚ အလ်င္စလိုလုပ္ေဆာင္လိုတာမ်ိဳး မျပသပါဘူး။

ထရမ့္ရဲ့ ေရွ႕ေနေတြကေတာ့ လႊတ္ေတာ္အေဆာက္အဦးတြင္း တိုက္ခိုက္မွုအတြက္ ထရမ္ ့မွာ တာ၀န္မရွိဘူးလို ့ေျပာပါတယ္။ ထရမ့္အေနနဲ ့ နိုင္ငံေရးအရ ခြင့္ျပဳသေလာက္ ပါးပါးနပ္နပ္ေျပာဆိုခဲ့တာျဖစ္ျပီး ဖြဲ ့စည္းပံု အေျခခံဥပေဒရဲ့ ပထမ ျပင္ဆင္ခ်က္ျဖစ္တဲ့ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ကာကြယ္ရမွာျဖစ္တယ္လို ့ဆိုပါတယ္။

Donald Trump အေပၚ တရားစြဲဆိုမႈ ေနာက္ဆံုးအေျခအေန
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


..............

Donald Trump အပေါ် တရားစွဲဆိုမှု နောက်ဆုံးအခြေအနေ

(Unicode)

သမ္မတဟောင်း Donald Trump ကို အထက်လွှတ်တော်မှာ တရားစွဲဆိုထားတာဟာ အခုကြာသပတေးနေ့မှာတော့ အဆုံးသတ်ပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လွှတ်တော်အဆောက်အဦးအတွင်း ဝရုန်းသုံးကားဖြစ်အောင် သမ္မတဟောင်း ထရမ့်ခိုင်းတဲ့အတိုင်းလုပ်ခဲ့တယ်လို့ပုန်ကန်သောင်းကျန်းသူတော်တော်များများရဲ့ ပြောဆိုမှုကို တရားစွဲဆိုထားတဲ့ လွှတ်တော်အမတ်တွေက ကိုးကားခဲ့ကြပါတယ်။

အောက်လွှတ်တော်ရဲ့ ထရမ့်ကို တရားစွဲဆိုထားတဲ့ Colorado ပြည်နယ် ကွန်ဂရက်အမတ်တဦးဖြစ်တဲ့ Diana DeGette ကတော့ ဒါဟာ သူပုန်တွေကို သူတို့တပ်ချုပ်က အမိန့်ပေးတာဖြစ်တယ်လို့ယုံကြည်ရပြီး ပုန်ကန်သူတွေက သူတို့ဟာ သမ္မတအမိန့်အတိုင်းလိုက်နာတာပါလို့ရဲကို ရှင်းရှင်းလင်းလင်း ထွက်ဆိုထားပြီဖြစ်တယ်လို့ပြောပါတယ်။

ဆက်လက်ပြီး သူမက ပုန်ကန်သောင်းကျန်းသူတွေ မအောင်မြင်ခဲ့ကြောင်းနဲ့ ငရဲပွက်သလို တိုက်ခိုက်ဖို့သူတို့ကို ထရမ့်က ပြောခဲ့ပြီး သမ္မတက ပြောလို့လည်း သူတို့က အဲဒီနေရာကို ရောက်ရှိသွားတာ လို့ပြောသွားပါတယ်။

နောက်ထပ် အောက်လွှတ်တော်ရဲ့ တရားစွဲဆိုရေး မန်နေဂျာတဦးဖြစ်တဲ့ ကယ်လီဖိုးနီးယား ကွန်ဂရက်အမတ် Ted Lieu ကလည်း ဇန်နဝါရီ ၆ ရက်နေ့က ပေါ်ပေါက်ခဲ့တဲ့ အသက်အန္တရာယ်ထိခိုက်စေလောက်တဲ့ ဝရုန်းသုန်းကားဖြစ်စဉ်အပေါ်မှာ ထရမ့်အနေနဲ့နောင်တရတဲ့ပုံ မပြပါဘူး လို့ဆိုပါတယ်။

အထက်လွှတ်တော်ထဲက ထရမ့်ထောက်ခံသူ Republican အမတ်တွေကတော့ ထရမ့်ကို တရားစွဲဆိုထားမှုအပေါ် အလျင်စလိုလုပ်ဆောင်လိုတာမျိုး မပြသပါဘူး။

ထရမ့်ရဲ့ ရှေ့နေတွေကတော့ လွှတ်တော်အဆောက်အဦးတွင်း တိုက်ခိုက်မှုအတွက် ထရမ့်မှာ တာဝန်မရှိဘူးလို့ပြောပါတယ်။ ထရမ့်အနေနဲ့ နိုင်ငံရေးအရ ခွင့်ပြုသလောက် ပါးပါးနပ်နပ်ပြောဆိုခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပထမ ပြင်ဆင်ချက်ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG