(Zawgyi/Unicode)
အေမရိကန္ သမၼတေဟာင္း Donald Trump ကို တရားစြဲဆို ၾကားနာမႈကို အထက္လႊတ္ေတာ္မွာ အဂၤါေန႔မွာ စတင္ပါမယ္။
၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ Trump ကို အႏုိင္ရခဲ႔တဲ႔ ဒီမိုကရက္ Joe Biden ရဲ႕ ေရြးေကာက္ပြဲ အႏုိင္ရမႈကို လႊတ္ေတာ္မွာ အတည္ျပဳဖို႔ ေဆာင္ရြက္ေနခ်ိန္မွာဘဲ လႊတ္ေတာ္ အမတ္ေတြနဲ႔ ထိပ္တိုက္ေတြ႔ေရး သူ႔ကို ေထာက္ခံသူေတြကို တိုက္တြန္းခဲ႔တာဟာဆိုရင္ ဆူပူအံုၾကြမႈ ျဖစ္ေအာင္ လံႈ႕ေဆာ္တာလို႔ သမၼတေဟာင္း Trump ကို စြပ္စြဲထားတာပါ။
Trump ကို ေထာက္ခံသူေတြက အာဏာပိုင္ေတြကို ထိုးေဖာက္ ေက်ာ္ျဖတ္ၿပီး လႊတ္ေတာ္ထဲကို ၀င္ေရာက္ခဲ႔ၾကတဲ႔ ဆႏၵျပပြဲက ၀ရုန္းသုန္ကား အေျခအေနကို ေျပာင္းလဲခဲ႔ပါတယ္။ ဆႏၵျပသူေတြက လႊတ္ေတာ္ တံခါးေတြ ျပတင္းေပါက္ေတြကို ဖ်က္စီး၊ လႊတ္ေတာ္ ရံုးခန္း တခ်ိဳ႕ အတြင္းကိုလည္း ဆႏၵျပသူေတြက ၀င္ေရာက္ ရွာေဖြ ခိုးယူခဲ႔ၾကသလို ရဲတပ္ဖြဲ႔၀င္ေတြနဲ႔လည္း ကိုယ္ထိလက္ေရာက္ ထိပ္တုိက္ေတြ႔ခဲ႔ပါတယ္။
အဲဒီ ျဖစ္ရပ္ အတြင္း လႊတ္ေတာ္ ရဲတပ္ဖြဲ႔၀င္ တဦး အပါအ၀င္ လူ ၅ ဦး ေသဆံုးခဲ႔ရတာပါ။ လႊတ္ေတာ္ရဲ ေသဆံုးရမႈကိုေတာ့ လူသတ္မႈ အျဖစ္ စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ၿပီး အဓိကရုဏ္းမွာ ပါ၀င္သူ တဦးကိုေတာ့ ရဲတပ္ဖြဲ႔၀င္ တဦးက ပစ္ခတ္ခဲ႔တာပါ။ ရီပတ္ပလီကန္ လႊတ္ေတာ္ အမတ္ ၅၀- ဒီမိုကရက္ လႊတ္ေတာ္ အမတ္ ၅၀ ပါ၀င္တဲ႔ လက္ရွိ အထက္လႊတ္ေတာ္က အမတ္ေတြ အမ်ားအျပားကေတာ့ ၿပီးခဲ႔တဲ႔ ဇန္န၀ါရီလ ၆ ရက္ေန႔ လႊတ္ေတာ္ ၀င္ေရာက္စီးနင္းမႈ အတြင္း ေဘးကင္းေရး ေျပးလႊား ေရွာင္ရွားခဲ႔ၾကရသူေတြပါ။
ဒါေၾကာင့္ အခု သမၼတေဟာင္း Trump အေပၚ တရားစြဲဆို ၾကားနာမႈမွာေတာ့ ထူးထူးျခားျခား ရပ္တည္ခ်က္ ရွိေနပါတယ္။ သမၼတေဟာင္း Trump အေပၚ အေရးယူႏုိင္ေရး အတြက္ကေတာ့ အထက္လႊတ္ေတာ္ အမတ္ေတြရဲ႕ သံုးပံု ႏွစ္ပံု ေထာက္ခံမႈ လိုအပ္တာေၾကာင့္ ဒီမိုကရက္ အထက္လႊတ္ေတာ္ အမတ္ အားလံုး ၅၀ ဦး အျပင္ ရီပတ္ပလီကန္ အထက္လႊတ္ေတာ္ အမတ္ ၁၇ ဦးရဲ႕ ေထာက္ခံမႈ လိုအပ္ပါတယ္။
ဒါေၾကာင့္ အရင္ ပထမဆံုး လႊတ္ေတာ္ တရားစြဲဆိုခံခဲ႔ရစဥ္ကလို သမၼတေဟာင္း Trump အေနနဲ႔ တရားေသ လြတ္ေျမာက္ဖို႔ ေသခ်ာသေလာက္ ရွိပါတယ္။ အထက္လႊတ္ေတာ္ စစ္ေဆး ၾကားနာမႈမွာ ဘယ္လို ရလဒ္မ်ိဳး ထြက္လာပါေစ Trump အေနနဲ႔ကေတာ့ ရာစုႏွစ္ ၂ ခုေက်ာ္ၾကာ အေမရိကန္ သမိုင္းမွာ လႊတ္ေတာ္က ၂ ႀကိမ္ တရားစြဲခံရတဲ႔ တဦးတည္းေသာ သမၼတ အျဖစ္ ရပ္တည္ေနပါတယ္။
.........
Donald Trump အပေါ် တရားစွဲဆိုမှု အင်္ဂါနေ့ စတင်ကြားနာမည်
(Unicode)
အမေရိကန် သမ္မတဟောင်း Donald Trump ကို တရားစွဲဆို ကြားနာမှုကို အထက်လွှတ်တော်မှာ အင်္ဂါနေ့မှာ စတင်ပါမယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ Trump ကို အနိုင်ရခဲ့တဲ့ ဒီမိုကရက် Joe Biden ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို လွှတ်တော်မှာ အတည်ပြုဖို့ ဆောင်ရွက်နေချိန်မှာဘဲ လွှတ်တော် အမတ်တွေနဲ့ ထိပ်တိုက်တွေ့ရေး သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာဟာဆိုရင် ဆူပူအုံကြွမှု ဖြစ်အောင် လှုံ့ဆော်တာလို့ သမ္မတဟောင်း Trump ကို စွပ်စွဲထားတာပါ။
Trump ကို ထောက်ခံသူတွေက အာဏာပိုင်တွေကို ထိုးဖောက် ကျော်ဖြတ်ပြီး လွှတ်တော်ထဲကို ဝင်ရောက်ခဲ့ကြတဲ့ ဆန္ဒပြပွဲက ဝရုန်းသုန်ကား အခြေအနေကို ပြောင်းလဲခဲ့ပါတယ်။ ဆန္ဒပြသူတွေက လွှတ်တော် တံခါးတွေ ပြတင်းပေါက်တွေကို ဖျက်စီး၊ လွှတ်တော် ရုံးခန်း တချို့ အတွင်းကိုလည်း ဆန္ဒပြသူတွေက ဝင်ရောက် ရှာဖွေ ခိုးယူခဲ့ကြသလို ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ကိုယ်ထိလက်ရောက် ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ် အတွင်း လွှတ်တော် ရဲတပ်ဖွဲ့ဝင် တဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရတာပါ။ လွှတ်တော်ရဲ သေဆုံးရမှုကိုတော့ လူသတ်မှု အဖြစ် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အဓိကရုဏ်းမှာ ပါဝင်သူ တဦးကိုတော့ ရဲတပ်ဖွဲ့ဝင် တဦးက ပစ်ခတ်ခဲ့တာပါ။ ရီပတ်ပလီကန် လွှတ်တော် အမတ် ၅၀- ဒီမိုကရက် လွှတ်တော် အမတ် ၅၀ ပါဝင်တဲ့ လက်ရှိ အထက်လွှတ်တော်က အမတ်တွေ အများအပြားကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော် ဝင်ရောက်စီးနင်းမှု အတွင်း ဘေးကင်းရေး ပြေးလွှား ရှောင်ရှားခဲ့ကြရသူတွေပါ။
ဒါကြောင့် အခု သမ္မတဟောင်း Trump အပေါ် တရားစွဲဆို ကြားနာမှုမှာတော့ ထူးထူးခြားခြား ရပ်တည်ချက် ရှိနေပါတယ်။ သမ္မတဟောင်း Trump အပေါ် အရေးယူနိုင်ရေး အတွက်ကတော့ အထက်လွှတ်တော် အမတ်တွေရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမှု လိုအပ်တာကြောင့် ဒီမိုကရက် အထက်လွှတ်တော် အမတ် အားလုံး ၅၀ ဦး အပြင် ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် ၁၇ ဦးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။
ဒါကြောင့် အရင် ပထမဆုံး လွှတ်တော် တရားစွဲဆိုခံခဲ့ရစဉ်ကလို သမ္မတဟောင်း Trump အနေနဲ့ တရားသေ လွတ်မြောက်ဖို့ သေချာသလောက် ရှိပါတယ်။ အထက်လွှတ်တော် စစ်ဆေး ကြားနာမှုမှာ ဘယ်လို ရလဒ်မျိုး ထွက်လာပါစေ Trump အနေနဲ့ကတော့ ရာစုနှစ် ၂ ခုကျော်ကြာ အမေရိကန် သမိုင်းမှာ လွှတ်တော်က ၂ ကြိမ် တရားစွဲခံရတဲ့ တဦးတည်းသော သမ္မတ အဖြစ် ရပ်တည်နေပါတယ်။