သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အမှုကြားနာဖို့ ကန်အထက်လွှတ်တော် သဘောတူလိုက်ပြီ


Donald Trump အမှုကြားနာဖို့ ကန်အထက်လွှတ်တော် သဘောတူလိုက်ပြီ
Donald Trump အမှုကြားနာဖို့ ကန်အထက်လွှတ်တော် သဘောတူလိုက်ပြီ

(Zawgyi/Unicode)
အမေရိကန် သမ္မတဟောင်း Donald Trump အပေါ် တရားစွဲဆိုမှုကို စစ်ဆေးဖို့ အထက်လွှတ်တော်မှာ အင်္ဂါနေ့က မဲခွဲ အတည်ပြုလိုက်ပါပြီ။ Trump ရဲ့ ရှေ့နေတွေက ဒီလို စစ်ဆေးမှုဟာ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုတာကို အထက်လွှတ်တော်က ပယ်ချလိုက်တာပါ။

Trump ဟာ သမ္မတ မဟုတ်တော့တာကြောင့် ဆူပူအုံကြွဖို့ အားပေးအားမြှောက်ပြုမှုကို ရင်ဆိုင်ဖြေရှင်းဖြေရှင်းဖို့ မသင့်တော့ကြောင်း ရှေ့နေတွေက တင်ပြခဲ့ကြတာပါ။ ဒါပေမယ့်လည်း အထက်လွှတ်တော်က ထောက်ခံမဲ ၅၆ မဲ - ကန့်ကွက်မဲ ၄၄ မဲနဲ့ အမှုကို ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာဆိုရင် ရီပတ်ပလီကန် အမတ် ၆ ဦးက ဒီမိုကရက် အမတ်တွေနဲ့ ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)



XS
SM
MD
LG