သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္မွာ လူ၀င္မႈႀကီးၾကပ္ေရးဆုိင္ရာ ၀န္ေဆာင္ခတခ်ဳိ႕ ၈၀ ရာခုိင္ႏႈန္းတုိး


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ႏိုင္ငံေရးခိုလႈံခြင့္ နဲ႔ ႏိုင္ငံသားျဖစ္ခြင့္ ရေရး ေလွ်ာက္ထားလိုသူေတြ ေပးေဆာင္ရမယ့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ေဆာင္ခ ေတြကို ၈၀% ေစ်းတက္ေတာ့မယ္လို႔ သမၼတ Trump အစိုးရက ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။

အေမရိကန္ ႏိုင္ငံသားျပဳမႈနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဌာန (USCIS) က အခု အသစ္ထုတ္ျပန္လိုက္တဲ့ ဝန္ေဆာင္ခ ႏႈန္းထားသစ္ဟာ လာမယ့္ ေအာက္တိုဘာလက စၿပီး အက်ိဳးသက္ေရာက္ လိမ့္မယ္လို႔ မွန္းထားပါတယ္။

ႏိုင္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားခကို အေမရိကန္ ေဒၚလာ (၆၄၀) ေကာက္ခံရာကေန အခု (၁၁၆၀) ထိ တိုးျမႇင့္ေကာက္ခံသြားမွာျဖစ္ပါတယ္။ ႏိုင္ငံေရး ခိုလႈံခြင့္ေလွ်ာက္ထားသူေတြကို ေဒၚလာ ၅၀ ေကာက္ခံသြားမွာပါ။

ကပ္ေရာဂါကာလ ႐ုံးပိတ္ထားတာေၾကာင့္ (USCIS) ဝန္ေဆာင္မႈ အေတာ္မ်ားမ်ားကို ဆိုင္းငံ့ထားတဲ့အတြက္ ဘ႑ာေရးဆိုင္ရာ လိုေငြျပေနတာပါ။ ဒီႏွစ္အေစာပိုင္းတုန္းက (USCIS) အေနနဲ႔ လႊတ္ေတာ္ကို အေရးေပၚ ရန္ပုံေငြ ၁.၂ ဘီလီယံခ်ထားေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ USCIS ရဲ႕ အဆိုအရ အခုလို ဝန္ေဆာင္ခေတြတိုးျမႇင့္ေကာက္ခံတာေၾကာင့္ ဝန္ထမ္းေတြကို လခေပးဖို႔၊ နည္းပညာပိုင္းနဲ႔ လုပ္ငန္းေတြၿပီးေျမာက္ေအာင္ အေထာက္အကူျဖစ္မွာ ျဖစ္ေၾကာင္းေျပာပါတယ္။

တျခား အစိုးရဌာနေတြနဲ႔ မတူတာက USCIS ရဲ႕ လုပ္ငန္း အားလုံးကို ဝန္ေဆာင္ခေကာက္ခံရတဲ့ ရန္ပုံေငြေတြနဲ႔ လည္ပတ္ေနတာျဖစ္ပါတယ္။

အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရးဌာန ဝန္ေဆာင္ခေတြဟာ ေနာက္ပိုင္း ဆယ္စုႏွစ္ေတြအတြင္း အဆမတန္ ျမင့္တက္လာတာပါ။ ၁၉၉၀ တုန္းက ႏိုင္ငံသားျဖစ္ခြင့္ရဖို႔ ေလွ်ာက္တဲ့ ဝန္ေဆာင္ခက အေမရိကန္ ေဒၚလာ ၁၀၀ ေအာက္မွာသာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့် ရရေး လျှောက်ထားလိုသူတွေ ပေးဆောင်ရမယ့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်ခ တွေကို ၈၀% ဈေးတက်တော့မယ်လို့ သမ္မတ Trump အစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံသားပြုမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က အခု အသစ်ထုတ်ပြန်လိုက်တဲ့ ဝန်ဆောင်ခ နှုန်းထားသစ်ဟာ လာမယ့် အောက်တိုဘာလက စပြီး အကျိုးသက်ရောက် လိမ့်မယ်လို့ မှန်းထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခကို အမေရိကန် ဒေါ်လာ (၆၄၀) ကောက်ခံရာကနေ အခု (၁၁၆၀) ထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားသူတွေကို ဒေါ်လာ ၅၀ ကောက်ခံသွားမှာပါ။

ကပ်ရောဂါကာလ ရုံးပိတ်ထားတာကြောင့် (USCIS) ဝန်ဆောင်မှု အတော်များများကို ဆိုင်းငံ့ထားတဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုငွေပြနေတာပါ။ ဒီနှစ်အစောပိုင်းတုန်းက (USCIS) အနေနဲ့ လွှတ်တော်ကို အရေးပေါ် ရန်ပုံငွေ ၁.၂ ဘီလီယံချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ USCIS ရဲ့ အဆိုအရ အခုလို ဝန်ဆောင်ခတွေတိုးမြှင့်ကောက်ခံတာကြောင့် ဝန်ထမ်းတွေကို လခပေးဖို့၊ နည်းပညာပိုင်းနဲ့ လုပ်ငန်းတွေပြီးမြောက်အောင် အထောက်အကူဖြစ်မှာ ဖြစ်ကြောင်းပြောပါတယ်။

တခြား အစိုးရဌာနတွေနဲ့ မတူတာက USCIS ရဲ့ လုပ်ငန်း အားလုံးကို ဝန်ဆောင်ခကောက်ခံရတဲ့ ရန်ပုံငွေတွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ဆောင်ခတွေဟာ နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်း အဆမတန် မြင့်တက်လာတာပါ။ ၁၉၉၀ တုန်းက နိုင်ငံသားဖြစ်ခွင့်ရဖို့ လျှောက်တဲ့ ဝန်ဆောင်ခက အမေရိကန် ဒေါ်လာ ၁၀၀ အောက်မှာသာ ရှိပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG