သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ေရႊ႕ေျပာင္းေနထုိင္မယ့္သူေတြကုိ သမၼတ Trump ရက္ ၆၀ ျပည္၀င္ခြင့္ပိတ္


(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံမွာ အၿမဲတမ္းေနထိုင္ခြင့္ ျပည္ဝင္ခြင့္ ေလွ်ာက္ထားတဲ့သူေတြအတြက္ ေဆာင္႐ြက္ေပးေနတဲ့ လူဝင္မႈဆိုင္ရာ လုပ္ငန္းကိစၥေတြကိုရက္ေပါင္း ၆၀ ရပ္ဆိုင္းထားဖို႔ သမၼတ ထရမ့္ အစိုးရက အမိန္႔ေပးလိုက္တဲ့ အေၾကာင္း VOA သတင္း ေထာက္ Patsy Widakuswara သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္ ေျပာျပပါမယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ေနတဲ့ အေမရိကန္ အလုပ္သမားေတြကို အကာအကြယ္ေပးဖို႔ လိုအပ္တာေၾကာင့္ဆိုၿပီး green card လို႔ လူသိမ်ားတဲ့ အေမရိကန္မွာ အၿမဲတမ္း အေျချခေနထိုင္ခြင့္ရဖို႔ ေလွ်ာက္ထားသူေတြအတြက္ ေဆာင္႐ြက္ေပးတဲ့ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ကိစၥေတြကို ရက္ ၆၀ ရပ္ဆိုင္းထားမယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

“ဗိုင္းရပ္စ္ေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ရတဲ့ အေမရိကန္ေတြရဲ႕ ေနရာမွာ ျပည္ပက ေ႐ႊ႕ေျပာင္းလုပ္သားေတြနဲ႔ အစားထိုးရင္ သူတို႔အေပၚ မတရားလုပ္ရာ က်ပါလိမ့္မယ္။”

ဒါနဲ႔ပတ္သက္လို႔ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ အိမ္ျဖဴေတာ္က ထုတ္ျပန္တာ မရွိေသးပါဘူး။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံထဲက စိုက္ပ်ိဳးၿခံ ေတြမွာ ရာသီအလိုက္ ေခတၱ ဝင္ေရာက္ အလုပ္လုပ္ကိုင္တဲ့ လုပ္သားေတြကိုေတာ့ ႁခြင္းခ်က္ေပးမယ္လို႔ ထရမ့္က ေျပာပါတယ္။

“ဒီအထဲ ၿခံလုပ္သားေတြ မပါပါဘူး။ သူတို႔အေပၚသက္ေရာက္မႈ ရွိမယ္ဆိုရင္လည္း အဆင္ေျပေအာင္ လုပ္ေပးမွာပါ။ ၿခံေတြမွာ လာၿပီး အလုပ္လုပ္ ေနတဲ့ အလုပ္သမားေတြအတြက္ လြယ္ကူေအာင္ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္။”

လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းကိစၥေတြ ဆိုင္းငံ့ထားမယ္လို႔ သမၼတထရမ့္ေျပာတာမွာ အၿမဲတမ္း အေျခခ်ေနထိုင္ခြင့္ကဒ္ green card ေလွ်ာက္ထားဆဲသူေတြကို ဆိုလိုသလား၊ ဒါမွမဟုတ္ အသစ္ေလွ်ာက္တဲ့လုပ္ငန္းအဆင့္ဆင့္ကို ရည္ၫႊန္းလိုသလား၊ မိသားစုဝင္ေတြကို ေခၚတာနဲ႔ အေမရိကန္ႏိုင္ငံသားက သူ႔အိမ္ေထာင္ဘက္အတြက္ green card ေလွ်ာက္ေပးတဲ့ အေပၚ ဒီကန္႔သန္႔ခ်က္က သက္ေရာက္မႈရွိမလား ဆိုတာေတြေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

ကပ္ေရာဂါ အႏၲရာယ္ေၾကာင့္ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းကိစၥ အေတာ္မ်ားမ်ားကို ရပ္ဆိုင္း ထားၿပီးျဖစ္သလို ဗီဇာနဲ႔ ပတ္သက္တဲ့ ကိစၥေတြကိုလည္း လြန္ခဲ့တဲ့ သီတင္းပတ္ေတြကတည္းက အကန္႔အသတ္မရွိ ရပ္ဆိုင္းထားတာပါ။

အခုထုတ္ျပန္တဲ့ အမိန္႔က green card ရဖို႔ရည္႐ြယ္ခ်က္နဲ႔H-1B ဗီဇာကိုင္ေဆာင္ထားတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ သက္ဆိုင္သလားဆိုတာကို မသိရေသးတဲ့အတြက္ က်န္းမာေရးပညာရွင္ေတြက စိုးရိမ္ေနၾကပါတယ္။

“သမၼထရမ့္ အခုလို ေၾကညာတာက ကပ္ေရာဂါအတြက္ လာၿပီးကူမယ့္ က်န္းမာေရးပညာရွင္ေတြကို တားလိုက္တာနဲ႔ တူတူပါပဲ။”

ဒီအမိန္႔နဲ႔ ပတ္သက္လို႔ အေသးစိတ္အခ်က္အလက္ေတြအၿပီးသတ္ႏိုင္ဖို႔ သမၼတ ထရမ့္က ရီပတ္ဗလစ္ကန္ လႊတ္ေတာ္အမတ္ Matt Gaetz နဲ႔အတူ ဆက္လက္ေဆာင္႐ြက္ေနပါတယ္။

“ဒီအမိန္႔နဲ႔ပတ္သက္လို႔ သမၼတ ထရမ့္ထည့္စဥ္းစားတဲ့အထဲမွာ ၂ မ်ိဳးရွိပါတယ္။ တမ်ိဳးက က နယ္စပ္ျဖတ္ေက်ာ္ဝင္လာၿပီး ဒီမွာ အလုပ္လုပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔လာေနတဲ့ သူေတြရယ္၊ ေနာက္တမ်ိဳးက အေမရိကန္မွာ အလုပ္လည္းလုပ္မေနဘူး အၿမဲတမ္း လည္းမေနဘူးဆိုတဲ့ သူေတြပါ။”

အေမရိကန္ သမၼတ တဉီးအေနနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ မူဝါဒေတြကို အမ်ားျပည္သူက်န္းမာေရးအေၾကာင္းျပခ်က္နဲ႔ တရားဝင္ ျပဌာန္းခြင့္ရွိပါတယ္။ မၾကာေသးခင္ကလည္း ႏိုင္ငံတခ်ိဳ႕အေပၚ သမၼတထရမ့္ပ္က ျပည္ဝင္ခြင့္ ပိတ္ပင္တားျမစ္တာကို တရား႐ုံးခ်ဳပ္က ေထာက္ခံတဲ့ စီရင္ထုံးလည္းရွိခဲ့တာပါ။

ကပ္ေရာဂါနဲ႔ပတ္သက္လို႔ သမၼတ ထရမ့္ရဲ႕ တုံ႔ျပန္ကိုင္တြယ္ပုံေတြကို ျပည္သူအမ်ားစုက မႀကိဳက္ၾကတာကိုလည္း လူထုသေဘာထားစစ္တမ္းေတြမွာ ေတြ႕ရတာေၾကာင့္ အခုဒီအမိန္႔က ႏိုင္ငံေရးအရ ရည္႐ြယ္တာျဖစ္တယ္လို႔သုေတသီေတြက ေထာက္ျပၾကပါတယ္။မူ၀ါဒေရးရာစင္တာက Cristobal Ramon ကေတာ့

“ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ သူကိုင္တြယ္ပုံေတြကို လူေတြေဝဖန္ေျပာေနၾကတာကို အာ႐ုံလႊဲခ်င္တာပါ။ သမၼတက သူ႔ကိုယ္သူ ကပ္ေရာဂါေနာက္ဆက္တြဲ လူထုက်န္းမာေရးကိစၥေတြ ၊ စီးပြါးေရး ျပသနာေတြနဲ႔ပတ္သက္ၿပီးအဓိက ဆုံးျဖတ္ခ်က္ေတြခ်ေနတဲ့သူလို႔ ျပခ်င္ေနတယ္လို႔ ထင္ပါတယ္။”

လူဝင္မႈႀကီးၾကပ္ေရး ကိစၥေတြနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ မူတည္ၿပီး ေနာက္ထပ္ေ႐ြးေကာက္ပြဲဝင္ဖို႔ ႀကိဳးစားေနတဲ့ သမၼတထရမ့္က ဇန္နဝါရီလအတြင္း တ႐ုတ္ႏိုင္ငံက ခရီးသြားေတြကိုျပည္ဝင္ခြင့္ရပ္ဆိုင္းလိုက္တာဟာလည္း ဗိုင္းရပ္စ္ေၾကာင့္ လူအမ်ားအျပား ေသဆုံးၾကရမယ့္ အေရးကာကြယ္ဖို႔ သူ႔ရဲ႕ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္တခုလို႔ မၾကာခဏ ဆြယ္တရားေဟာေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်မယ့်သူတွေကို သမ္မတ Trump ရက် ၆၀ ပြည်ဝင်ခွင့်ပိတ်

(Unicode)

အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ပြည်ဝင်ခွင့် လျှောက်ထားတဲ့သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူဝင်မှုဆိုင်ရာ လုပ်ငန်းကိစ္စတွေကိုရက်ပေါင်း ၆၀ ရပ်ဆိုင်းထားဖို့ သမ္မတ ထရမ့် အစိုးရက အမိန့်ပေးလိုက်တဲ့ အကြောင်း VOA သတင်း ထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ထိခိုက်နေတဲ့ အမေရိကန် အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာကြောင့်ဆိုပြီး green card လို့ လူသိများတဲ့ အမေရိကန်မှာ အမြဲတမ်း အခြေခြနေထိုင်ခွင့်ရဖို့ လျှောက်ထားသူတွေအတွက် ဆောင်ရွက်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေကို ရက် ၆၀ ရပ်ဆိုင်းထားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

“ဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ရတဲ့ အမေရိကန်တွေရဲ့ နေရာမှာ ပြည်ပက ရွှေ့ပြောင်းလုပ်သားတွေနဲ့ အစားထိုးရင် သူတို့အပေါ် မတရားလုပ်ရာ ကျပါလိမ့်မယ်။”

ဒါနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ အိမ်ဖြူတော်က ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံထဲက စိုက်ပျိုးခြံ တွေမှာ ရာသီအလိုက် ခေတ္တ ဝင်ရောက် အလုပ်လုပ်ကိုင်တဲ့ လုပ်သားတွေကိုတော့ ခြွင်းချက်ပေးမယ်လို့ ထရမ့်က ပြောပါတယ်။

“ဒီအထဲ ခြံလုပ်သားတွေ မပါပါဘူး။ သူတို့အပေါ်သက်ရောက်မှု ရှိမယ်ဆိုရင်လည်း အဆင်ပြေအောင် လုပ်ပေးမှာပါ။ ခြံတွေမှာ လာပြီး အလုပ်လုပ် နေတဲ့ အလုပ်သမားတွေအတွက် လွယ်ကူအောင် ကျွန်တော်တို့ လုပ်နေပါတယ်။”

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းကိစ္စတွေ ဆိုင်းငံ့ထားမယ်လို့ သမ္မတထရမ့်ပြောတာမှာ အမြဲတမ်း အခြေချနေထိုင်ခွင့်ကဒ် green card လျှောက်ထားဆဲသူတွေကို ဆိုလိုသလား၊ ဒါမှမဟုတ် အသစ်လျှောက်တဲ့လုပ်ငန်းအဆင့်ဆင့်ကို ရည်ညွှန်းလိုသလား၊ မိသားစုဝင်တွေကို ခေါ်တာနဲ့ အမေရိကန်နိုင်ငံသားက သူ့အိမ်ထောင်ဘက်အတွက် green card လျှောက်ပေးတဲ့ အပေါ် ဒီကန့်သန့်ချက်က သက်ရောက်မှုရှိမလား ဆိုတာတွေတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကပ်ရောဂါ အန္တရာယ်ကြောင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းကိစ္စ အတော်များများကို ရပ်ဆိုင်း ထားပြီးဖြစ်သလို ဗီဇာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက အကန့်အသတ်မရှိ ရပ်ဆိုင်းထားတာပါ။

အခုထုတ်ပြန်တဲ့ အမိန့်က green card ရဖို့ရည်ရွယ်ချက်နဲ့H-1B ဗီဇာကိုင်ဆောင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်သလားဆိုတာကို မသိရသေးတဲ့အတွက် ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

“သမ္မထရမ့် အခုလို ကြေညာတာက ကပ်ရောဂါအတွက် လာပြီးကူမယ့် ကျန်းမာရေးပညာရှင်တွေကို တားလိုက်တာနဲ့ တူတူပါပဲ။”

ဒီအမိန့်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေအပြီးသတ်နိုင်ဖို့ သမ္မတ ထရမ့်က ရီပတ်ဗလစ်ကန် လွှတ်တော်အမတ် Matt Gaetz နဲ့အတူ ဆက်လက်ဆောင်ရွက်နေပါတယ်။

“ဒီအမိန့်နဲ့ပတ်သက်လို့ သမ္မတ ထရမ့်ထည့်စဉ်းစားတဲ့အထဲမှာ ၂ မျိုးရှိပါတယ်။ တမျိုးက က နယ်စပ်ဖြတ်ကျော်ဝင်လာပြီး ဒီမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လာနေတဲ့ သူတွေရယ်၊ နောက်တမျိုးက အမေရိကန်မှာ အလုပ်လည်းလုပ်မနေဘူး အမြဲတမ်း လည်းမနေဘူးဆိုတဲ့ သူတွေပါ။”

အမေရိကန် သမ္မတ တဉီးအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို အများပြည်သူကျန်းမာရေးအကြောင်းပြချက်နဲ့ တရားဝင် ပြဌာန်းခွင့်ရှိပါတယ်။ မကြာသေးခင်ကလည်း နိုင်ငံတချို့အပေါ် သမ္မတထရမ့်ပ်က ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်တာကို တရားရုံးချုပ်က ထောက်ခံတဲ့ စီရင်ထုံးလည်းရှိခဲ့တာပါ။

ကပ်ရောဂါနဲ့ပတ်သက်လို့ သမ္မတ ထရမ့်ရဲ့ တုံ့ပြန်ကိုင်တွယ်ပုံတွေကို ပြည်သူအများစုက မကြိုက်ကြတာကိုလည်း လူထုသဘောထားစစ်တမ်းတွေမှာ တွေ့ရတာကြောင့် အခုဒီအမိန့်က နိုင်ငံရေးအရ ရည်ရွယ်တာဖြစ်တယ်လို့သုတေသီတွေက ထောက်ပြကြပါတယ်။မူဝါဒရေးရာစင်တာက Cristobal Ramon ကတော့

“ကပ်ရောဂါနဲ့ ပတ်သက်လို့ သူကိုင်တွယ်ပုံတွေကို လူတွေဝေဖန်ပြောနေကြတာကို အာရုံလွှဲချင်တာပါ။ သမ္မတက သူ့ကိုယ်သူ ကပ်ရောဂါနောက်ဆက်တွဲ လူထုကျန်းမာရေးကိစ္စတွေ ၊ စီးပွါးရေး ပြသနာတွေနဲ့ပတ်သက်ပြီးအဓိက ဆုံးဖြတ်ချက်တွေချနေတဲ့သူလို့ ပြချင်နေတယ်လို့ ထင်ပါတယ်။”

လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေနဲ့ပတ်သက်လို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး နောက်ထပ်ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ သမ္မတထရမ့်က ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံက ခရီးသွားတွေကိုပြည်ဝင်ခွင့်ရပ်ဆိုင်းလိုက်တာဟာလည်း ဗိုင်းရပ်စ်ကြောင့် လူအများအပြား သေဆုံးကြရမယ့် အရေးကာကွယ်ဖို့ သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခုလို့ မကြာခဏ ဆွယ်တရားဟောလေ့ရှိပါတယ်။

XS
SM
MD
LG