သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာတိတ္ေဒသမွာ စစ္ေရးတည္ေဆာက္မယ္႔အလားအလာ ကန္-ရုရွား အျပန္အလွန္ စိတ္မခ်


အာတိတ္ေကာင္စီ အဆင့္ျမင့္ အစည္းအေ၀းပဲြ ကန္-ရုရွား ႏိုင္ငံျခားေရး၀န္ႀကီးမ်ား

(Zawgyi/Unicode)

အာတိတ္ေဒသမွာ ႐ုရွားက စစ္အင္အားတိုးခ်ဲ႕ေနတဲ့အေပၚ စိုးရိမ္ေၾကာင္း ၾကာသပေတးေႏွာင္းပိုင္း Iceland ႏိုင္ငံက အာတိတ္ေကာင္စီ အဆင့္ျမင့္ အစည္းအေ၀းပဲြကို ေရာက္ေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာဆိုလိုက္ပါတယ္။

“ရာသီဥတု၊ ပတ္၀န္းက်င္၊ သိပၸံပညာ၊ လုံျခံဳေရးနဲ႔ ေဒသတြင္းက ျပည္သူေတြ အက်ဳိးေက်းဇူး ခံစားေနၾကရတဲ့ ေရရွည္စီးပြားေရး ဖြံ႔ၿဖိဳးမႈေတြမွာ ပူးေပါင္းေဆာင္ရြက္ေနတဲ့၊ ၿငိမ္းခ်မ္းတဲ့ အာတိတ္ေဒသ ေရွ႕ဆက္ တိုးတက္ေစဖို႔ အေမရိကန္က သႏၷိ႒ာန္ခ်ထားပါတယ္။” လို႔ Reykjavik ၿမိဳ႕ေတာ္က အစည္းအေ၀း တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြကို ၀န္ႀကီး Blinken ေျပာခဲ့တာပါ။

႐ုရွားႏိုင္ငံျခားေရး၀န္ႀကီး Sergey Lavrov ကေတာ့ အာတိတ္ေဒသမွာ ဗုံးႀကဲေလယာဥ္ေတြ၊ ေရငုပ္သေဘၤာေတြ တိုးျမႇင့္ခ်ထားတဲ့ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႕ (NATO) ရဲ႕ ရည္ရြယ္ခ်က္အေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။ ေနာ္ေ၀နဲ႔ ေဘာ္လတစ္ေဒသမွာ ျပည္ပကတပ္ဖဲြ႕ေတြ ရွိေနတာေၾကာင့္ စစ္ေရး၊ ႏိုင္ငံေရး တင္းမာမႈေတြ ေပၚေပါက္ေနတာဟာလည္း ျပႆနာေတြရဲ႕ တစိတ္တပိုင္းျဖစ္ေၾကာင္း အစည္းအေ၀းအၿပီး သတင္းစာရွင္းလင္းပဲြမွာ ႐ုရွားႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုခဲ့တာပါ။

ေဒသတြင္း တင္းမာမႈေတြ ႀကီးထြားလာေနခ်ိန္မွာ စစ္ဖက္ဆိုင္ရာ အဆင့္ျမင့္ အစည္းအေ၀းေတြ ျပန္က်င္းပဖို႔လည္း အာတိတ္ေဒသ ႏိုင္ငံေတြကို ႐ုရွားႏိုင္ငံက ဖိအားေပးေနေပမဲ့ အေမရိကန္ကေတာ့ ကန္႔ကြက္ထားပါတယ္။

ယူက႐ိန္းႏိုင္ငံ ခ႐ိုင္းမီးယားေဒသကို ႐ုရွားပိုင္နက္ထဲ သြတ္သြင္းလိုက္တဲ့ ၂၀၁၄ ခုႏွစ္ကစလို႔ အာတိတ္ေဒသ ႏိုင္ငံေတြက စစ္ဦးစီးခ်ဳပ္ေတြရဲ႕ ႏွစ္ပတ္လည္ အစည္းအေ၀းေတြကို ရပ္ဆိုင္းထားတာပါ။

အေမရိကန္၊ ကေနဒါ၊ ဒိန္းမတ္၊ ဖင္လန္၊ အိုက္စ္လန္၊ ေနာ္ေ၀၊ ဆြီဒင္နဲ႔ ႐ုရွား ၈ ႏိုင္ငံ ပါ၀င္တဲ့ အာတိတ္ေကာင္စီကိုေတာ့ ဘုံအက်ဳိးစီးပြားဆိုင္ရာ ကိစၥေတြ ေဆြးေႏြးဖို႔ ၁၉၉၆ ခုႏွစ္မွာ စတင္ဖဲြ႕စည္းထားၿပီး အလွည့္က် ဥကၠ႒ တာ၀န္ကိုေတာ့ ၾကာသပေတးေန႔မွာပဲ အိုက္စ္လန္ႏိုင္ငံထံကေန ႐ုရွားက လဲႊေျပာင္းရယူမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အာတိတ်ဒေသမှာ စစ်ရေးတည်ဆောက်မယ့်အလားအလာ ကန်-ရုရှား အပြန်အလှန်စိတ်မချ
(Unicode)

အာတိတ်ဒေသမှာ ရုရှားက စစ်အင်အားတိုးချဲ့နေတဲ့အပေါ် စိုးရိမ်ကြောင်း ကြာသပတေးနှောင်းပိုင်း Iceland နိုင်ငံက အာတိတ်ကောင်စီ အဆင့်မြင့် အစည်းအဝေးပွဲကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးAntony Blinken ကပြောဆိုလိုက်ပါတယ်။

“ရာသီဥတု၊ ပတ်ဝန်းကျင်၊ သိပ္ပံပညာ၊ လုံခြုံရေးနဲ့ ဒေသတွင်းက ပြည်သူတွေ အကျိုးကျေးဇူး ခံစားနေကြရတဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ ပူးပေါင်းဆောင်ရွက်နေတဲ့၊ ငြိမ်းချမ်းတဲ့ အာတိတ်ဒေသ ရှေ့ဆက် တိုးတက်စေဖို့ အမေရိကန်က သန္နိဋ္ဌာန်ချထားပါတယ်။” လို့ Reykjavik မြို့တော်က အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဝန်ကြီး Blinken ပြောခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ အာတိတ်ဒေသမှာ ဗုံးကြဲလေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ တိုးမြှင့်ချထားတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) ရဲ့ ရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ နော်ဝေနဲ့ ဘော်လတစ်ဒေသမှာ ပြည်ပကတပ်ဖွဲ့တွေ ရှိနေတာကြောင့် စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်နေတာဟာလည်း ပြဿနာတွေရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့် အစည်းအဝေးတွေ ပြန်ကျင်းပဖို့လည်း အာတိတ်ဒေသ နိုင်ငံတွေကို ရုရှားနိုင်ငံက ဖိအားပေးနေပေမဲ့ အမေရိကန်ကတော့ ကန့်ကွက်ထားပါတယ်။

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်ထဲ သွတ်သွင်းလိုက်တဲ့ ၂၀၁၄ ခုနှစ်ကစလို့ အာတိတ်ဒေသ နိုင်ငံတွေက စစ်ဦးစီးချုပ်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေကို ရပ်ဆိုင်းထားတာပါ။

အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ နော်ဝေ၊ ဆွီဒင်နဲ့ ရုရှား ၈ နိုင်ငံ ပါဝင်တဲ့ အာတိတ်ကောင်စီကိုတော့ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဖို့ ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းထားပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုတော့ ကြာသပတေးနေ့မှာပဲ အိုက်စ်လန်နိုင်ငံထံကနေ ရုရှားက လွဲှပြောင်းရယူမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG