သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
(Zawgyi/Unicode)
တိုက်ရိုက် လင့်ခ်
..............
အာဖဂန် ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ဖို့ တရုတ်ကမ်းလှမ်း
(Unicode)
အာဖဂန် ပဋိပက္ခအဆုံးသတ်ရေး သံသမန်ရေးအရ အားထုတ်မှု တရပ်အနေနဲ့ တရုတ်နိုင်ငံဟာ ကူညီဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောဆို လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဖဂန်နိုင်ငံခြားရေးဝန်ကြီး Mohammad Haneef Atmar၊ အမျိူးသားလုံခြုံရေးအကြံပေး Hamdullah Mohib တို့ နဲ့ငြိမ်းချမ်းရေးအလားအလာတွေကို တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကထွက်ခွာခြင်းကနေ ပေါ်ပေါက်လာနိုင်တဲ့ ဗရမ်းဗတာအခြေအနေတွေအပေါ် စိုးရိမ်မှုတွေ တိုးနေတာလည်းဖြစ်ပါတယ်။ ညှိနှိုင်းပွဲအတွက် ကြိတင်သတ်မှတ်ချက်တွေကို ဖန်တီးပေးဖို့အပါအဝင် အာဖဂန်မှာရှိတဲ့ အုပ်စုကွဲတွေအကြား ညှိနှိုင်းမှုတွေလုပ်ဆောင်ပေးဖို့တရုတ်နိုင်ငံဟာ အဆင်သင့်ဖြစ်နေပြီလို့ Wang Yi က ပြောဆိုသွားတာပါတယ်။
ပြီးခဲ့တဲ့လကတော့ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က အာဖဂန်က ထာဝရ စစ်ပွဲတွေကို အဆုံးသတ်ဖို့အချိန်ကျပြီလို့ပြောဆိုခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန် လက်ကျန်တပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင် ကို စက်တင်ဘာလထဲ ရုပ်သိမ်းပေးဖို ့ကြေညာခဲ့ပါတယ်။ မေလကတည်းကနေ တပ်ဖွဲ့ဝင် ၇၀၀၀ ကို စတင်ရုပ်သိမ်းနေတာလည်း ဖြစ်ပါတယ်။
အခုလို တပ်ဖွဲ့ဝင်တွေလျှော့ချမှုကနေ အာဖဂန်အစိုးရတပ်ဖွဲ့တွေနဲ့တာလီဘန်သူပုန်တို့အကြား တိုက်ခိုက်မှုတွေမြင့်တက်လာတာကို မြင်တွေ့ခဲ့ကြရပါတယ်။
အာဖဂန် ပြိုင်ဘက်အဖွဲ့တွေအကြား တိုက်ရိုက်ငြိမ်းချမ်းရေးစကားပြောဆိုမှုတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကာတာနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ရလဒ်အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ တာလီဘန်တွေနဲ့စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
အုပ်စုကွဲတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ များသောအားဖြင့် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေပြီး အမေရိကန်အနေနဲ့ လည်း နှစ်ဘက်ညှိနှိုင်းဖို့အရှိန်မြှင့်လုပ်ဆောင်မှုတွေဟာလည်း မအောင်မြင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang အနေနဲ့ အမေရိကန်နိုင်ငံအပေါ် ဝေဖန်မှုတွေတိုးမြင့်လာခဲ့ပြီး တပ်ဖွဲ့ရုပ်သိမ်းရေး အလျင်စလို ကတိုက်ကရိုက်လုပ်ဆောင်မှုတွေကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်သလို ဒေသတွင်းတည်ငြိမ်မှုကိုလည်း ဆိုးကြိုးသက်ရောက်စေတယ်လို့ဆိုပါတယ်။
XS
SM
MD
LG