သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္သတင္းသမားေတြကို တာလီဘန္ ၿခိမ္းေျခာက္‌သတိေပး


ေသဆံုးသြားတဲ့ အာဖဂန္သတင္းသမား Malala Maiwand စ်ာပန

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာ သတင္းသမားေတြ အထူးသျဖင့္ အမ်ဳိးသမီးသတင္းသမားေတြကို တာလီဘန္ေတြက တမင္ပစ္မွတ္ထားတာ၊ ၿခိမ္းေျခာက္တာ၊ သတ္ျဖတ္တာေတြ လုပ္ေနတယ္လို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ေတြက ၾကာသပေတးေန႔မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာသစ္ တေစာင္မွာ ေဖၚျပထားသလို ၊ VOA ရဲ႕ သုေတသန ျပဳခ်က္အရလည္း သိရွိရပါတယ္။

တာလီဘန္ စစ္ေသြးႂကြ တပ္မွဴးေတြဟာ သူတို႔ၾသဇာလႊမ္းမိုးတဲ့ ေဒသေတြမွာ သူတို႔ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး ၊ မီဒီယာေတြက ေရးသား ေဖၚျပမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တိုက္႐ိုက္ၿခိမ္းေျခာက္မႈနဲ႔ အၾကမ္းဖက္မႈေတြကို အသုံးျပဳေနၾကတာ ျဖစ္ပါတယ္။ သူတို႔ ထိန္းခ်ဳပ္မႈ ျပင္ပက ေဒသေတြမွာေတာ့ တယ္လီဖုန္းကတဆင့္ ၿခိမ္းေျခာက္တာ၊ စာေရးၿခိမ္းေျခာက္တာနဲ႔ လူမႈကြန္ယက္ မီဒီယာကတဆင့္ ၿခိမ္းေျခာက္ေနတာ ေတြကို ျပဳလုပ္ေနၾကပါတယ္။

တာလီဘန္ေတြဟာ သတင္းသမားေတြရဲ႕ အလုပ္အကိုင္၊ မိသားစု လႈပ္ရွားသြားလာမႈေတြကို ထဲထဲဝင္ဝင္ရွာေဖြၿပီး ၊ သတင္းသမားေတြ အေနနဲ႔ ကိုယ္ပိုင္တည္းျဖတ္မႈ လုပ္ဖို႔ ၊ ဒီအလုပ္ကို ရပ္ဆိုင္းဖို႔ ဒါမွမဟုတ္ရင္လည္း ဆိုးရြားတဲ့အက်ဳိးဆက္ေတြနဲ႔ ၾကဳံေတြ႕ရလိမ့္မယ္လို႔ ၿခိမ္းေျခာက္တယ္ဆိုတဲ့အေၾကာင္း HRW လူ႔အခြင့္ေရး ေစာင့္ၾကည့္အဖြဲ႔ရဲ႕အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid ကေတာ့ ဒီစြပ္စဲြခ်က္ေတြကို ျငင္းဆန္လိုက္ၿပီး ဒါေတြဟာ အေျခအျမစ္ မရွိပဲ ၊ အာဖဂန္အစိုးရ ေထာက္လွမ္းေရးေတြရဲ႕ ေျပာဆိုမႈအေပၚ အေျခခံထားတာသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အာဖဂန္ႏိုင္ငံတလႊားက သတင္းသမားေတြကို VOA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူတို႔နဲ႔ သူတို႔မိသားစုေတြရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္တဲ့အတြက္ အသံနဲ႔ အ႐ုပ္ကို ဖမ္းယူ မွတ္တမ္းတင္တာမ်ဳိး မလုပ္ဖို႔ ေျပာၾကားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အာဖဂန်သတင်းသမားတွေကို တာလီဘန် ခြိမ်းခြောက်‌သတိပေး

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းသမားတွေ အထူးသဖြင့် အမျိုးသမီးသတင်းသမားတွေကို တာလီဘန်တွေက တမင်ပစ်မှတ်ထားတာ၊ ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ် တစောင်မှာ ဖေါ်ပြထားသလို ၊ VOA ရဲ့ သုတေသန ပြုချက်အရလည်း သိရှိရပါတယ်။

တာလီဘန် စစ်သွေးကြွ တပ်မှူးတွေဟာ သူတို့သြဇာလွှမ်းမိုးတဲ့ ဒေသတွေမှာ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ၊ မီဒီယာတွေက ရေးသား ဖေါ်ပြမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ရိုက်ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူတို့ ထိန်းချုပ်မှု ပြင်ပက ဒေသတွေမှာတော့ တယ်လီဖုန်းကတဆင့် ခြိမ်းခြောက်တာ၊ စာရေးခြိမ်းခြောက်တာနဲ့ လူမှုကွန်ယက် မီဒီယာကတဆင့် ခြိမ်းခြောက်နေတာ တွေကို ပြုလုပ်နေကြပါတယ်။

တာလီဘန်တွေဟာ သတင်းသမားတွေရဲ့ အလုပ်အကိုင်၊ မိသားစု လှုပ်ရှားသွားလာမှုတွေကို ထဲထဲဝင်ဝင်ရှာဖွေပြီး ၊ သတင်းသမားတွေ အနေနဲ့ ကိုယ်ပိုင်တည်းဖြတ်မှု လုပ်ဖို့ ၊ ဒီအလုပ်ကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ်ရင်လည်း ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ခြိမ်းခြောက်တယ်ဆိုတဲ့အကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပြီး ဒါတွေဟာ အခြေအမြစ် မရှိပဲ ၊ အာဖဂန်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ပြောဆိုမှုအပေါ် အခြေခံထားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဖဂန်နိုင်ငံတလွှားက သတင်းသမားတွေကို VOA က ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့နဲ့ သူတို့မိသားစုတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တဲ့အတွက် အသံနဲ့ အရုပ်ကို ဖမ်းယူ မှတ်တမ်းတင်တာမျိုး မလုပ်ဖို့ ပြောကြားခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG