(Zawgyi/Unicode)
အစၥေရးနဲ႔ Hamas ၾကား ၿပီးခဲ႔တဲ႔ ေသာၾကာေန႔ အေစာပိုင္းက အပစ္ရပ္ခဲ႔ၾကၿပီးေနာက္ တနလာၤေန႔မွာ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Antony Blinken အေရွ႕အလယ္ပိုင္း ေဒသကို သြားေရာက္ပါတယ္။ ႏုိင္ငံျခားေရး ၀န္ႀကီး အျဖစ္ Blinken အေနနဲ႔ အေရွ႕အလယ္ပိုင္းကို သြားတဲ႔ ပထမဆံုး ခရီးစဥ္လည္း ျဖစ္ပါတယ္။ ဂါဇာ သေဘာတူညီခ်က္ကို ဆက္လက္ အေကာင္အထည္ေဖာ္ေရး အေမရိကန္ရဲ႕ ႀကိဳးပမ္းခ်က္ လုပ္ငန္းစဥ္ တခု အေနနဲ႔ အစၥေရးလ္၊ ပါလက္စတိုင္းနဲ႔ တျခား ေဒသတြင္းက ႏုိင္ငံျခားေရး ၀န္ႀကီးေတြနဲ႔ ၀န္ႀကီး Blinken ေတြ႔ဆံု ေဆြးေႏြးမွာ ျဖစ္ပါတယ္။
ေဂ်ရုစလမ္မွာ အစၥေရးလ္ ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ တျခား အရာရွိေတြနဲ႔လည္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး ေဆြးေႏြးဖို႔ ရွိပါတယ္။ ပါလက္စတိုင္း အာဏာပိုင္ သမၼတ Mahmoud Abbas၊ ၀န္ႀကီးခ်ဳပ္ Mohammad Shtayyeh နဲ႔ တျခား အႀကီးတန္း အရာရွိေတြနဲ႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးတို႔ Ramallah မွာ ေတြ႔ဆံု ေဆြးေႏြးမယ့္ အေၾကာင္း ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က တနလာၤေန႔မွာ ေျပာပါတယ္။ ဂါဇာ ျပန္လည္တည္ေဆာက္ေရး၊ ေနာက္ ဂါဇာအတြက္ ႏုိင္ငံတကာ ေထာက္ပံ႔မႈေတြကို စုစည္းႏုိင္ေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ျမန္ျမန္ဆန္ဆန္ ေပးႏုိင္ေရး အတြက္ ကုလသဂၢ၊ ပါလက္စတိုင္း အာဏာပိုင္ အဖြဲ႔တို႔နဲ႔ အေမရိကန္က အတူ ေဆာင္ရြက္သြားမယ္လို႔လည္း ကတိျပဳထားတာပါ။
ျပန္လည္ တည္ေဆာက္ေရးကို စတင္ၿပီး လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ အေျခအေနေတြ ေျဖရွင္းေရး၊ ပါလက္စတိုင္းေတြ၊ အစၥေရးလ္ေတြ၊ ေနာက္ ေဒသတြင္းက မိတ္ဖက္ေတြ အားလံုးနဲ႔ ထိထိေရာက္ေရာက္ ေဆြးေႏြးေရးကို လတ္တေလာ အေလးထား ေဆာင္ရြက္ေနေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Blinken က တနဂၤေႏြေန႔တုန္းက CNN ရုပ္သံကို ေျပာဆိုထားပါတယ္။ ၀န္ႀကီး Blinken ရဲ႕ အေရွ႕အလယ္ပိုင္း ခရီးစဥ္ အတြင္း အီဂ်စ္ႏုိင္ငံကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။ အစၥေရးလ္နဲ႔ Hamas ဦးေဆာင္တဲ႔ ပါလက္စတိုင္း စစ္ေသြးၾကြေတြၾကား ဂါဇာ သေဘာတူညီခ်က္ကို အီဂ်စ္က ၾကား၀င္ ညွိႏိႈင္းေပးခဲ႔တာ ျဖစ္ပါတယ္။
....................................................................
အပစ်ရပ်ခိုင်မာရေး နှင့် ဂါဇာပြန်လည်ထူထောင်ရေး ကန်ဝန်ကြီး Blinken ရဲ့ အရှေ့အလယ်ပိုင်းခရီး
(Unicode)
အစ္စရေးနဲ့ Hamas ကြား ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက အပစ်ရပ်ခဲ့ကြပြီးနောက် တနလာၤနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် Blinken အနေနဲ့ အရှေ့အလယ်ပိုင်းကို သွားတဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဂါဇာ သဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်ရေး အမေရိကန်ရဲ့ ကြိုးပမ်းချက် လုပ်ငန်းစဉ် တခု အနေနဲ့ အစ္စရေးလ်၊ ပါလက်စတိုင်းနဲ့ တခြား ဒေသတွင်းက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဝန်ကြီး Blinken တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဂျေရုစလမ်မှာ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တခြား အရာရှိတွေနဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေးဖို့ ရှိပါတယ်။ ပါလက်စတိုင်း အာဏာပိုင် သမ္မတ Mahmoud Abbas၊ ဝန်ကြီးချုပ် Mohammad Shtayyeh နဲ့ တခြား အကြီးတန်း အရာရှိတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ Ramallah မှာ တွေ့ဆုံ ဆွေးနွေးမယ့် အကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က တနလာၤနေ့မှာ ပြောပါတယ်။ ဂါဇာ ပြန်လည်တည်ဆောက်ရေး၊ နောက် ဂါဇာအတွက် နိုင်ငံတကာ ထောက်ပံ့မှုတွေကို စုစည်းနိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ မြန်မြန်ဆန်ဆန် ပေးနိုင်ရေး အတွက် ကုလသဂ္ဂ၊ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့တို့နဲ့ အမေရိကန်က အတူ ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားတာပါ။
ပြန်လည် တည်ဆောက်ရေးကို စတင်ပြီး လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အခြေအနေတွေ ဖြေရှင်းရေး၊ ပါလက်စတိုင်းတွေ၊ အစ္စရေးလ်တွေ၊ နောက် ဒေသတွင်းက မိတ်ဖက်တွေ အားလုံးနဲ့ ထိထိရောက်ရောက် ဆွေးနွေးရေးကို လတ်တလော အလေးထား ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က တနင်္ဂနွေနေ့တုန်းက CNN ရုပ်သံကို ပြောဆိုထားပါတယ်။ ဝန်ကြီး Blinken ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် အတွင်း အီဂျစ်နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အစ္စရေးလ်နဲ့ Hamas ဦးဆောင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား ဂါဇာ သဘောတူညီချက်ကို အီဂျစ်က ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။