သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ ဗုံးကြဲတိုက်ခိုက်မှု ချက်ချင်းရပ်ဆိုင်းမည် မဟုတ် (အစ္စရေးလ်ဝန်ကြီးချုပ်)


အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ဖုံးလွှမ်းနေတဲ့ ဂါဇာကမ်းမြောင်ဒေသ။ (မေ ၁၆၊ ၂၀၂၁)
အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ဖုံးလွှမ်းနေတဲ့ ဂါဇာကမ်းမြောင်ဒေသ။ (မေ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဂါဇာကမ်းမြောင်ဒေသက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ချက်ချင်းရပ်ပစ်လိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ အစ္စရေးလ် တိုက်လေယာဉ်တွေက အဆောက်အဦး ၃ ခုကို ဖြိုချခဲ့ပြီး အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ Netanyahu က အခုလို ပြောဆိုလိုက်တာပါ။

အင်အားအပြည့်နဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်သလို နိုင်ငံတကာက ကြားဝင် စေ့စပ်မှုတွေ လုပ်နေပေမယ့်လည်း တိုက်ခိုက်မှုက ချက်ချင်းရပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်ရုပ်သံ CBS ရဲ့ “Face the Nation” အစီအစဉ် မေးမြန်းခန်းမှာ Netanyahu က ပြောသွားပါတယ်။

အစ္စရေးလ်ရဲ့မြို့တော် ဂျေရုဆလင်ကို ဟားမတ်စ် စစ်သွေးကြွတွေက အကြောင်းမဲ့ တိုက်ခိုက်နေတယ်လို့ Netanyahu က ပြောပါတယ်။ စနေနေ့က ဂါဇာဒေသမှာ AP အပါအဝင် Aljazeera သတင်းဌာနနဲ့ အခြား လူနေတိုက်ခန်းရော၊ ရုံးခန်းတွေပါရှိတဲ့ ၁၂ ထပ် အဆောက်အဦကို အစ္စရေးလ်က ဖျက်ဆီးဖြိုချခဲ့တာကိုတော့ Netanyahu က ကာကွယ်ပြောကြားသွားပါတယ်။ ဒီတိုက်ခိုက်မှုမှာ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့လည်း သူက ပြောသွားတာပါ။

ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် Yehya Al-Sinwar ရဲ့ နေအိမ်ကို တနင်္ဂနွေ အစောပိုင်းမှာ ၇ ရက်မြောက်အဖြစ် အစ္စရေးလ်က ဗုံးကြဲခဲ့ပါတယ်။ ဗုံးကြဲချိန်မှာ Sinwar တယောက် နေအိမ်ထဲ ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူဟာ ဟားမတ်စ်ရဲ့ အခြား ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ပုန်းအောင်းနေပုံရတယ်လို့ AP သတင်းက ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)






XS
SM
MD
LG