သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရး- ပါလက္စတိုင္း အျပန္အလွန္ ပစ္ခတ္မႈ ပိုမိုျပင္းထန္


အစၥေရး- ပါလက္စတိုင္း အျပန္အလွန္ ပစ္ခတ္မႈေၾကာင့္ ၿပိဳက်ခဲ့တဲ့ အေဆာက္အအံုမ်ား

(Zawgyi/Unicode)

ဂါဇာကမ္းေျမာင္ေဒသမွာေတာ့ အဂၤါေန႔မွာ ပါလက္စတိုင္း စစ္ေသြးႂကြေတြဘက္က ဒုံးပ်ံေတြနဲ ့အစၥေရးဘက္ကို ပစ္လႊတ္တိုက္ခိုက္ေနစဥ္မွာပဲ အစၥေရးဘက္ကလည္း ေလေၾကာင္းတိုက္ခိုက္မႈေတြ ပိုမိုျပဳလုပ္ခဲ့ပါတယ္။ တပတ္ေက်ာ္ၾကာတိုက္ခိုက္မႈေတြအတြင္း ပစၥည္းထုတ္ပိုးတဲ့ စက္ရံုက ထိုင္းအလုပ္သမားႏွစ္ဦး ေသဆံုးခဲ့ရၿပီး ေနာက္ထပ္ လူ (၇) ဦးလည္း ဒဏ္ရာရရွိခဲ့ပါတယ္။

အစၥေရးေလေၾကာင္းတိုက္ခိုက္မႈအတြင္း အစၥလာမ္တကၠသိုလ္အျဖစ္အသံုးျပဳတဲ့ ေျခာက္ထပ္ အေဆာက္အဦးတခု ကြန္ကရစ္အပ်က္အစီးပံုႀကီးအျဖစ္ ၿပိဳက်ပ်က္စီးသြားခဲ့ၿပီး စားပြဲ၊ ကုလားထိုင္နဲ ့စာအုပ္နဲ ့ကြန္ျပဴတာမ်ားကိုလည္း အပ်က္အစီးမ်ားအၾကား လည္းေတြ႔ျမင္ခဲ့ၾကရပါတယ္။ လူေသဆံုးမႈနဲ ့ပက္သက္ၿပီးေတာ့ သတင္းေပးပို ့ခ်က္ေတြ မရရွိပါဘူး။

ႏိုင္ငံတကာ အရာရွိပိုင္းေတြကေတာ့ အခုလိုတိုက္ခိုက္မႈေတြအတြက္ စိုးရိမ္ေၾကာင္း ထုတ္ေဖၚေျပာဆိုေနၾကၿပီး အၾကမ္းဖက္တိုက္ခိုက္မႈေတြ ရပ္တန္ ့ဖို ့သံတမန္ေရး အားထုတ္မႈေတြ ျပန္လည္စတင္ဖို ့ႀကိဳးပမ္းေနၾကပါတယ္။

ပဋိပကၡေလွ်ာ့ခ်ေရး အေကာင္းဆံုး ဘယ္လိုလုပ္ေဆာင္ၾကမလဲဆိုတာကိုလည္း ဥေရာပသမဂၢရဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ Josep Borrell က EU ႏိုင္ငံျခားေရး ၀န္ႀကီးေတြနဲ ့

အဂၤါေန ့မွာ ေဆြးေႏြးဖို ့ရွိေနၿပီး တခ်ိန္ထဲမွာပဲ အေမရိကန္ အရာရွိေတြကလည္း သူတို ့အေနနဲ ့အေျခအေနတည္ၿငိမ္ေရးအတြက္ ေဒသတြင္းႏိုင္ငံေတြနဲ ့ ေနာက္ကြယ္က လုပ္ေဆာင္ေနတာေတြရွိေနတယ္လို ့ ေျပာပါတယ္။

အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Jen Psaki က သတင္းေထာက္ေတြကို တနလၤာေန ့မွာ ေျပာဆိုရာမွာေတာ့ သူတို ့အေနနဲ ့တတ္ႏိုင္သေလာက္ အျမန္ဆံုး အၾကမ္းဖက္မႈေတြကို ေလ်ာ့ခ်ခ်င္ေနၿပီး အစၥေရးနဲ ့ဟားမတ္စ္ ႏွစ္ဘက္စလံုးကလည္း ဒီလိုလုပ္ေဆာင္တာေတြကို ရပ္တန္ ့ၾကရမယ္လို႔ ဆိုပါတယ္။

အစၥေရးကာကြယ္ေရး ၀န္ႀကီးရဲ႕ ဗြီဒီယိုကထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ အလံုးစံုနဲ ့ေရရွည္ တည္ၿငိမ္မႈကို ေဆာင္က်ဥ္းလာႏိုင္သည့္တိုင္ေအာင္ တိုက္ခိုက္မႈေတြ ရပ္တန္ ့မွာ မဟုတ္ဘူးလို ့ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန ့မွာေတာ့ အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ ့နဲ ့ အာရပ္အဖြဲ႕ခ်ဳပ္တို ့ရဲ႕ ေတာင္းဆိုခ်က္အရ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဥကၠဌ Volkan Bozkir က အဖြဲ ့၀င္ ၁၉၃ ႏိုင္ငံဟာ ဒီအေျခအေနနဲ ့ပက္သက္ၿပီး လာမယ့္ ၾကာသပေတးေန ့မွာ ေဆြးေႏြးၾကမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အစ္စရေးလ် - ပါလက်စတိုင်း အပြန်အလှန် ပစ်ခတ်မှု ပိုမိုပြင်းထန်

(Unicode)

ဂါဇာကမ်းမြောင်ဒေသမှာတော့ အင်္ဂါနေ့မှာ ပါလက်စတိုင်း စစ်သွေးကြွတွေဘက်က ဒုံးပျံတွေနဲ ့အစ္စရေးဘက်ကို ပစ်လွှတ်တိုက်ခိုက်နေစဉ်မှာပဲ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်ခဲ့ပါတယ်။ တပတ်ကျော်ကြာတိုက်ခိုက်မှုတွေအတွင်း ပစ္စည်းထုတ်ပိုးတဲ့ စက်ရုံက ထိုင်းအလုပ်သမားနှစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ် လူ (၇) ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စလာမ်တက္ကသိုလ်အဖြစ်အသုံးပြုတဲ့ ခြောက်ထပ် အဆောက်အဦးတခု ကွန်ကရစ်အပျက်အစီးပုံကြီးအဖြစ် ပြိုကျပျက်စီးသွားခဲ့ပြီး စားပွဲ၊ ကုလားထိုင်နဲ့စာအုပ်နဲ့ကွန်ပြူတာများကိုလည်း အပျက်အစီးများအကြား လည်းတွေ့မြင်ခဲ့ကြရပါတယ်။ လူသေဆုံးမှုနဲ့ပက်သက်ပြီးတော့ သတင်းပေးပို့ချက်တွေ မရရှိပါဘူး။

နိုင်ငံတကာ အရာရှိပိုင်းတွေကတော့ အခုလိုတိုက်ခိုက်မှုတွေအတွက် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုနေကြပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့သံတမန်ရေး အားထုတ်မှုတွေ ပြန်လည်စတင်ဖို့ကြိုးပမ်းနေကြပါတယ်။

ပဋိပက္ခလျှော့ချရေး အကောင်းဆုံး ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကိုလည်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrell က EU နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့

အင်္ဂါနေ့မှာ ဆွေးနွေးဖို့ရှိနေပြီး တချိန်ထဲမှာပဲ အမေရိကန် အရာရှိတွေကလည်း သူတို့အနေနဲ့အခြေအနေတည်ငြိမ်ရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ နောက်ကွယ်က လုပ်ဆောင်နေတာတွေရှိနေတယ်လို့ ပြောပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောဆိုရာမှာတော့ သူတို့အနေနဲ့တတ်နိုင်သလောက် အမြန်ဆုံး အကြမ်းဖက်မှုတွေကို လျော့ချချင်နေပြီး အစ္စရေးနဲ့ဟားမတ်စ် နှစ်ဘက်စလုံးကလည်း ဒီလိုလုပ်ဆောင်တာတွေကို ရပ်တန့်ကြရမယ်လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်ရေး ဝန်ကြီးရဲ့ ဗွီဒီယိုကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အလုံးစုံနဲ့ရေရှည် တည်ငြိမ်မှုကို ဆောင်ကျဉ်းလာနိုင်သည့်တိုင်အောင် တိုက်ခိုက်မှုတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဥက္ကဌ Volkan Bozkir က အဖွဲ့ဝင် ၁၉၃ နိုင်ငံဟာ ဒီအခြေအနေနဲ့ပက်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG