{{Zawgyi/Unicode}}
အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antonoy Blinken ဟာ ဂါဇာေဒသ အစၥေရးနဲ႔ ပါလက္စတိုင္းအၾကား အပစ္အခတ္ရပ္စဲေရးရေအာင္ ထဲထဲဝင္ဝင္ ေဆာင္ရြက္ခဲ့တဲ့ အီဂ်စ္ႏိုင္ငံကို ေရာက္ရွိၿပီး အီဂ်စ္အစိုးရေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆံုပါတယ္။
အစၥေရးလံုျခံဳေရးနဲ႔ ပါလက္စတိုင္းဂါဇာေဒသျပန္လည္တည္ေဆာက္ေရးကို အကူအညီေပးသြားမယ္လို႔ ကန္ႏိုင္ငံျခားေရး၀န္ႀကီးက မေန႔က ေျပာခဲ့ပါတယ္။
ႏိုင္ငံျခားေရး၀န္ႀကီး Blinken ဟာ အီဂ်စ္ကိုမထြက္ခြာခင္မွာေတာ့ အစၥေရးသမၼတ Reuben Rivlin နဲ႔ ဒီေန႔ ေတြ႕ဆံုခဲ့ပါတယ္။ အဂၤါေန႔တုန္းကေတာ့ ပါလက္စတိုင္းသမၼတ Mohmoud Abbas နဲ႔ ေတြ႕ဆံုခဲ့ၿပီး ဂါဇာေဒသျပန္လည္တည္ေထာင္ေရးအတြက္ ေဒၚလာ ၇၅သန္း အကူအညီေပးမယ္လို႔ ေျပာခဲ့ပါတယ္။
အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕မွာေတာ့ အီဂ်စ္သမတ Abdel Fattah el-Sissi နဲ႔ အီဂ်စ္ႏိုင္ငံျခားေရး၀န္ႀကီး Sameh Shoukr တို႔နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ အီဂ်စ္ႏိုင္ငံၿပီးရင္ေတာ့ ေဂ်ာ္ဒန္ႏိုင္ငံကို ထြက္ခြာမွာပါ။
အခုတိုက္ပြဲေတြျပန္တာေၾကာင့္ ပါလက္စတိုင္းရဲ့ ဂါဇာမွာ ပ်က္စီးခဲ့တာေတြ ျပန္တည္ေဆာက္ေရးအတြက္၊ အေမရိကန္လႊတ္ေတာ္ကေန ေဒၚလာ ၇၅ သန္းအတည္ျပဳေပးဖို႔ ေတာင္းဆိုသြားပါမယ္လို႔လည္း Blinken က ဒီခရီးစဥ္ထဲ ကတိေပးခဲ့ပါတယ္။
ဒါ့အျပင္ လက္ရွိအပစ္ရပ္တာ ဆက္ထိန္းထားႏိုင္ဖို႔က အပစ္ရပ္သက္သက္နဲ႔မလံုေလာက္ဘဲ၊ တိုက္ပြဲ ျပန္ျဖစ္ေစခဲ့တဲ့ အေျခခံအေၾကာင္းရင္းျပႆနာႀကီးေတြကို ဆက္ေျဖရွင္းဖို႔လိုအပ္တာမို႔၊ အဲ့ဒါေတြပါ ေဆြးေႏြးခဲ့တယ္လို႔လည္း သူက ရွင္းျပခဲ့ပါတယ္။
အစၥေရးနဲ႔ပါလက္စတိုင္း ၂ ႏိုင္ငံျဖစ္ေျမာက္ေရးအေျဖကသာ၊ ဂ်ဴးဒီမိုကေရစီႏိုင္ငံေတာ္နဲ႔ ပါလက္စတိုင္းေမွ်ာ္လင့္တဲ့ ႏိုင္ငံေတာ္ေပၚေပါက္ေရးအတြက္၊ တစ္ခုတည္းေသာနည္းလမ္းအျဖစ္ သမၼတ Joe Biden အစိုးရအေနနဲ႔ ယံုၾကည္ထားေၾကာင္းလည္း၊ Blinken က ထပ္ေျပာခဲ့ပါေသးတယ္ ခင္ဗ်ာ။
..................................................
{{Unicode}}
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonoy Blinken ဟာ ဂါဇာဒေသ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား အပစ်အခတ်ရပ်စဲရေးရအောင် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တဲ့ အီဂျစ်နိုင်ငံကို ရောက်ရှိပြီး အီဂျစ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။
အစ္စရေးလုံခြုံရေးနဲ့ ပါလက်စတိုင်းဂါဇာဒေသပြန်လည်တည်ဆောက်ရေးကို အကူအညီပေးသွားမယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အီဂျစ်ကိုမထွက်ခွာခင်မှာတော့ အစ္စရေးသမ္မတ Reuben Rivlin နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့တုန်းကတော့ ပါလက်စတိုင်းသမ္မတ Mohmoud Abbas နဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသပြန်လည်တည်ထောင်ရေးအတွက် ဒေါ်လာ ၇၅သန်း အကူအညီပေးမယ်လို့ ပြောခဲ့ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာတော့ အီဂျစ်သမတ Abdel Fattah el-Sissi နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukr တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အီဂျစ်နိုင်ငံပြီးရင်တော့ ဂျော်ဒန်နိုင်ငံကို ထွက်ခွာမှာပါ။
အခုတိုက်ပွဲတွေပြန်တာကြောင့် ပါလက်စတိုင်းရဲ့ ဂါဇာမှာ ပျက်စီးခဲ့တာတွေ ပြန်တည်ဆောက်ရေးအတွက်၊ အမေရိကန်လွှတ်တော်ကနေ ဒေါ်လာ ၇၅ သန်းအတည်ပြုပေးဖို့ တောင်းဆိုသွားပါမယ်လို့လည်း Blinken က ဒီခရီးစဉ်ထဲ ကတိပေးခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိအပစ်ရပ်တာ ဆက်ထိန်းထားနိုင်ဖို့က အပစ်ရပ်သက်သက်နဲ့မလုံလောက်ဘဲ၊ တိုက်ပွဲ ပြန်ဖြစ်စေခဲ့တဲ့ အခြေခံအကြောင်းရင်းပြဿနာကြီးတွေကို ဆက်ဖြေရှင်းဖို့လိုအပ်တာမို့၊ အဲ့ဒါတွေပါ ဆွေးနွေးခဲ့တယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။
အစ္စရေးနဲ့ပါလက်စတိုင်း ၂ နိုင်ငံဖြစ်မြောက်ရေးအဖြေကသာ၊ ဂျူးဒီမိုကရေစီနိုင်ငံတော်နဲ့ ပါလက်စတိုင်းမျှော်လင့်တဲ့ နိုင်ငံတော်ပေါ်ပေါက်ရေးအတွက်၊ တစ်ခုတည်းသောနည်းလမ်းအဖြစ် သမ္မတ Joe Biden အစိုးရအနေနဲ့ ယုံကြည်ထားကြောင်းလည်း၊ Blinken က ထပ်ပြောခဲ့ပါသေးတယ် ခင်ဗျာ။