သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက်ဴးလြန္တဲ့ ျပစ္မႈေတြအတြက္ ICJ နဲ႔ ပူးေပါင္းေဆာင္ရြက္မည္ (NUG)


ICJ ႏွင့္ ပူးေပါင္းေဆာင္ရြက္ႏုိင္ေရး NUG ထုတ္ျပန္ခ်က္။ (ေမ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေရြးေကာက္ခံ လႊတ္ေတာ္အမတ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က ဖြဲ႔စည္းလိုက္တဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က အာဏာသိမ္း စစ္ေကာင္စီရဲ႕ အရပ္သား ျပည္သူေတြအေပၚ က်ဴးလြန္တဲ့ ႏွိပ္စက္ညႇဥ္းပန္း သတ္ျဖတ္မႈေတြ၊ ရာဇဝတ္ျပစ္မႈေတြနဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ တရားစီရင္မႈ ခံယူႏိုင္ဖို႔ အေလးအနက္ စဥ္းစားလုပ္ေဆာင္ေနတယ္လို႔ ေမလ ၃၀ တနဂၤေႏြေန႔မွာ သတင္းထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

အေျခခံလူ႔အခြင့္အေရးကို အျပည့္အဝ လိုက္နာၿပီး အျပည္ျပည္ဆိုင္ရာ တရား႐ုံးနဲ႔ သက္ဆိုင္တဲ့ တာဝန္ရွိသူ အားလံုးနဲ႔ ဆက္ၿပီး အနီးကပ္ ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ NUG အစိုးရအေနနဲ႔ ICJ နဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္ဖုိ႔ အဆင့္ဆင့္ ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာပါတယ္။

႐ုိဟင္ဂ်ာ မြတ္စလင္ေတြကို လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုၿပီး ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံရဲ႕ စြဲဆိုမႈကို ၂၀၁၉ ဒီဇင္ဘာမွာ ICJ ၾကားနာစစ္ေဆးခ်ိန္က အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံကိုယ္စား သြားေရာက္ေခ်ပခဲ့တာျဖစ္ၿပီး မႏွစ္က ဇန္နဝါရီလမွာေတာ့ ICJ က ျမန္မာႏုိင္ငံကေန ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြ Provisional Measures ကို ျပ႒ာန္းေပးခဲ့ၿပီး ၆ လတႀကိမ္ အစီရင္ခံစာ တင္သြင္းဖုိ႔ အမိန္႔ခ်မွတ္ခဲ့တာပါ။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာဘက္က လက္မခံေပမယ့္ ICJ ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ကိုေတာ့ လက္ခံထားပါတယ္။

အစီရင္ခံစာ ၂ ႀကိမ္တင္သြင္းၿပီးျဖစ္တဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ICJ က ခ်မွတ္တဲ့အမိန္႔ကို ဆက္လက္လိုက္နာဖုိ႔ လုိအပ္ေနတာျဖစ္ၿပီး အခု ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရလက္ကေန စစ္တပ္အာဏာသိမ္းခဲ့တဲ့ေနာက္ ႏိုင္ငံတြင္း အေျခေနေတြက မေရမရာ ျဖစ္ေနခ်ိန္မွာ NUG ဘက္က အခုလို သတင္းထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

စစ်ကောင်စီကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ICJ နဲ့ ပူးပေါင်းဆောင်ရွက်မည် (NUG)

အရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစီရင်မှု ခံယူနိုင်ဖို့ အလေးအနက် စဉ်းစားလုပ်ဆောင်နေတယ်လို့ မေလ ၃၀ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အခြေခံလူ့အခွင့်အရေးကို အပြည့်အဝ လိုက်နာပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူ အားလုံးနဲ့ ဆက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် NUG အစိုးရအနေနဲ့ ICJ နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုမှုကို ၂၀၁၉ ဒီဇင်ဘာမှာ ICJ ကြားနာစစ်ဆေးချိန်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား သွားရောက်ချေပခဲ့တာဖြစ်ပြီး မနှစ်က ဇန်နဝါရီလမှာတော့ ICJ က မြန်မာနိုင်ငံကနေ ကြားဖြတ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေ Provisional Measures ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်မခံပေမယ့် ICJ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ လက်ခံထားပါတယ်။

အစီရင်ခံစာ ၂ ကြိမ်တင်သွင်းပြီးဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ICJ က ချမှတ်တဲ့အမိန့်ကို ဆက်လက်လိုက်နာဖို့ လိုအပ်နေတာဖြစ်ပြီး အခု မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ကနေ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံတွင်း အခြေနေတွေက မရေမရာ ဖြစ်နေချိန်မှာ NUG ဘက်က အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG