သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

WHO ညီလာခံကို စစ္ေကာင္စီတက္ေရာက္ခြင္႔ ဆိုင္းငံ့ခံရမႈ NUG ႀကိဳဆို 


ေမလ ၂၄ ရက္ေန႔က က်င္းပတဲ့ WHO ညီလာခံ

(Zawgyi/Unicode)

ျမန္မာစစ္ေကာင္စီကို WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ့ ႏွွစ္စဥ္ညီလာခံ တက္ေရာက္ခြင့္ ဆိုင္းငံ့လိုက္ၿပီး၊ ႏိုဝင္ဘာမွာလုပ္မဲ့ ကုလအေထြေထြညီလာခံရဲ့ တရားဝင္မူဆိုင္ရာဆံုးျဖတ္ေရးအဖြဲ႔ကို ေရြ.ဆိုင္းလိုက္တဲ့အေပၚ၊ အမ်ိဳးသားညီညႊတ္ေရးအစိုးရ (NUG) က ႀကိဳဆိုလိုက္ပါတယ္။

စစ္အာဏာသိမ္းအၿပီးေပၚလာတဲ့ ဒီ အစိုးရ ၂ ခုလံုးက၊ အခု တနလၤာကေန ဇြန္လ ၁ ရက္ထိက်င္းပေနတဲ့ ဒီညီလာခံကို ႏိုင္ငံကိုယ္စားျပဳတက္ေရာက္ခြင့္ အၿပိဳင္ေတာင္းလာရာမွာ၊ ဘာေၾကာင့္ခုလို မေန႔က ဆံုးျဖတ္ခဲ့ရၿပီး၊ ေရွ႕ဆက္ဘယ္လိုျဖစ္လာႏိုင္ပါလဲ။

NUG ရဲ႕ လူအခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းနဲ႔ ျမန္မာႏိုင္ငံထဲက အေထြေထြေရာဂါကုဆရာဝန္ႀကီး ေဒါက္တာျမင့္ဦးတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ေရႊးေကာက္ပြဲအႏိုင္ရ ပါတီအမတ္အမ်ားစု ကိုယ္စားျပဳၿပီးေတာ့ တိုင္းရင္းသားေတြနဲ႔ လူမႈ႕အဖြဲ႔အစည္းေခါင္းေဆာင္ေတြပါ ထည့္သြင္းဖြဲ႔စည္းထားတဲ့ (NUG) အမ်ိဳးသားညီညႊတ္ေရးအစိုးရ၀န္ႀကီး ဦးေအာင္မ်ိဳးမင္းက

“ဒါကေတာ့ က်ေနာ္တို႔ဘက္က အရမ္းႀကိဳဆိုတယ္။ အရမ္းႀကီး ျပီးျပည့္စံုတဲ့ က်ေနာ္တို႔ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ မလုပ္သည့္တိုင္ေအာင္ သူတို႔ရဲ႕ လုပ္ထံုးလုပ္နည္းအရ ဒါျဖစ္သင့္ျဖစ္ထိုက္တဲ့ အရာေတြျဖစ္တယ္။ အခုလိုမ်ိဳး စစ္အုပ္စုရဲ႕ ကိုယ္စားလွယ္ကို လံုး၀ အသိအမွတ္မျပဳဘူးဆိုတဲ့ ပံုစံတခုက ဒါေအာင္ျမင္မႈတခုလို႔ က်ေနာ္တို႔ ေျပာလို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုအခ်ိန္မွာ De facto government လို႔ေခၚတဲ့ အာဏာသိမ္းထားတဲ့အရာရယ္ ေနာက္တခါ ျပည္သူလူထုကေန ေရြးခ်ယ္ထားတဲ့ CRPH ကေန ထပ္ၿပီးေတာ့ တာ၀န္ေပးထားတဲ့ NUG ဆိုတာရွိတယ္။ ဘယ္ကိုယ္စားလွယ္ကို အစိုးရရဲ႕ ကိုယ္စားလွယ္အျဖစ္ အတည္ျပဳမလဲဆိုတာကို အခုဆိုရင္ စိန္ေခၚမႈ ေနရာတိုင္းမွာ ေတြ႔ပါတယ္။”

အခုလို WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ခက္ခက္ခဲခဲ ဆံုးျဖတ္ခဲ့ရပံုကို အေထြေထြေရာဂါကုဆရာဝန္ႀကီး ေဒါက္တာျမင့္ဦးကလည္း

“ႏွစ္စဥ္ ႏွစ္တိုင္းေတာ့ ျမန္မာႏိုင္ငံကေနၿပီးေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးညီလာခံႀကီးကို က်န္းမာေရး၀န္ႀကီးေတြ သြားတက္ေလ့ရွိတယ္။ အခုဒီႏွစ္က်ေတာ့ အစိုးရ ၂ ရပ္ေပါ့ေလ ၂ ဖက္စလံုးက ကိုယ္စားလွယ္လႊတ္ၿပီးတက္ေရာက္ဖို႔ ေလွ်ာက္တယ္၊ ဘယ္သူ႔ကို တရား၀င္အသိအမွတ္ျပဳရမလဲ။ အဲဒီေတာ့ စစ္အစိုးရရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကလည္း ICJ တို႔ ICC တို႔မွာ တင္ဖို႔ လုပ္ေနတဲ့အခ်ိန္ လူထုနဲ႔လည္း ေတာက္ေလွ်ာက္ ယေန႔အထိေပါ့ေနာ္ ၊ အာဏာသိမ္းမႈက ပီပီျပင္ျပင္နဲ႔ ေအာက္ေျခအထိ အုပ္ခ်ဳပ္ႏိုင္တဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြ ခန္႔ႏိုင္တဲ့အဆင့္တို႔ ေက်ာင္းေတြဖြင့္ႏိုင္တာတို႔က မရႏိုင္ေသးဘူးေပါ့။ မရႏိုင္ေသးေတာ့ ဒီဘက္ NUG ဘက္ကလည္း က်န္းမာေရး၀န္ႀကီးဌာန တခုဖြင့္ၿပီးေတာ့ က်န္းမာေရး၀န္ေဆာင္မႈေတြ ျပန္ေပးမယ္ဆိုတာေတြ သူတို႔ ႀကိဳးစားလုပ္ေဆာင္ေနတာေတြ႔ရတယ္။ တဖက္မွာလည္း NUG government က တႏိုင္ငံလံုးက မလႊမ္းၿခံဳႏိုင္ဘူးေပါေ့နာ္။ လႊတ္ေျမာက္ေဒသ၊ နယ္စပ္ေတြ၊ အဲဒီေတာ့ သူတို႔က ၂ ဖက္စလံုးကို WHO အဖြဲ႔ကေနၿပီးေတာ့ ဆိုင္းငံ႔လိုက္တာေပါ့။”

အဲဒီေတာ့ WHO အေနနဲ႔ ဒီအစိုးရ ၂ ဖက္ကို ဘယ္လိုခ်င့္ခ်ိန္ခဲ့ရပံုကိုလည္း ကုလသမဂၢအေရး ကၽြမ္းက်င္သူလည္းျဖစ္တဲ့ ဦးေအာင္မ်ိဳးမင္းက

“WHO လို က်န္းမာေရးအဖြဲ႔အစည္းတခုက ဒါမ်ိဳးလုပ္ေဆာင္ျခင္းက ပထမဦးဆံုးလည္းျဖစ္သလို ေတာ္ေတာ္လည္း ထူးဆန္းတယ္။ ဒါေပမယ့္ ဘာကိုၾကည့္ၾကသလဲဆိုရင္ ဘယ္ကိုယ္စားျပဳတဲ့ဘက္က ကုလသမဂၢ ပဋိညာဥ္ မွာ ပါတဲ့အခ်က္ေတြ အဖြဲ႔အစည္းနဲ႔ ပတ္သက္တဲ့ မူ၀ါဒေတြကို ေလးစားလိုက္နာသလဲဆိုတာေတာ့ ထည့္သြင္းစဥ္းစားေလ့ရွိပါတယ္။ အဲဒီေတာ့ ကုလသမဂၢ Charter မွာ ပါ၀င္ထားတဲ့ ၿငိမ္းခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး ၊ လူ႔အခြင့္အေရးေတြကို ဘယ္ေလာက္အထိ ေလးစားလိုက္နာမလဲဆိုတာ စဥ္းစားမယ္။ ေနာက္တခါ WHO က က်န္းမာေရး အဖဲြ႔အစည္းျဖစ္တဲ့အခါမွာ က်န္းမာေရး၀န္ထမ္းေတြကို ပစ္ခတ္မႈေတြ သတ္ျဖတ္မႈေတြ ႏွိပ္စက္မႈေတြ စစ္ေကာင္စီဘက္ကေန လုပ္ေဆာင္ခ်က္ေတြက ကုလသမဂၢ Charterေတြေရာ ၊ ေနာက္ က်န္းမာေရး၀န္ထမ္းေတြကို ကာကြယ္ေစာင့္ေရွာက္ၿပီးေတာ့ လုပ္ေဆာင္ခြင့္ေပးရမယ္ဆိုတဲ့ အခ်က္ေတြကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္ေနတယ္။”

ဒီေနရာမွာ အခု WHO ဆံုးျဖတ္ခ်က္ေၾကာင့္ ေရွ႕ဆက္ျဖစ္လာႏိုင္ပံုကိုလည္း ေဒါက္တာျမင့္ဦးက

“ တျခား UN agency ေတြအမ်ားႀကီးပဲ ရွိတယ္။ ကမာၻ႔အလုပ္သမားအဖြဲ႔ေတြ၊ ကေလးမ်ား ရန္ပံုေငြအဖြဲ႔ေတြ UNICEF ၊ UNDP ၊ UNOPS ေနာက္တခါ WFO စားနပ္ရိကၡာအဖြဲ႔ FAO ဒါေတြကလည္း ဘယ္လိုမ်ိဳး ဆံုးျဖတ္လာႏိုင္မလဲဆိုတာ မသိႏိုင္ေသးဘူး။ စားနပ္ရိကၡာေတြ ဘာပဲေျပာေျပာ က်ေနာ္တို႔ ငတ္မြတ္ေခါင္းပါးလာခဲ့ရင္ ဘယ္သူ႔ကို ေပးရမလဲေပါ့ေနာ္။ စစ္အစိုးရဘက္ကေန လုပ္ရမွာလား NUG အစိုးရဘက္ကေန လုပ္ရမလားဆိုတာ သူတို႔မွာ ေ၀ခြဲရစရာ မရွိတဲ့အခါမွာ ေလာေလာဆည္ေတာ့ တိုင္းျပည္အတြက္ေတာ့ အမ်ားႀကီး ထိခိုက္နစ္နာတာေတာ့ က်ေနာ္ေတြ႔ရတာေပ့ါ။”

NUG ရဲ႕ လူအခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္း ကလည္း လာမယ့္ ILO အျပည္ျပည္ဆိုင္ရာ အလုပ္သမား အဖြဲ႔ညီလာခံနဲ႔ ေနာက္ဆက္လာမယ့္ လူ႔အခြင့္အေရး ေကာင္စီရဲ႕ ၄ ႏွစ္တႀကိမ္ ပံုမွန္ လူ႔အခြင့္အေရးအေျခအေန သံုးသပ္ ေဆြးေႏြးပြဲေတြမွာလည္း အလားတူ စစ္ေကာင္စီကို ဆက္ ဆိုင္းငံတာလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အခု WHO မွာ NUG အစိုးရ တင္ျပခဲ့ပံုနဲ႔ ေရွ႕ဆက္တင္ျပဖို႔ ျဖစ္လာႏိုင္ပံုကိုလည္း ဦးေအာင္မ်ိဳးမင္း က

“ က်ေနာ္တို႔က အာဏာသိမ္းတဲ့အဖြဲ႔မဟုတ္ဘူး ျပည္သူကေန ေရြးခ်ယ္တင္ေျမာက္ထားတဲ့အဖြဲ႔ဆိုတဲ့အခ်က္ကို က်ေနာ္တို႔ တင္ျပပါတယ္။ ေနာက္ၿပီးရင္ေတာ့ လူအခြင့္အေရးေလးစားၿပီး လိုက္နာေနတယ္၊ က်ေနာ္တို႔ ႀကိဳးပမ္းေဆာင္ရြက္ေနတယ္။ အခု WHO က ဒါမ်ိဳးစၿပီးေတာ့ ဒီစစ္ေကာင္စီရဲ႕ ကိုယ္စားျပဳမႈကို အသိအမွတ္မျပဳခ်င္းက က်ေနာ္တို႔ လာမယ့္ ႏို၀င္ဘာမွာေဆြးေႏြးမယ့္ အေၾကာင္းအရာမွာဆိုရင္ေတာ့ ဒါက်ေနာ္တို႔အတြက္ ေထာက္ျပစရာ၊ အားကိုးစရာ၊ ကိုးကားစရာ အခ်က္ ၁ ခ်က္ ျဖစ္သြားတဲ့ အေနအထားမ်ိဳးလည္း ရွိပါတယ္ခင္ဗ်။”

တကယ္ေတာ့ COVID ကမာၻ႕ကပ္ေရာဂါ ပ်ံ႕ႏွံ႕ေနခ်ိန္နဲ႔ ျမန္မာစစ္အာဏာသိမ္း ေနာက္ဆက္တြဲ လူသားခ်င္းဆိုင္ရာနဲ႔ အစာေရစာ ျပႆနာ ႀကံဳလာေနခ်ိန္မွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို ထိေရာက္ေအာင္ ဘယ္လိုေပးႏိုင္ဖို႔ ကုလနဲ႔ ႏိုင္ငံတကာမွာလည္း ေဘးက်ပ္နံက်ပ္ခက္ခက္ခဲခဲ စဥ္းစားေနရၿပီလို႔ သံုးသပ္သူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

WHO ညီလာခံကို စစ်ကောင်စီတက်ရောက်ခွင့် ဆိုင်းငံ့ခံရမှု NUG ကြိုဆို

(Unicode)

မြန်မာစစ်ကောင်စီကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နှစ်စဉ်ညီလာခံ တက်ရောက်ခွင့် ဆိုင်းငံ့လိုက်ပြီး၊ နိုဝင်ဘာမှာလုပ်မဲ့ ကုလအထွေထွေညီလာခံရဲ့ တရားဝင်မူဆိုင်ရာဆုံးဖြတ်ရေးအဖွဲ့ကို ရွေ.ဆိုင်းလိုက်တဲ့အပေါ်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းအပြီးပေါ်လာတဲ့ ဒီ အစိုးရ ၂ ခုလုံးက၊ အခု တနင်္လာကနေ ဇွန်လ ၁ ရက်ထိကျင်းပနေတဲ့ ဒီညီလာခံကို နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့် အပြိုင်တောင်းလာရာမှာ၊ ဘာကြောင့်ခုလို မနေ့က ဆုံးဖြတ်ခဲ့ရပြီး၊ ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်ပါလဲ။

NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ မြန်မာနိုင်ငံထဲက အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ရွှေးကောက်ပွဲအနိုင်ရ ပါတီအမတ်အများစု ကိုယ်စားပြုပြီးတော့ တိုင်းရင်းသားတွေနဲ့ လူမှု့အဖွဲ့အစည်းခေါင်းဆောင်တွေပါ ထည့်သွင်းဖွဲ့စည်းထားတဲ့ (NUG) အမျိုးသားညီညွှတ်ရေးအစိုးရဝန်ကြီး ဦးအောင်မျိုးမင်းက

“ဒါကတော့ ကျနော်တို့ဘက်က အရမ်းကြိုဆိုတယ်။ အရမ်းကြီး ပြီးပြည့်စုံတဲ့ ကျနော်တို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ မလုပ်သည့်တိုင်အောင် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဒါဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေဖြစ်တယ်။ အခုလိုမျိုး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို လုံး၀ အသိအမှတ်မပြုဘူးဆိုတဲ့ ပုံစံတခုက ဒါအောင်မြင်မှုတခုလို့ ကျနော်တို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ De facto government လို့ခေါ်တဲ့ အာဏာသိမ်းထားတဲ့အရာရယ် နောက်တခါ ပြည်သူလူထုကနေ ရွေးချယ်ထားတဲ့ CRPH ကနေ ထပ်ပြီးတော့ တာဝန်ပေးထားတဲ့ NUG ဆိုတာရှိတယ်။ ဘယ်ကိုယ်စားလှယ်ကို အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် အတည်ပြုမလဲဆိုတာကို အခုဆိုရင် စိန်ခေါ်မှု နေရာတိုင်းမှာ တွေ့ပါတယ်။”

အခုလို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံကို အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦးကလည်း

“နှစ်စဉ် နှစ်တိုင်းတော့ မြန်မာနိုင်ငံကနေပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးညီလာခံကြီးကို ကျန်းမာရေးဝန်ကြီးတွေ သွားတက်လေ့ရှိတယ်။ အခုဒီနှစ်ကျတော့ အစိုးရ ၂ ရပ်ပေါ့လေ ၂ ဖက်စလုံးက ကိုယ်စားလှယ်လွှတ်ပြီးတက်ရောက်ဖို့ လျှောက်တယ်၊ ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုရမလဲ။ အဲဒီတော့ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ICJ တို့ ICC တို့မှာ တင်ဖို့ လုပ်နေတဲ့အချိန် လူထုနဲ့လည်း တောက်လျှောက် ယနေ့အထိပေါ့နော် ၊ အာဏာသိမ်းမှုက ပီပီပြင်ပြင်နဲ့ အောက်ခြေအထိ အုပ်ချုပ်နိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ ခန့်နိုင်တဲ့အဆင့်တို့ ကျောင်းတွေဖွင့်နိုင်တာတို့က မရနိုင်သေးဘူးပေါ့။ မရနိုင်သေးတော့ ဒီဘက် NUG ဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာန တခုဖွင့်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြန်ပေးမယ်ဆိုတာတွေ သူတို့ ကြိုးစားလုပ်ဆောင်နေတာတွေ့ရတယ်။ တဖက်မှာလည်း NUG government က တနိုင်ငံလုံးက မလွှမ်းခြုံနိုင်ဘူးပေါေ့နာ်။ လွှတ်မြောက်ဒေသ၊ နယ်စပ်တွေ၊ အဲဒီတော့ သူတို့က ၂ ဖက်စလုံးကို WHO အဖွဲ့ကနေပြီးတော့ ဆိုင်းငံ့လိုက်တာပေါ့။”

အဲဒီတော့ WHO အနေနဲ့ ဒီအစိုးရ ၂ ဖက်ကို ဘယ်လိုချင့်ချိန်ခဲ့ရပုံကိုလည်း ကုလသမဂ္ဂအရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက

“WHO လို ကျန်းမာရေးအဖွဲ့အစည်းတခုက ဒါမျိုးလုပ်ဆောင်ခြင်းက ပထမဦးဆုံးလည်းဖြစ်သလို တော်တော်လည်း ထူးဆန်းတယ်။ ဒါပေမယ့် ဘာကိုကြည့်ကြသလဲဆိုရင် ဘယ်ကိုယ်စားပြုတဲ့ဘက်က ကုလသမဂ္ဂ ပဋိညာဉ် မှာ ပါတဲ့အချက်တွေ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို လေးစားလိုက်နာသလဲဆိုတာတော့ ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ အဲဒီတော့ ကုလသမဂ္ဂ Charter မှာ ပါဝင်ထားတဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ၊ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ လေးစားလိုက်နာမလဲဆိုတာ စဉ်းစားမယ်။ နောက်တခါ WHO က ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်မှုတွေ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေ စစ်ကောင်စီဘက်ကနေ လုပ်ဆောင်ချက်တွေက ကုလသမဂ္ဂ Charterတွေရော ၊ နောက် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပြီးတော့ လုပ်ဆောင်ခွင့်ပေးရမယ်ဆိုတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်။”

ဒီနေရာမှာ အခု WHO ဆုံးဖြတ်ချက်ကြောင့် ရှေ့ဆက်ဖြစ်လာနိုင်ပုံကိုလည်း ဒေါက်တာမြင့်ဦးက

“ တခြား UN agency တွေအများကြီးပဲ ရှိတယ်။ ကမ္ဘာ့အလုပ်သမားအဖွဲ့တွေ၊ ကလေးများ ရန်ပုံငွေအဖွဲ့တွေ UNICEF ၊ UNDP ၊ UNOPS နောက်တခါ WFO စားနပ်ရိက္ခာအဖွဲ့ FAO ဒါတွေကလည်း ဘယ်လိုမျိုး ဆုံးဖြတ်လာနိုင်မလဲဆိုတာ မသိနိုင်သေးဘူး။ စားနပ်ရိက္ခာတွေ ဘာပဲပြောပြော ကျနော်တို့ ငတ်မွတ်ခေါင်းပါးလာခဲ့ရင် ဘယ်သူ့ကို ပေးရမလဲပေါ့နော်။ စစ်အစိုးရဘက်ကနေ လုပ်ရမှာလား NUG အစိုးရဘက်ကနေ လုပ်ရမလားဆိုတာ သူတို့မှာ ဝေခွဲရစရာ မရှိတဲ့အခါမှာ လောလောဆည်တော့ တိုင်းပြည်အတွက်တော့ အများကြီး ထိခိုက်နစ်နာတာတော့ ကျနော်တွေ့ရတာပေ့ါ။”

NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း လာမယ့် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ညီလာခံနဲ့ နောက်ဆက်လာမယ့် လူ့အခွင့်အရေး ကောင်စီရဲ့ ၄ နှစ်တကြိမ် ပုံမှန် လူ့အခွင့်အရေးအခြေအနေ သုံးသပ် ဆွေးနွေးပွဲတွေမှာလည်း အလားတူ စစ်ကောင်စီကို ဆက် ဆိုင်းငံတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု WHO မှာ NUG အစိုးရ တင်ပြခဲ့ပုံနဲ့ ရှေ့ဆက်တင်ပြဖို့ ဖြစ်လာနိုင်ပုံကိုလည်း ဦးအောင်မျိုးမင်း က

“ ကျနော်တို့က အာဏာသိမ်းတဲ့အဖွဲ့မဟုတ်ဘူး ပြည်သူကနေ ရွေးချယ်တင်မြောက်ထားတဲ့အဖွဲ့ဆိုတဲ့အချက်ကို ကျနော်တို့ တင်ပြပါတယ်။ နောက်ပြီးရင်တော့ လူအခွင့်အရေးလေးစားပြီး လိုက်နာနေတယ်၊ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတယ်။ အခု WHO က ဒါမျိုးစပြီးတော့ ဒီစစ်ကောင်စီရဲ့ ကိုယ်စားပြုမှုကို အသိအမှတ်မပြုချင်းက ကျနော်တို့ လာမယ့် နိုဝင်ဘာမှာဆွေးနွေးမယ့် အကြောင်းအရာမှာဆိုရင်တော့ ဒါကျနော်တို့အတွက် ထောက်ပြစရာ၊ အားကိုးစရာ၊ ကိုးကားစရာ အချက် ၁ ချက် ဖြစ်သွားတဲ့ အနေအထားမျိုးလည်း ရှိပါတယ်ခင်ဗျ။”

တကယ်တော့ COVID ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့နေချိန်နဲ့ မြန်မာစစ်အာဏာသိမ်း နောက်ဆက်တွဲ လူသားချင်းဆိုင်ရာနဲ့ အစာရေစာ ပြဿနာ ကြုံလာနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်အောင် ဘယ်လိုပေးနိုင်ဖို့ ကုလနဲ့ နိုင်ငံတကာမှာလည်း ဘေးကျပ်နံကျပ်ခက်ခက်ခဲခဲ စဉ်းစားနေရပြီလို့ သုံးသပ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG