သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇာသက္တမ္းကုန္ ျမန္မာေတြကို ေနထိုင္ခြင္႔တိုးေပးဖို႔ ဂ်ပန္စီစဥ္


ဂ်ပန္ေရာက္ ျမန္မာမ်ားရဲ႕ စစ္အာဏာသိမ္းဆန္႔က်င္မႈ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ ျပည္၀င္ခြင့္ဗီဇာသက္တမ္း ကုန္ဆုံးေပမဲ့လည္း ဆက္လက္ ေနထိုင္ခြင့္ျပဳဖို႔ စီစဥ္ေနပါတယ္။

ဂ်ပန္လူ၀င္မႈ ႀကီးၾကပ္ေရးဌာနက လႊတ္ေတာ္အမတ္ေတြထံ ဗုဒၶဟူးေန႔က တင္ျပခဲ့တဲ့ အစီအစဥ္မွာေတာ့ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္ ျပန္တဲ့အခါ အႏၲရာယ္ရွိႏိုင္တဲ့ ေက်ာင္းသားေတြ၊ နည္းပညာ သင္တန္းသားေတြ အေနနဲ႔ ေနာက္ထပ္ ၆ လကေန ၁ ႏွစ္အထိ ဗီဇာသက္တမ္း တိုးခြင့္ျပဳမွာ ျဖစ္တယ္လို႔လည္း Nikkei Asia ဂ်ပန္သတင္းဌာနက ေဖာ္ျပလိုက္တာပါ။

ျမန္မာႏိုင္ငံသားေတြ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားတဲ့ ေလွ်ာက္လႊာေတြနဲ႔ ဂ်ပန္ႏိုင္ငံမွာ ေနထိုင္အလုပ္လုပ္ခြင့္ ေလွ်ာက္လႊာေတြကို စိစစ္မႈေတြ အရွိန္ျမႇင့္ ေဆာင္ရြက္ဖို႔လည္း စီစဥ္ေနပါတယ္။ ဂ်ပန္ႏိုင္ငံ လူ၀င္မႈႀကီးၾကပ္ေရးဌာနရဲ႕ ကိန္းဂဏန္းေတြအရ ဂ်ပန္ႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား ၃ ေသာင္းခဲြေက်ာ္ ရွိေနၿပီး၊ မတ္လကုန္အထိ စာရင္းေတြအရ ၂၉၄၄ ေယာက္က ခိုလႈံခြင့္ေလွ်ာက္ထားသူေတြ ျဖစ္တယ္လို႔လည္း သတင္းက ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံသားေတြ ယာယီေနထိုင္ခြင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း အေမရိကန္ကလည္း ဒီတပတ္ထဲမွာပဲ ခြင့္ျပဳထားပါတယ္။ ယာယီကာကြယ္ေစာင့္ေရွာက္ရမယ့္ ႏိုင္ငံအျဖစ္ အေမရိကန္ အမိေျမလံုျခံဳေရးဝန္ႀကီး Alejandro Mayorkas က ေမလ ၁၂ ရက္ေန႔မွာ ေၾကညာခဲ့ၿပီးေနာက္ ေမလ ၂၅ ရက္ေန႔ကစ ၆ လအတြင္း ေလွ်ာက္ထားဖို႔ ဒီတပတ္ထဲမွာပဲ ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဗီဇာသက်တမ်းကုန် မြန်မာတွေကို နေထိုင်ခွင့်တိုးပေးဖို့ ဂျပန်စီစဉ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ကုန်ဆုံးပေမဲ့လည်း ဆက်လက် နေထိုင်ခွင့်ပြုဖို့ စီစဉ်နေပါတယ်။

ဂျပန်လူဝင်မှု ကြီးကြပ်ရေးဌာနက လွှတ်တော်အမတ်တွေထံ ဗုဒ္ဓဟူးနေ့က တင်ပြခဲ့တဲ့ အစီအစဉ်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည် ပြန်တဲ့အခါ အန္တရာယ်ရှိနိုင်တဲ့ ကျောင်းသားတွေ၊ နည်းပညာ သင်တန်းသားတွေ အနေနဲ့ နောက်ထပ် ၆ လကနေ ၁ နှစ်အထိ ဗီဇာသက်တမ်း တိုးခွင့်ပြုမှာ ဖြစ်တယ်လို့လည်း Nikkei Asia ဂျပန်သတင်းဌာနက ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံသားတွေ ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ လျှောက်လွှာတွေနဲ့ ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့် လျှောက်လွှာတွေကို စိစစ်မှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့လည်း စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၃ သောင်းခွဲကျော် ရှိနေပြီး၊ မတ်လကုန်အထိ စာရင်းတွေအရ ၂၉၄၄ ယောက်က ခိုလှုံခွင့်လျှောက်ထားသူတွေ ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်း အမေရိကန်ကလည်း ဒီတပတ်ထဲမှာပဲ ခွင့်ပြုထားပါတယ်။ ယာယီကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံအဖြစ် အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မေလ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် မေလ ၂၅ ရက်နေ့ကစ ၆ လအတွင်း လျှောက်ထားဖို့ ဒီတပတ်ထဲမှာပဲ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG