သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG အမ်ဳိးသားညီညြတ္ေရးအစုိးရ ႏုိင္ငံတကာ ေထာက္ခံမႈရေရး ျမန္မာ့အေရး လႈပ္ရွားသူေတြ ေတာင္းဆုိ


ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ ေထာက္ခံပြဲ။ (ေမ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လုံၿခံဳေရးအာဏာပုိင္ေတြရဲ႕ ၿဖိဳခြင္းမႈေတြၾကားကပဲ စစ္အာဏာသိမ္းမႈအေပၚ ဆက္လက္ ဆန္႔က်င္ေနသူေတြကုိ အားေပးတဲ့အေနနဲ႔ အေမရိကန္ အပါအဝင္ ျပည္ပႏုိင္ငံေတြမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ စေနေန႔က စုေဝးလႈပ္ရွားၾကပါတယ္။ NUG အမ်ဳိးသားညီညြတ္ေရး အစိုးရကို ႏိုင္ငံတကာ အသုိင္းအဝန္းက ေထာက္ခံမႈ ရရွိဖုိ႔ကုိလည္း အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပႏုိင္ငံတခ်ဳိ႕မွာ ေတာင္းဆို ဆႏၵျပခဲ့ၾကတာပါ။ အျပည့္အစုံကုိေတာ့ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ ေမလ ၂၂ ရက္ စေနေန႔က က်င္းပတဲ့ ဆႏၵျပ ေတာင္းဆိုပဲြမွာ အေမရိကန္ ျပည္နယ္တခ်ဳိ႕က ျမန္မာႏိုင္ငံသားေတြပါ ရာနဲ႔ခ်ီ လာေရာက္ပူးေပါင္းၿပီး ျမန္မာသံ႐ုံး၊ ျမန္မာစစ္သံ႐ုံးနဲ႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ေရွ႕တို႔မွာ စုေဝးခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။

NUG ၾကားကာလအစိုးရကို အေမရိကန္အစိုးရက အသိအမွတ္ျပဳလာေအာင္ သူတို႔အေနနဲ႔ ႀကဳိးပမ္းေနေၾကာင္း ဆႏၵျပပဲြမွာပါတဲ့ ေမရီလန္းျပည္နယ္က ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူ ေဒၚျမတ္ယဥ္ေခ်ာက ေျပာပါတယ္။

"ဒီေန႔ကေတာ့ က်မတို႔ NUG ေထာက္ခံပဲြ ဆိုၿပီးေတာ့ အေမရိကန္ႏို္င္ငံတြင္း အျခားျပည္နယ္ေတြမွာရွိတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ဒီ ဝါရွင္တန္ဒီစီကုိ လာေရာက္ၿပီး ဆႏၵထုတ္ေဖာ္ ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။ သမၼတ ဂ်ဳိးဘိုင္ဒန္ အေနနဲ႔ NUG အစိုးရကို ေထာက္ခံဖို႔၊ အသိအမွတ္ျပဳေပးဖို႔ေနာ္ အဓိကထား ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။ က်မသိသေလာက္ ခုခ်ိန္မွာ အေမရိကန္ တုံ႔ျပန္မႈေတြကလည္း ေကာင္းပါတယ္။ က်မတို႔က ေအာက္လႊတ္ေတာ္အမတ္ေတြကို စာေရးေပးပို႔တဲ့အခါမွာ သူတို႔ အေၾကာင္းျပန္တယ္၊ ဒါကို အေလးထားၿပီး ေဆာင္ရြက္ေနတယ္ဆိုတဲ့ တုံ႔ျပန္မႈကို အရင္ကာလထက္ က်မတို႔ ပိုေတြ႔ရတယ္။ ဒါေၾကာင့္ က်မတို႔ အားတက္တယ္။ တကယ့္ရလဒ္ကေတာ့ ဆုံးျဖတ္မယ့္သူေတြရဲ႕ အပိုင္းပါ။"

ဝါရွင္တန္ဒီစီက ဆႏၵျပပဲြမွာ မိသားစုနဲ႔အတူ ပါဝင္ဆင္ႏႊဲတဲ့ နယူးေယာက္ၿမဳိ႕က ဦးမုိးခ်မ္းကလည္း NUG အစိုးရကို ဒီအခ်ိန္မွာ သူတို႔ ဘာေၾကာင့္ ေထာက္ခံမႈျပရသလဲ ဆိုတာကို ရွင္းျပပါတယ္။

"အဓိကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြ ရလဒ္ေပၚ မူတည္ၿပီးမွ ျပည္သူ ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရကို က်ေနာ္တို႔ ဝိုင္းဝန္းေပးရမယ့္ တာဝန္ရွိပါတယ္။ ဆိုေတာ့ ခုခ်ိန္မွာ စစ္ေကာင္စီက အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ကို ဖ်က္သိမ္းမယ္ဆိုတဲ့ အေနအထားမ်ဳိး အဆုိးဆုံးထိ သူတို႔ လုပ္လာႏိုင္တာကို စဥ္းစားထားၿပီးသားပါ။ ဆုိေတာ့ ဒီကိစၥေတြ မၿပီးမခ်င္းကေတာ့ ျပည္သူလူထုက ႐ုန္းကန္ေနမွာပဲ၊ ေတာ္လွန္ေနမွာပဲ၊ ျပည္သူကေတာ့ ခုခံေနမွာပါပဲ။"

မက္ဆာခ်ဴးဆက္ျပည္နယ္ကေန မိုင္ေပါင္း ၄၃၀ ေက်ာ္ခရီးကို ကားေမာင္းလာၿပီး ဝါရွင္တန္ဒီစီက ဆႏၵျပပဲြမွာ ပူးေပါင္းလႈပ္ရွားခဲ့သူ ေဘာ့စတြန္ၿမဳိ႕ သပိတ္စစ္ေၾကာင္းထဲက ရွမ္းတိုင္းရင္းသား စိုင္းလုေက်ာ္ကေတာ့ ဒီစီမွာ ဆႏၵလာျပရတဲ့ အေၾကာင္းကို ေျပာပါတယ္။

"က်ေနာ္တို႔ ေဘာ္စတြန္အေနနဲ႔ ဒါ ပထမဦးဆုံး ေဘာ္စတြန္စစ္ေၾကာင္း ဆိုၿပီးေတာ့မွ ဝါရွင္တန္ဒီစီမွာရွိတဲ့ က်ေနာ္တို႔ရဲ႕ ၈၈ တုန္းက ရဲေဘာ္ေတြ ဦးေဆာင္လုပ္တဲ့ပဲြမွာ လာေရာက္ ပူးေပါင္းၾကတာပါ။ ရည္ရြယ္ခ်က္ကေတာ့ NUG အစိုးရကို အျပည့္အဝ ေထာက္ခံပါတယ္ ဆိုတဲ့အေၾကာင္း၊ ျပည္တြင္းမွာ တိုက္ပဲြဝင္ေနတဲ့ ရဲေဘာ္ေတြ၊ ျပည္သူေတြနဲ႔ တသားတည္း ရွိေနတယ္ဆိုတဲ့ အေၾကာင္းကို လာၿပီး အင္အားျပတာပါ။"

ဒီစီၿမဳိ႕ ဆႏၵျပပဲြမွာ တိုင္းရင္းသားမ်ဳိးစုံ စုေပါင္းပါဝင္တာ ေတြ႔ရၿပီး ဒီစီ၊ ေမရီလန္း၊ ဗာဂ်ီးနီးယား၊ နယူးေယာက္၊ ကယ္လီဖိုးနီးယား၊ အင္ဒီယားနား၊ မက္ဆာခ်ဴးဆက္နဲ႔ ေျမာက္ကယ္႐ုိလုိင္းနား အစရွိတဲ့ ျပည္နယ္ေတြက ျမန္မာေတြ လာေရာက္ ဆႏၵျပခဲ့ၾကတာပါ။

အေမရိကန္ျပည္ေထာင္စုမွာလိုပဲ ကေနဒါႏိုင္ငံမွာလည္း ျမန္မာနဲ႔ တိုင္းရင္းသားေတြ စုေဝးၿပီး ဗန္ကူးဗားၿမဳိ႕လယ္ေခါင္ ျပည္သူ႔စာၾကည့္တိုက္ေရွ႕မွာ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပဲြမွာပါတဲ့ ျမန္မာ့အေရး လႈပ္ရွားသူ ကိုေက်ာ္ေဇယ် ေျပာတာက ...

"အဓိကကေတာ့ NUG အစိုးရကို က်ေနာ္တို႔ လုံးဝ အျပည့္အဝ ေထာက္ခံေနပါတယ္။ NUG အစိုးရ လက္ေအာက္မွာ သူတို႔ရဲ႕ ညႊန္ၾကားမႈအတုိင္း က်ေနာ္တို႔ ရရာ အခန္းက႑ကေနၿပီးေတာ့ ပါဝင္ ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ အဆင္သင့္ျဖစ္တယ္ ဆိုတာကို ဗန္ကူးဗားေရာက္ ျမန္မာမိသားစုေတြနဲ႔အတူ Gen-Z, X, Y အကုန္လုံးေပါင္းၿပီး ႏွစ္ပတ္တခါတုိင္း ကေနဒါမွာ ဆႏၵထုတ္ေဖာ္ေနတာ ျဖစ္ပါတယ္။"

အလားတူ ဥေရာပတိုက္ထဲက ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမဳိ႕မွာလည္း စေနေန႔က ျမန္မာသံ႐ုံးေရွ႕ ဆႏၵျပခဲ့ၾကတယ္လို႔ ကိုယ္တိုင္ပါဝင္သူ ကုိမင္းဟိန္းက ေျပာပါတယ္။

"ဒီေန႔ စစ္ေကာင္စီရဲ႕ ျမန္မာသံ႐ုံးေရွ႕မွာ ၃ နာရီခဲြကေန ၄ နာရီခြဲအတြင္း ဆႏၵျပခဲ့ပါတယ္။ က်ေနာ္တို႔က အေမစု လြတ္ေျမာက္ေရး၊ မတရား အဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြ၊ ျပည္သူေတြ လြတ္ေျမာက္ေရးကို ေတာင္းဆိုပါတယ္။ အထူးသျဖင့္ လန္ဒန္မွာရွိတဲ့ ျမန္မာသံ႐ုံးကုိ စစ္ေကာင္စီက သိမ္းထားလိုက္တဲ့အတြက္ ျပည္သူကုိ ျပန္ေပးဆိုၿပီး ေတာင္းဆိုခဲ့ၾကပါတယ္။"

ဥေရာပတိုက္ထဲက နယ္သာလန္ႏိုင္ငံေရာက္ ျမန္မာေတြကေတာ့ ျမန္မာႏိုင္ငံက တုိင္းရင္းသားေဒသ တခ်ဳိ႕မွာ No Fly Zone (ေလယာဥ္ပ်ံသန္းမႈ တားျမစ္နယ္ေျမ) အျဖစ္ ႏိုင္ငံတကာက သတ္မွတ္လာေစေရး တုိက္တြန္းတဲ့ လႈပ္ရွားမႈကုိ အမ္စတာဒမ္ၿမဳိ႕ လူစည္ကားတဲ့ ျပတိုက္ေတြေရွ႕မွာ လုပ္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။

"ျပည္တြင္းစစ္မွာ သူတို႔ ဒီေလယာဥ္ေတြ၊ ဒုံးက်ည္ေတြကို သုံးေနတာ ေတြ႔ရတယ္။ အျပစ္မဲ့ ျပည္သူေတြရဲ႕ အိုးအိမ္ေတြကို ဒုံးက်ည္နဲ႔ထုတယ္၊ ေလယာဥ္နဲ႔ပစ္တယ္။ အဲဒါအတြက္ က်ေနာ္တို႔ ေတာင္းဆိုေနတာ ျဖစ္တယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ အေဝးမွာေရာက္ေနေပမယ့္ ဒါေတြကို ခံစားရတယ္။"

အေရွ႕အာရွေဒသျဖစ္တဲ့ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြမွာေတာ့ ျမန္မာျပည္တြင္း လိုအပ္သူေတြထံ ကူညီေထာက္ပံ့တဲ့ ရန္ပုံေငြ စုေဆာင္း ေပးပို႔လွဴဒါန္းမႈေတြကို ဒီရက္ပိုင္းအတြင္း လုပ္ေဆာင္ေနတာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတကာ ထောက်ခံမှုရရေး မြန်မာ့အရေး လှုပ်ရှားသူတွေ တောင်းဆို

မြန်မာနိုင်ငံမှာ လုံခြုံရေးအာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုတွေကြားကပဲ စစ်အာဏာသိမ်းမှုအပေါ် ဆက်လက် ဆန့်ကျင်နေသူတွေကို အားပေးတဲ့အနေနဲ့ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ စနေနေ့က စုဝေးလှုပ်ရှားကြပါတယ်။ NUG အမျိုးသားညီညွတ်ရေး အစိုးရကို နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ခံမှု ရရှိဖို့ကိုလည်း အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတချို့မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ မေလ ၂၂ ရက် စနေနေ့က ကျင်းပတဲ့ ဆန္ဒပြ တောင်းဆိုပွဲမှာ အမေရိကန် ပြည်နယ်တချို့က မြန်မာနိုင်ငံသားတွေပါ ရာနဲ့ချီ လာရောက်ပူးပေါင်းပြီး မြန်မာသံရုံး၊ မြန်မာစစ်သံရုံးနဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တို့မှာ စုဝေးချီတက် ဆန္ဒပြခဲ့ကြတာပါ။

NUG ကြားကာလအစိုးရကို အမေရိကန်အစိုးရက အသိအမှတ်ပြုလာအောင် သူတို့အနေနဲ့ ကြိုးပမ်းနေကြောင်း ဆန္ဒပြပွဲမှာပါတဲ့ မေရီလန်းပြည်နယ်က မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မြတ်ယဉ်ချောက ပြောပါတယ်။

"ဒီနေ့ကတော့ ကျမတို့ NUG ထောက်ခံပွဲ ဆိုပြီးတော့ အမေရိကန်နိုင်ငံတွင်း အခြားပြည်နယ်တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေလည်း ဒီ ဝါရှင်တန်ဒီစီကို လာရောက်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုကြတာ ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ NUG အစိုးရကို ထောက်ခံဖို့၊ အသိအမှတ်ပြုပေးဖို့နော် အဓိကထား တောင်းဆိုကြတာ ဖြစ်ပါတယ်။ ကျမသိသလောက် ခုချိန်မှာ အမေရိကန် တုံ့ပြန်မှုတွေကလည်း ကောင်းပါတယ်။ ကျမတို့က အောက်လွှတ်တော်အမတ်တွေကို စာရေးပေးပို့တဲ့အခါမှာ သူတို့ အကြောင်းပြန်တယ်၊ ဒါကို အလေးထားပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ တုံ့ပြန်မှုကို အရင်ကာလထက် ကျမတို့ ပိုတွေ့ရတယ်။ ဒါကြောင့် ကျမတို့ အားတက်တယ်။ တကယ့်ရလဒ်ကတော့ ဆုံးဖြတ်မယ့်သူတွေရဲ့ အပိုင်းပါ။"

ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ေထာက္ခံဆႏၵျပပြဲ။ (ေမ ၂၂၊ ၂၀၂၁)
ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ေထာက္ခံဆႏၵျပပြဲ။ (ေမ ၂၂၊ ၂၀၂၁)

ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာ မိသားစုနဲ့အတူ ပါဝင်ဆင်နွှဲတဲ့ နယူးယောက်မြို့က ဦးမိုးချမ်းကလည်း NUG အစိုးရကို ဒီအချိန်မှာ သူတို့ ဘာကြောင့် ထောက်ခံမှုပြရသလဲ ဆိုတာကို ရှင်းပြပါတယ်။

"အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပေါ် မူတည်ပြီးမှ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ကျနော်တို့ ဝိုင်းဝန်းပေးရမယ့် တာဝန်ရှိပါတယ်။ ဆိုတော့ ခုချိန်မှာ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းမယ်ဆိုတဲ့ အနေအထားမျိုး အဆိုးဆုံးထိ သူတို့ လုပ်လာနိုင်တာကို စဉ်းစားထားပြီးသားပါ။ ဆိုတော့ ဒီကိစ္စတွေ မပြီးမချင်းကတော့ ပြည်သူလူထုက ရုန်းကန်နေမှာပဲ၊ တော်လှန်နေမှာပဲ၊ ပြည်သူကတော့ ခုခံနေမှာပါပဲ။"

မက်ဆာချူးဆက်ပြည်နယ်ကနေ မိုင်ပေါင်း ၄၃၀ ကျော်ခရီးကို ကားမောင်းလာပြီး ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာ ပူးပေါင်းလှုပ်ရှားခဲ့သူ ဘော့စတွန်မြို့ သပိတ်စစ်ကြောင်းထဲက ရှမ်းတိုင်းရင်းသား စိုင်းလုကျော်ကတော့ ဒီစီမှာ ဆန္ဒလာပြရတဲ့ အကြောင်းကို ပြောပါတယ်။

"ကျနော်တို့ ဘော်စတွန်အနေနဲ့ ဒါ ပထမဦးဆုံး ဘော်စတွန်စစ်ကြောင်း ဆိုပြီးတော့မှ ဝါရှင်တန်ဒီစီမှာရှိတဲ့ ကျနော်တို့ရဲ့ ၈၈ တုန်းက ရဲဘော်တွေ ဦးဆောင်လုပ်တဲ့ပွဲမှာ လာရောက် ပူးပေါင်းကြတာပါ။ ရည်ရွယ်ချက်ကတော့ NUG အစိုးရကို အပြည့်အဝ ထောက်ခံပါတယ် ဆိုတဲ့အကြောင်း၊ ပြည်တွင်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ ပြည်သူတွေနဲ့ တသားတည်း ရှိနေတယ်ဆိုတဲ့ အကြောင်းကို လာပြီး အင်အားပြတာပါ။"

ဒီစီမြို့ ဆန္ဒပြပွဲမှာ တိုင်းရင်းသားမျိုးစုံ စုပေါင်းပါဝင်တာ တွေ့ရပြီး ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အင်ဒီယားနား၊ မက်ဆာချူးဆက်နဲ့ မြောက်ကယ်ရိုလိုင်းနား အစရှိတဲ့ ပြည်နယ်တွေက မြန်မာတွေ လာရောက် ဆန္ဒပြခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာလိုပဲ ကနေဒါနိုင်ငံမှာလည်း မြန်မာနဲ့ တိုင်းရင်းသားတွေ စုဝေးပြီး ဗန်ကူးဗားမြို့လယ်ခေါင် ပြည်သူ့စာကြည့်တိုက်ရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာပါတဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုကျော်ဇေယျ ပြောတာက ...

"အဓိကကတော့ NUG အစိုးရကို ကျနော်တို့ လုံးဝ အပြည့်အဝ ထောက်ခံနေပါတယ်။ NUG အစိုးရ လက်အောက်မှာ သူတို့ရဲ့ ညွှန်ကြားမှုအတိုင်း ကျနော်တို့ ရရာ အခန်းကဏ္ဍကနေပြီးတော့ ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်တယ် ဆိုတာကို ဗန်ကူးဗားရောက် မြန်မာမိသားစုတွေနဲ့အတူ Gen-Z, X, Y အကုန်လုံးပေါင်းပြီး နှစ်ပတ်တခါတိုင်း ကနေဒါမှာ ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။"

အလားတူ ဥရောပတိုက်ထဲက ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း စနေနေ့က မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတယ်လို့ ကိုယ်တိုင်ပါဝင်သူ ကိုမင်းဟိန်းက ပြောပါတယ်။

"ဒီနေ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးရှေ့မှာ ၃ နာရီခွဲကနေ ၄ နာရီခွဲအတွင်း ဆန္ဒပြခဲ့ပါတယ်။ ကျနော်တို့က အမေစု လွတ်မြောက်ရေး၊ မတရား အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ လွတ်မြောက်ရေးကို တောင်းဆိုပါတယ်။ အထူးသဖြင့် လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကို စစ်ကောင်စီက သိမ်းထားလိုက်တဲ့အတွက် ပြည်သူကို ပြန်ပေးဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။"

ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံရောက် မြန်မာတွေကတော့ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသ တချို့မှာ No Fly Zone (လေယာဉ်ပျံသန်းမှု တားမြစ်နယ်မြေ) အဖြစ် နိုင်ငံတကာက သတ်မှတ်လာစေရေး တိုက်တွန်းတဲ့ လှုပ်ရှားမှုကို အမ်စတာဒမ်မြို့ လူစည်ကားတဲ့ ပြတိုက်တွေရှေ့မှာ လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

"ပြည်တွင်းစစ်မှာ သူတို့ ဒီလေယာဉ်တွေ၊ ဒုံးကျည်တွေကို သုံးနေတာ တွေ့ရတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဒုံးကျည်နဲ့ထုတယ်၊ လေယာဉ်နဲ့ပစ်တယ်။ အဲဒါအတွက် ကျနော်တို့ တောင်းဆိုနေတာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အဝေးမှာရောက်နေပေမယ့် ဒါတွေကို ခံစားရတယ်။"

အရှေ့အာရှဒေသဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ မြန်မာပြည်တွင်း လိုအပ်သူတွေထံ ကူညီထောက်ပံ့တဲ့ ရန်ပုံငွေ စုဆောင်း ပေးပို့လှူဒါန်းမှုတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG