သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကို ဖြံ႔ၿဖိဳးေရးအကူအညီေတြ ဆက္ေပးသင့္မသင့္ ဂ်ပန္စဥ္းစား


ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi (REUTERS/Issei Kato/File)

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံရဲ႕အေျခအေန တုိးတက္မႈမရွိဘူးဆုိရင္ ဂ်ပန္ႏုိင္ငံအေနနဲ႔ ျမန္မာႏုိင္ငံကိုေပးေနတဲ့ အကူအညီေတြကို ျပန္စဥ္းစားသြားရမွာ ျဖစ္သလို ပုဂၢလိကရင္းႏွီးျမွဳပ္ႏွံမႈေတြလည္း ျဖစ္လာႏုိင္ေခ်မရွိႏုိင္ဘူးလို႔ ဂ်ပန္ႏုိင္ငံျခား၀န္ႀကီး Toshimitsu Motegi က ဒီေန႔ ေမလ ၂၁ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။

“ဒီအေျခအေနအတုိင္း ဆက္ၿပီး သြားေနမယ္ဆုိရင္၊ ODA လို႔ေခၚတဲ့ တရားဝင္ ဖြံ႔ၿဖိဳးတုိးတက္ေရး အကူအညီေတြကို ျပန္စဥ္းစားတာ ဒါမွမဟုတ္ သူတုိ႔ဘက္က ဆႏၵရွိတယ္ဆုိရင္လည္း ပုဂၢလိကကုမၸဏီေတြ အေနနဲ႔ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္လာႏုိင္မွာ မဟုတ္ပါဘူး။” လို႔ ဂ်ပန္နုိင္ငံျခားေရး၀န္ႀကီးက ေျပာသြားတာပါ။

ဂ်ပန္ႏုိင္ငံဟာ ျမန္မာႏုိင္ငံရဲ႕ မိတ္ေဆြႏုိင္ငံျဖစ္တဲ့အျပင္ ျမန္မာ့ ဒီမိုကေရစီေရး လုပ္ငန္းစဥ္ေတြကို အကူအညီ မ်ိဳးစုံေပးေနတဲ့ ႏုိင္ငံျဖစ္တာနဲ႔အမွ်၊ ျမန္မာႏုိင္ငံကို ဒီအခ်က္ေတြ ရွင္းရွင္းလင္းလင္း ေျပာဖို႔လိုအပ္တယ္လုိ႔ ယုံၾကည္ေၾကာင္း သူကေျပာပါတယ္။ ဂ်ပန္ႏုိင္ငံရဲ႕ ကုမၸဏီႀကီးေတြဟာလည္း ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို အေတာ္ေလးကို ခ်ဲ႕ထြင္လုပ္ကိုင္လာခဲ့တာ ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ထည့္မေျပာေပမဲ့၊ ျမန္မာႏုိင္ငံမွာ လက္ရွိ ရွိေနတဲ့ လုပ္ငန္းေတြအျပင္ ျမန္မာႏုိင္ငံကိုေပးေနတဲ့ အကူအညီေတြ အားလုံးကို ျဖတ္ေတာက္သြားဖို႔ ဆႏၵရွိေၾကာင္း ဂ်ပန္ႏုိင္ငံရဲ႕ Nikkei သတင္းစာက သူ႔ကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ျမန္မာႏုိင္ငံကို ေနာက္ထပ္အကူအညီသစ္ေတြေပးဖို႔ ေဆြးေႏြးေနတာေတြကိုေတာ့ ဂ်ပန္ႏုိင္ငံဘက္က ရပ္ဆုိင္းထားပါတယ္။

...........................................

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးToshimitsu Motegi
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုပေးနေတဲ့ အကူအညီတွေကို ပြန်စဉ်းစားသွားရမှာ ဖြစ်သလို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်လာနိုင်ချေမရှိနိုင်ဘူးလို့ ဂျပန်နိုင်ငံခြားဝန်ကြီး Toshimitsu Motegi က ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

“ဒီအခြေအနေအတိုင်း ဆက်ပြီး သွားနေမယ်ဆိုရင်၊ ODA လို့ခေါ်တဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ပြန်စဉ်းစားတာ ဒါမှမဟုတ် သူတို့ဘက်က ဆန္ဒရှိတယ်ဆိုရင်လည်း ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနိုင်မှာ မဟုတ်ပါဘူး။” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့အပြင် မြန်မာ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို အကူအညီ မျိုးစုံပေးနေတဲ့ နိုင်ငံဖြစ်တာနဲ့အမျှ၊ မြန်မာနိုင်ငံကို ဒီအချက်တွေ ရှင်းရှင်းလင်းလင်း ပြောဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီကြီးတွေဟာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အတော်လေးကို ချဲ့ထွင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ထည့်မပြောပေမဲ့၊ မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေတဲ့ လုပ်ငန်းတွေအပြင် မြန်မာနိုင်ငံကိုပေးနေတဲ့ အကူအညီတွေ အားလုံးကို ဖြတ်တောက်သွားဖို့ ဆန္ဒရှိကြောင်း ဂျပန်နိုင်ငံရဲ့ Nikkei သတင်းစာက သူ့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံကို နောက်ထပ်အကူအညီသစ်တွေပေးဖို့ ဆွေးနွေးနေတာတွေကိုတော့ ဂျပန်နိုင်ငံဘက်က ရပ်ဆိုင်းထားပါတယ်။

XS
SM
MD
LG