(Zawgyi/Unicode)
စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့ လႈပ္ရွားမႈႀကီးကို တညီတၫြတ္တည္းျဖစ္ဖို႔ ေရရွည္ခိုင္မာတဲ့ ဒီမိုကေရစီစနစ္ ရရွိဖို႔ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရေခါင္းေဆာင္ေတြရဲ႕ တာ၀န္အေရးပါေၾကာင္း အေမရိကန္ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ ရီပါပလင္ကန္ ဝါရင့္လႊတ္ေတာ္အမတ္ Mitch McConnell ကေျပာၾကားလိုက္ပါတယ္။
အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီအေျခစိုက္ The heritage foundation က ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရကိုယ္စားလွယ္ေတြနဲ႔ ဗြီဒီယိုကြန္ဖရင့္ေဆြးေႏြးပဲြမွာ သူက ေျပာဆိုခဲ့တာျဖစ္ပါတယ္။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။
NUG အစိုးရ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ႏိုင္ငံတကာအထူးကိုယ္စားလွယ္ ဦးထင္လင္းေအာင္တို႔ပါ၀င္တဲ့ အေမရိကန္လႊတ္ေတာ္အမတ္ေတြနဲ႔ ဗြီဒီယိုကြန္ဖရင့္ေဆြးေႏြးပဲြမွာ ရီပါပလင္ကန္ အထက္လႊတ္ေတာ္အမတ္ Mitch McConnell က ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီစနစ္အေပၚ သႏၷိ႒ာန္ခိုင္မာမႈကို အခုလိုေျပာဆိုသြားပါတယ္။
“ဒီကေန႔ ေခတ္ျမန္မာျပည္မွာ ဖိႏွိ္ပ္ေနတဲ့စစ္ဗိုလ္ခ်ဳပ္ေတြဟာ သူ႔ႏိုင္ငံသားေတြၾကားရွိလာတဲ့ အားတက္ဖြယ္ေကာင္းတဲ့ အင္အားသစ္တခုကို ရင္ဆိုင္ေနရပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းကေတာ့ ျမန္မာျပည္သူေတြရဲ႕ ေနာက္ကြယ္ကေန တေပါင္းတစည္းတည္းျဖစ္ဖို႔ ေႏွးေကြးေနတာေတာင္ သူတို႔ေတြဟာ တိုင္းျပည္ရဲ႕ အနက္ရွဳိင္းဆံုးတိုင္းရင္းသားကဲြျပားမႈေတြကို ကုစားႏိုင္တဲ့ အလားအလာရွိေၾကာင္း ျပသခဲ့ၾကပါတယ္။ စစ္ေကာင္စီရဲ႕ သူရဲေဘာေၾကာင္မႈ၊ လူႀကီး လူငယ္မေရြး သတ္ျဖတ္မႈေတြနဲ႕ ျပဒါးတလမ္း သံတလမ္းစီ သူတို႔ရဲ႕ ရဲစြမ္းသတၱိနဲ႕ လြတ္လပ္မႈအေပၚ သႏၷိ႒ာန္ခိုင္မာမႈကို ျမန္မာျပည္သူေတြ ျပသခဲ့ပါတယ္။”
ဒါအျပင္ NUG ရဲ႕ အခန္းက႑နဲ႔ ပတ္သက္လို႔လည္း သူက အခုလို သံုးသပ္ပါတယ္။
“ဒီလႈပ္ရွားမႈ ျဖစ္ေပၚလာတဲ့အခါမွာ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ေရွ႕ေမွာက္ အေရးႀကီးတဲ့ တာ၀န္ကို ထမ္းေဆာင္ရဖို႔ရွိလာပါလိမ့္မယ္။ ျမန္မာျပည္သူအားလံုးအတြက္ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ဒီမိုကေရစီစနစ္ရဖို႔ စစ္တပ္အာဏာသိမ္းမႈအေပၚ က်ယ္က်ယ္ျပန္႔ျပန္႔ဆန္႔က်င္မႈေတြကို တညီတၫြတ္တည္းလႈပ္ရွားမႈ အျဖစ္ ေျပာင္းလဲရမွာျဖစ္ပါတယ္။ ျမန္မာ့စီးပြားေရး၊ ဖဲြ႕စည္းပံုအေျခခံဥပေဒနဲ႔ လံုျခံဳေရးဆိုင္ရာ အဖဲြ႕အစည္း စတဲ့ အခ်ိန္ၾကာျမင့္စြာကတည္းက ျပဳျပင္ေျပာင္းလဲဖို႔ လိုေနတာေတြ အျမန္ဆံုးအေကာင္အထည္ေဖၚရမွာျဖစ္ပါတယ္။ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးကသာ ဒီမိုကေရစီအနာဂတ္ကို ဦးတည္မယ့္ တခုတည္းေသာလမ္းေၾကာင္း အမွန္ျဖစ္တယ္ဆိုတာျပသရမွာျဖစ္ပါတယ္။”
ျမန္မာႏိုင္ငံကိစၥနဲ႔ ပတ္သက္လို႔ သမၼတ ဘိုင္ဒန္အစိုးရအဖဲြ႕နဲ႔ အနီးကပ္ ဆက္သြယ္ေဆာင္ရြက္ခဲ့တယ္လို႔လည္း အထက္လႊတ္ေတာ္အမတ္ Mitch McConnell ကေျပာပါတယ္။
“ က်ေနာ္အေနနဲ႔ ျမန္မာနဲ႔ ပတ္သက္လို႔ ဘိုင္ဒန္အစိုးရနဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ေနတပါတယ္။ စစ္ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထားပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္ေနခ်ိန္မွာ သူတို႔ကို ဘယ္လိုဆန္႔က်င္တဲ့နည္းလမ္းေတြ အေကာင္းဆံုးျဖစ္မလဲ၊ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြရဲ႕ ၀င္ေငြေတြကို တိုက္႐ိုက္ထိခိုက္ႏိုင္တဲ့ ပို႔ကုန္လိုင္စင္ေတြကို ပိတ္ပင္ဖို႔ စတာေတြကို ဘိုင္ဒန္အစိုးရနဲ႔ ေဆြးေႏြးျဖစ္ပါတယ္။”
ဒါအျပင္ ဘိုင္ဒန္အစိုးရအေနနဲ႔ အလ်င္အျမန္တုံ႔ျပန္ဖို႔ သူ႔အေနနဲ႔ အားေပးခဲ့တယ္လို႔လည္း ေျပာပါတယ္။ အခုဆိုရင္ စစ္ေကာင္စီဟာ China၊ Russia၊ Iran၊ North Korea၊ Venezuela၊ Cuba၊ Syria စတဲ့ အာဏာရွင္အစိုးရႏိုင္ငံေတြစာရင္းမွာ ပါေနၿပီး စစ္ေရးအရ အတင္းက်ပ္ဆံုး ထိန္းခ်ဳပ္ရမယ့္ ႏိုင္ငံေတြထဲမွာ ပါေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ထင္ရွားတဲ့ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ သူတို႔ရဲ႕ စီးပြားေရး ကုမၸဏီေတြကိုလည္း အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အေရးယူ ပိတ္ဆို႔ထားေၾကာင္းလည္း Mitch McConnell ကဆိုပါတယ္။
တဖက္မွာလည္း ကုလသမဂၢလံုၿခံဳေရးေကာင္စီကေန ျမန္မာအေပၚ လက္နက္ေရာင္းခ်မႈကို ပိတ္ပင္တဲ့ ထိေရာက္ၿပီး ပိုမိုျပင္းထန္တဲ့အေရးယူမႈေတြ ခ်မွတ္ေဆာင္ရြက္ဖို႔ ျမန္မာျပည္သူေတြက ေစာင့္ေမွ်ာ္ေနတဲ့အေၾကာင္းလည္း သူကေျပာသြားပါတယ္။ ဒါေပမဲ့ တ႐ုတ္နဲ႔ ႐ုရွားက လံုျခံဳေရးေကာင္စီမွာ ျမန္မာအေပၚ အေရးယူေရးကိစၥကို တားဆီးေနတာ၊ တ႐ုတ္က အီမန္ီးခ်င္းေကာင္းမပီသတ စတာေတြဟာ ကိုယ့္ႏိုင္ငံရဲ႕ အက်ဳိးစီးပြားေရးကိုပဲၾကည့္ေနတာျဖစ္တယ္လို႔ Mitch McConnell က ျပင္းျပင္းထန္ထန္ေ၀ဖန္ေျပာဆိုသြားပါတယ္။
ဒီအေတာအတြင္းမွာပဲ အမ်ိဳးသား ညီၫြတ္ေရး NUG အစိုးရရဲ႕ ခ်က္သမၼတႏိုင္ငံဆိုင္ရာ ျမန္မာကိုယ္စားလွယ္ ဦးလင္းသန႔္ကို ခ်က္သမၼတ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လက္ခံ အသိအမွတ္ျပဳ ဂုဏ္ယူေၾကာင္း ေမလ ၂၄ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဒီလို အသိမွတ္ျပဳတာဟာ အမ်ိဳးသားညီၫႊတ္ေရး အစိုးရ ရဲ႕ ကိုယ္စားလွယ္ကို ႏိုင္ငံတကာက ပထမဆုံး အသိအမွတ္ျပဳတာျဖစ္ပါတယ္။
..............
NUG ရဲ့အခန်းကဏ္ဍ ကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင် အလေးထား
(Unicode)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုကြီးကို တညီတညွတ်တည်းဖြစ်ဖို့ ရေရှည်ခိုင်မာတဲ့ ဒီမိုကရေစီစနစ် ရရှိဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေရဲ့ တာဝန်အရေးပါကြောင်း အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပါပလင်ကန် ဝါရင့်လွှတ်တော်အမတ် Mitch McConnell ကပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် The heritage foundation က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နိုင်ငံတကာအထူးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့ပါဝင်တဲ့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲမှာ ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်အပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို အခုလိုပြောဆိုသွားပါတယ်။
“ဒီကနေ့ ခေတ်မြန်မာပြည်မှာ ဖိနှိပ်နေတဲ့စစ်ဗိုလ်ချုပ်တွေဟာ သူ့နိုင်ငံသားတွေကြားရှိလာတဲ့ အားတက်ဖွယ်ကောင်းတဲ့ အင်အားသစ်တခုကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာပြည်သူတွေရဲ့ နောက်ကွယ်ကနေ တပေါင်းတစည်းတည်းဖြစ်ဖို့ နှေးကွေးနေတာတောင် သူတို့တွေဟာ တိုင်းပြည်ရဲ့ အနက်ရှိုင်းဆုံးတိုင်းရင်းသားကွဲပြားမှုတွေကို ကုစားနိုင်တဲ့ အလားအလာရှိကြောင်း ပြသခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ သူရဲဘောကြောင်မှု၊ လူကြီး လူငယ်မရွေး သတ်ဖြတ်မှုတွေနဲ့ ပြဒါးတလမ်း သံတလမ်းစီ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ လွတ်လပ်မှုအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို မြန်မာပြည်သူတွေ ပြသခဲ့ပါတယ်။”
ဒါအပြင် NUG ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း သူက အခုလို သုံးသပ်ပါတယ်။
“ဒီလှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ရှေ့မှောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရဖို့ရှိလာပါလိမ့်မယ်။ မြန်မာပြည်သူအားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီစနစ်ရဖို့ စစ်တပ်အာဏာသိမ်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်မှုတွေကို တညီတညွတ်တည်းလှုပ်ရှားမှု အဖြစ် ပြောင်းလဲရမှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း စတဲ့ အချိန်ကြာမြင့်စွာကတည်းက ပြုပြင်ပြောင်းလဲဖို့ လိုနေတာတွေ အမြန်ဆုံးအကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကသာ ဒီမိုကရေစီအနာဂတ်ကို ဦးတည်မယ့် တခုတည်းသောလမ်းကြောင်း အမှန်ဖြစ်တယ်ဆိုတာပြသရမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့နဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်း အထက်လွှတ်တော်အမတ် Mitch McConnell ကပြောပါတယ်။
“ ကျနော်အနေနဲ့ မြန်မာနဲ့ ပတ်သက်လို့ ဘိုင်ဒန်အစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတပါတယ်။ စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုအသစ်တွေ ချမှတ်နေချိန်မှာ သူတို့ကို ဘယ်လိုဆန့်ကျင်တဲ့နည်းလမ်းတွေ အကောင်းဆုံးဖြစ်မလဲ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေတွေကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ပို့ကုန်လိုင်စင်တွေကို ပိတ်ပင်ဖို့ စတာတွေကို ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးဖြစ်ပါတယ်။”
ဒါအပြင် ဘိုင်ဒန်အစိုးရအနေနဲ့ အလျင်အမြန်တုံ့ပြန်ဖို့ သူ့အနေနဲ့ အားပေးခဲ့တယ်လို့လည်း ပြောပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ China၊ Russia၊ Iran၊ North Korea၊ Venezuela၊ Cuba၊ Syria စတဲ့ အာဏာရှင်အစိုးရနိုင်ငံတွေစာရင်းမှာ ပါနေပြီး စစ်ရေးအရ အတင်းကျပ်ဆုံး ထိန်းချုပ်ရမယ့် နိုင်ငံတွေထဲမှာ ပါနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ထင်ရှားတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စီးပွားရေး ကုမ္ပဏီတွေကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူ ပိတ်ဆို့ထားကြောင်းလည်း Mitch McConnell ကဆိုပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာအပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်တဲ့ ထိရောက်ပြီး ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာပြည်သူတွေက စောင့်မျှော်နေတဲ့အကြောင်းလည်း သူကပြောသွားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီမှာ မြန်မာအပေါ် အရေးယူရေးကိစ္စကို တားဆီးနေတာ၊ တရုတ်က အီမန်ီးချင်းကောင်းမပီသတ စတာတွေဟာ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားရေးကိုပဲကြည့်နေတာဖြစ်တယ်လို့ Mitch McConnell က ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုသွားပါတယ်။
ဒီအတောအတွင်းမှာပဲ အမျိုးသား ညီညွတ်ရေး NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို အသိမှတ်ပြုတာဟာ အမျိုးသားညီညွှတ်ရေး အစိုးရ ရဲ့ ကိုယ်စားလှယ်ကို နိုင်ငံတကာက ပထမဆုံး အသိအမှတ်ပြုတာဖြစ်ပါတယ်။